“ယူ 20 ကမ္ဘာဖလားထိ ကစားဖူးတဲ့ မြန်မာ့လက်ရွေးစင် တစ်ဦးရဲ့ လက်ရှိအခြေအနေနဲ့ လက်ရွေးစင် ကစားသမားတွေရဲ့ နောက်ကွယ်က ဘ၀များ”

နန်းဝေမင်း ဘေထုပ်ရောင်းတဲ့ ပုံတွေမြင်တော့ ရင်ထဲမှာတစ်မျိုးကြီးပဲ

သူ့လို ယူ20 ကမ္ဘာဖလားထိ ကစားဖူးတဲ့နာမည်ရှိတဲ့ ကစားသမားတောင် လမ်းဘေးမှာဘေထုပ်ရောင်းနေရပြီဆို နာမည်မရှိတဲ့ကစားသမားတွေ ဘယ်လိုရပ်တည်နေကြမလဲ

ကိုယ့်ပတ်ဝန်းကျင်မှာတော့ လူငယ်လက်ရွေးစင်အထိပါခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်ကတော့ စက်ရုံမှာ နေ့စားဝင်အလုပ်လုပ်ပြီးဘဝကိုရုန်းကန်နေလေရဲ့

လက်ရှိမှာ မြန်မာလိဂ်ကစားသမားတွေ ဘာတွေလုပ်နေကြသလဲ စိတ်ဝင်စားမိတယ်

ပြည်ပထွက်ကစားနေတဲ့သူတွေကလွဲရင်ကျန်ကစားသမားတွေအားလုံး ခက်ခဲနေကြမှာအမှန်ပဲ

ကြားသိရသလောက် ဟံသာဝတီအသင်းကလွဲရင် ကျန်အသင်းတွေ လစာမပေးတော့ဘူးတဲ့

ဒီကာလကြီးမှာ ဘယ်လိုရပ်တည်ကြမလဲပရိုခေတ်ကောင်းကို မမှီခဲ့တဲ့သူတွေဆို ပိုဆိုးကုန်မယ်ထင်တယ်

အရင်ခေတ်က ဝန်ကြီးဌာနပွဲတွေမို့ ဘောလုံးသမားဘဝကနားရင် ဌာနတွေမှာ ဆက်ပြီးအလုပ်လုပ်လို့ရသေးတယ်

ပရိုခေတ်မှာတော့ ဒါမျိုးမရှိတော့ဘူးဒါကြောင့် လစာမကောင်းတဲ့သူတွေ ပိုအထိနာတယ် ဘောလုံးက တစ်သက်လုံးလုပ်စားလို့မှမရဘူးဘောလုံးသမားဘဝက အနားယူရင် လက်ထဲမှာငွေရှိနေဖို့ လိုတယ်

ဥပမာ လက်ရွေးစင်ဟောင်း သိန်းဇော်လိုပေါ့ မကွေးအသင်းဖျက်သိမ်းလိုက်လို့ နစ်နာကြေး ပေးတဲ့သုံးလစာနဲ့ ဆံပင်ညှပ်ဆိုင်လေးဖွင့်ထားတယ် ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေတယ်

လစာနည်းနည်းလေးနဲ့ ကစားနေတဲ့ကစားသမားတွေ ဘောလုံးသမားဘဝကနားရင် ဘာလုပ်စားမလဲ အောင်သူတို့လို မောင်မောင်လွက်တို့လို ကျော်ကိုကိုတို့လို နာမည်ကြီးတွေဆိုပြည်ပမှာထွက်ကစားတယ် အနိမ့်ဆုံးသိန်း50လောက်ရကြတယ် သူတို့လောက် ခြေစွမ်းမကောင်းဘူး လက်ရွေးစင်မဖြစ်ခဲ့ဘူးဆိုကစားသမားဘဝကနားရင် ရပ်တည်ဖို့ခက်သွားမယ်

ဂျူဗင်တပ်နောက်ခံလူ ချီလီနီက ပြောဖူးတယ်ဘောလုံးသမားဘဝက အနားယူသွားရင်လက်ကျန်ဘဝကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့လိုတယ် တချို့က ဘောလုံးသမားဘဝကနားသွားတယ် ဘောလုံးလောကမှာပဲ ဆက်ကျင်လည်တယ် တချို့က ရုပ်သံမှာ သုံးသပ်သုအဖြစ် ရပ်တည်ကြတယ် တချို့က စီးပွားရေးလုပ်ကြတယ်
တချို့က ဘာလုပ်ရမှန်းမသိဘူးတဲ့

ဒါကြောင့် ဘောလုံးသမားတွေအနေနဲ့ ပညာတစ်ခုတက်ထားသင့်တယ်တဲ့ကမ္ဘာမှာ ပရိုကစားသမားဖြစ်ချင်လို့ ကြိုးစားနေသူတွေအများကြီးပဲ လစာသန်းချီရတဲ့ကစားသမားအရည်အတွက်က 25ရာခိုင်နူန်းတောင်မရှိဘူးဆိုတဲ့သုံးသပ်ချက်ကို ဆောင်းပါးတစ်ခုမှာဖတ်ဖူးတယ်

ဒါကြောင့် ကျတော်တို့ဆီမှာလည်း လစာဆယ်သိန်းနဲ့အထက်ရတဲ့ကစားသမားကအယောက်တစ်ရာမရှိဘူး

မှတ်ပုံတင်ထားတဲ့ ပရိုကစားသမားက တစ်ထောင်ကျော်ရှိတယ် ဆယ်သိန်းနဲ့အထက် ရတဲ့ကစားသမားက ဆယ်ရာခိုင်နူန်းတောင် မရှိတဲ့သေဘာ

ပရိုလို့ခေါင်းစဉ်တပ်ထားရင် ကစားသမားတွေအတွက် လစာဟာ ဖူလုံနေရမယ်အခုကစားသမားအများစုကို ကြည့်လိုက်ရင်ရုန်းကန်နေရတယ်

တချို့ကတော့ ရတုန်းမှာဖြုန်းခဲ့တာတွေတော့ရှိတယ် ဒါကြောင့် ဘောလုံးပွဲတွေ ပြန်စမယ်လို့တွေးထားရင် ကစားသမားတွေအတွက်ဘယ်လိုတွေ စီစဉ်ပေးမလဲဆိုတဲ့အပိုင်းကိုမဖြစ်မနေထည့်စဉ်းစားရတော့မယ်

အောင်ကောင်းမာန်ရဲ့အင်တာဗျူးတစ်ခုမှာဖတ်ရတယ် သူဟာ တက္ကသိုလ်တစ်ခုမှာ sport science ဘာသာရပ်ကြားနေတယ်တဲ့

ဘယ်လိုပုံစံနဲ့ ခေါ်ယူသလဲ အတိအကျမသိပေမဲ့ ဒါတွေဟာ အတုယူရမယ့်အရာတွေ ဖြစ်တယ် ချီလီနီပြောသလိုပေါ့

ကစားသမားတွေအနေနဲ့ ပညာတစ်ခုခု တက်ထားသင့်တယ်ဆိုတဲ့ စကားဟာ သိပ်မှန်တယ်

ဒါကြောင့် ဘောလုံးတစ်ခုတည်း သင်ကြားပေးလို့ မဖြစ်တော့ဘူး ဘောလုံးသမားဘဝကနားရင် ဘာလုပ်မလဲဆိုတဲ့ မေးခွန်းကို လေးလေးနက်နက် မေးဖို့လိုလာပြီ

Nay ko

Be the first to comment

Leave a Reply

Your email address will not be published.


*