တစ်နေ့ထက်တစ်နေ့ များပြားလာတဲ့ စစ်ရှောင်တွေရဲ့အပူတွေကို ငြိမ်းစေဖို့ ဒုတိယအကြိမ်ရံပုံငွေရှာဖွေခဲ့တဲ့ ချစ်သုဝေ

လူလေးနူးညံ့သိမ်မွေ့သလို စိတ်ထားလေးလည်း ဖြူစင်ရိုးသားသူတစ်ယောက်ဖြစ်တဲ့ ချစ်သုဝေဟာဆိုရင် (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလအစကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး လက်ရှိအချိန်ထိတိုင် ပြည်သူတွေနဲ့တစ်သားတည်းပါဝင်နေလျက်ရှိတာပဲဖြစ်ပါတယ်။ အခုလိုတစ်နိုင်ငံလုံး ခက်ခဲနေတဲ့ကာလမှာ ကိုယ်တိုင်ဖန်တီးထားတဲ့ လက်မှုအနုပညာနဲ့ စစ်ဘေးရှောင်တွေအတွက် လှူဒါန်းပေးနေတဲ့ ချစ်သုဝေဟာ ဒီကနေ့မှာလည်း သူမရဲ့ ဒုတိယမြောက်လှူဒါန်းမယ့် အလှူလေးအကြောင်းကို ပြောလာပါတယ်။

“ဒီနှစ် X’masဟာ တို့တွေအတွက်ပူဆွေးခြင်းများတဲ့ X’mas🌲 အိမ်တွေစွန့်ခွာရ စစ်ဘေးကိုရှောင်ရှားရ တစ်နေ့ထက် တစ်နေ့များပြားလာနေတဲ့ စစ်ရှောင်တွေရဲ့အပူတွေကို တို့တွေအားလုံးမေတ္တာနဲ့ အေးငြိမ်းပေးကြရအောင်..Treza ဒီတခါ macrame themesကို x’masအနေနဲ့ပဲဖန်တီးပုံဖော်ဖြစ်ပါတယ် Treza လက်မှတ်လေးပါမယ်🌲ဒီတခါ မြန်မာပြည်တွင်းရော ပြည်ပရော ( thai, korea, america) ဝယ်နိုင်ဖို့ fandoms unionကစီစဉ်ထားတယ်။ Ticket priceလေးတွေက ကျပ် ၅၀၀၀, 5$, 5000₩, 100bahtပါ။ ခက်ခဲသူတွေ ဖဲ့ကူညီကြလို့အမြဲဝမ်းနည်းဝမ်းသာဖြစ်မိတယ်။ ဒီတော့ ၅၀၀၀ဆိုတာ အပမ်းမကြီးတဲ့ပမာဏဆိုသူအားလုံးကိုလည်းပါဝင်ဖို့ဖိတ်ခေါ်ပါတယ်.. စစ်ရှောင်စခန်း များများဆီကို ကူညီနိုင်ဖို့မျှော်လင့်ထားကြတယ်🌲🙏❤ အားလုံးပဲ စစ်ရှောင်ကလေးတွေ ဖေးမမှုလိုသူတွေအတွက် “santa clause”လေးဖြစ်ပေးကြရအောင်ကွာ..နော်❤ ဒီတခါ macrameလေး၃ ခု ရွေးပေးမှာပါ❤” ဆိုပြီး ပြောလာတာဖြစ်ပါတယ်။

ချစ်သုဝေကတော့ ပထမတစ်ကြိမ် macrame လက်မှတ်ရောင်းချရာမှ စစ်ဘေးရှောင်ကလေးတွေအတွက် အလှူငွေ သိန်း (၆၀) နီးပါးရရှိခဲ့သလို အခုတစ်ခေါက်မှာလည်း ဘယ်လောက်တောင်ရရှိပြီး စစ်ဘေးရှောင်စခန်းတွေကို ကူညီနိုင်မလဲဆိုတာ ရင်ခုန်စရာပါပဲနော်။

