စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗျူဟာမှူးနှင့်စနိုက်ပါသမားအပါအဝင် စကစ ဘက်မှ၇ ့ဦးသေဆုံး
|စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗျူဟာမှူးနှင့်
စနိုကျပါသမား အပါအဝငျ စဈကောငျစီတပျသား ခုနဈဦ…းေ///သ///ဆုံးကွောငျး
ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ယနေ့ ထုတ်ပြန်သည်။
ဒီဇင်ဘာ ၂၂ ရက်က ယင်းမာပင်မြို့ အနောက်ဘက်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
များ အပြင်းအထန် တိုက်ပွဲဖြစ်ရာမှ စစ်ကောင်စီတပ်သားများ ေ…..သ….ဆုံးခဲ့ခြင်း ဖြစ်သည်ဟု
ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ဆိုသည်။
တိုက်ပွဲ ဖြစ်စဉ်တွင် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုမှ အထိအခိုက်
ရရှိသူတစ်ဦးမျှမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယင်းမာပင် မြို့နယ်တွင်းသို့ အကြမ်းဖက်စစ်ကောင်စီက ဒီဇင်ဘာ ၁၉ ရက်ကစ၍ အင်အားတိုးချဲ့ခဲ့ပြီး
ဒီဇင်ဘာ ၂၂ ရက်တွင် ကျေးရွာများကို စစ်ကြောင်းစတင်ထိုးခဲ့သည်။
ထို့ကြောင့် စည်အောင်၊ အောင်ချမ်းအေးနှင့် အောင်ချမ်းသာ ကျေးရွာသုံးရွာမှ ပြည်သူထောင်နှင့်ချီ စစ်ဘေးရှောင်နေရသည်။
ယင်းမာပင်မြို့နယ်သည် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ကို
ခုခံတိုက်ခိုက်နေသည့် ဒေသများအနက် တစ်ခုအပါအဝင် ဖြစ်သည်။
(ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုတပ်သားများကို တွေ့ရစဉ်)