လေးကေ့ကော်အတွက် အပြောနဲ့မဟုတ်ပဲ အလုပ်နဲ့သက်သေပြကူညီပေးနေတဲ့ ပြည်သူ့သူရဲကောင်းကြီး မူးလာ

Myanmar Idol Season (4) သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ မူးလာဟာ Winner ဆုကြီးနဲ့လွဲချော်ခဲ့ပေမယ့် ပရိသတ်အားပေးလက်ခံမှုကြောင့် အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။ မူးလာဟာ လက်ရှိမှာလည်း အာဏာရှင်လူတစ်စုကို တော်လှန်ဖို့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာဖြစ်ပြီး ပြည်သူတွေနဲ့ တစ်သားတည်းရှိနေပေးတာပဲဖြစ်ပါတယ်။

ပြည်သူတွေအပေါ် အပြောနဲ့မဟုတ်ပဲ အလုပ်နဲ့ သက်သေပြပြီး ကာကွယ်စောင့်ရှောက်ပေးနေတဲ့ မူးလာဟာ ဒီတစ်ခါမှာလည်း လေးကေ့ကော်မြို့က စစ်ဘေးရှောင်ပြည်သူတွေအတွက် သူတတ်နိုင်တဲ့ အင်အားနဲ့ ကုသိုလ်လေးတစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။ အဲ့ဒါကတော့ မူးလာဟာ လေးကေ့ကော်ဒေသက စစ်ဘေးရှောင်ပြည်သူတွေ လတ်တလောအဆင်ပြေစေဖို့ အလှူငွေ လေးသိန်းခွဲတိတိ လှူဒါန်းပေးခဲ့ကြောင်း သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာပါတယ်။

မူးလာကတော့ လေးကေ့ကော်အတွက် အပြောနဲ့မဟုတ်ပဲ အလုပ်နဲ့သက်သေပြကူညီပေးနေတာ ပရိသတ်ကြီးလည်း မျက်မြင်ကိုယ်တွေ့ပဲဖြစ်ပါတယ်။ မူးလာနဲ့တကွ ပြည်သူ့တပ်သားအားလုံးလည်း ဘေးရန်ကင်းရှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Saw Chris Mooler-မူးလာ’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Be the first to comment

Leave a Reply

Your email address will not be published.

*