Source: Chit Thu Wai’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

တစ်နေ့ထက်တစ်နေ့ များပြားလာတဲ့ စစ်ရှောင်တွေရဲ့အပူတွေကို ငြိမ်းစေဖို့ ဒုတိယအကြိမ်ရံပုံငွေရှာဖွေခဲ့တဲ့ ချစ်သုဝေ

လူလေးနူးညံ့သိမ်မွေ့သလို စိတ်ထားလေးလည်း ဖြူစင်ရိုးသားသူတစ်ယောက်ဖြစ်တဲ့ ချစ်သုဝေဟာဆိုရင် (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလအစကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး လက်ရှိအချိန်ထိတိုင် ပြည်သူတွေနဲ့တစ်သားတည်းပါဝင်နေလျက်ရှိတာပဲဖြစ်ပါတယ်။ အခုလိုတစ်နိုင်ငံလုံး ခက်ခဲနေတဲ့ကာလမှာ ကိုယ်တိုင်ဖန်တီးထားတဲ့ လက်မှုအနုပညာနဲ့ စစ်ဘေးရှောင်တွေအတွက် လှူဒါန်းပေးနေတဲ့ ချစ်သုဝေဟာ ဒီကနေ့မှာလည်း သူမရဲ့ ဒုတိယမြောက်လှူဒါန်းမယ့် အလှူလေးအကြောင်းကို ပြောလာပါတယ်။

“ဒီနှစ် X’masဟာ တို့တွေအတွက်ပူဆွေးခြင်းများတဲ့ X’mas🌲 အိမ်တွေစွန့်ခွာရ စစ်ဘေးကိုရှောင်ရှားရ တစ်နေ့ထက် တစ်နေ့များပြားလာနေတဲ့ စစ်ရှောင်တွေရဲ့အပူတွေကို တို့တွေအားလုံးမေတ္တာနဲ့ အေးငြိမ်းပေးကြရအောင်..Treza ဒီတခါ macrame themesကို x’masအနေနဲ့ပဲဖန်တီးပုံဖော်ဖြစ်ပါတယ် Treza လက်မှတ်လေးပါမယ်🌲ဒီတခါ မြန်မာပြည်တွင်းရော ပြည်ပရော ( thai, korea, america) ဝယ်နိုင်ဖို့ fandoms unionကစီစဉ်ထားတယ်။ Ticket priceလေးတွေက ကျပ် ၅၀၀၀, 5$, 5000₩, 100bahtပါ။ ခက်ခဲသူတွေ ဖဲ့ကူညီကြလို့အမြဲဝမ်းနည်းဝမ်းသာဖြစ်မိတယ်။ ဒီတော့ ၅၀၀၀ဆိုတာ အပမ်းမကြီးတဲ့ပမာဏဆိုသူအားလုံးကိုလည်းပါဝင်ဖို့ဖိတ်ခေါ်ပါတယ်.. စစ်ရှောင်စခန်း များများဆီကို ကူညီနိုင်ဖို့မျှော်လင့်ထားကြတယ်🌲🙏❤ အားလုံးပဲ စစ်ရှောင်ကလေးတွေ ဖေးမမှုလိုသူတွေအတွက် “santa clause”လေးဖြစ်ပေးကြရအောင်ကွာ..နော်❤
ဒီတခါ macrameလေး၃ ခု ရွေးပေးမှာပါ❤” ဆိုပြီး ပြောလာတာဖြစ်ပါတယ်။

ချစ်သုဝေကတော့ ပထမတစ်ကြိမ် macrame လက်မှတ်ရောင်းချရာမှ စစ်ဘေးရှောင်ကလေးတွေအတွက် အလှူငွေ သိန်း (၆၀) နီးပါးရရှိခဲ့သလို အခုတစ်ခေါက်မှာလည်း ဘယ်လောက်တောင်ရရှိပြီး စစ်ဘေးရှောင်စခန်းတွေကို ကူညီနိုင်မလဲဆိုတာ ရင်ခုန်စရာပါပဲနော်။

Source: Chit Thu Wai’s fb

Add a Comment

Your email address will not be published.