ထိုင်းနိုင်ငံနဲ့ ချစ်ကြည်ရေးဇာတ်ကားမှာ အာဏာရူးကြောင့် အရာအားလုံးပျက်စီးခဲ့ရတယ်ဆိုတဲ့ ဒေါင်း

သရုပ်ဆောင် ဒေါင်းကတော့ မိန်းကလေးပရိသတ်တွေကြားမှာ သည်းသည်းလှုပ်အားပေးခံရသူတစ်ယောက်ပါပဲ။ လက်ရှိမှာတော့ ဒေါင်းက ထိုင်းဒါရိုက်တာရိုက်ကူးတဲ့ “จากเจ้าพระยาสู่อิรวดี” (ကျောက်ဖရားမှဧရာဝတီ) ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာနေထိုင်နေတာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဒေါင်းက ကျောက်ဖရားမှဧရာဝတီဇာတ်ကားအတွက် မျှော်လင့်ချက်တွေအများကြီးရှိခဲ့ပေမယ့် အာဏာရူးကြောင့် ပျက်စီးခဲ့ရကြောင်း အခုလိုပဲပြောလာပါတယ်။

“ဒီဇာတ်ကားရိုက်နေတုန်း အာဏာရူးတွေနိုင်ငံဖျက်လိုက်တော့ အနုပညာအရ နှစ်နိုင်ငံရဲ့ခမ်းနားတဲ့အရာတွေ၊နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတွေ၊အနုပညာ နှင့်ငြိမ်းချမ်းခြင်းတွေ ကို ဒါရိုက်တာပီးနတ်နဲ့အတူ ကြိုးစားလုပ်ဖို့ စိတ်ကူးခဲ့ပေမယ့် အရာအားလုံးပျက်ဆီးသွားခဲ့ရတယ် ။ကိုယ့်နိုင်ငံနဲ့ပက်သက်လို့ ဘာတခုမှ လာရိုက်လို့မရတော့ဘူး ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေကိုပဲ တာဝန်အပြည့်ယူကြပြီး ကြိုးစားခဲ့ကြရတယ်။ဘာပဲဖြစ်ဖြစ် အကောင်းဆုံးကြိုးစားခဲ့ကြပါတယ် ။(မြန်မာပြည်မှာလာရိုက်မယ် ဇာတ်ဝင်ခန်းတွေအားလုံး ဘာတခုမှ မရိုက်လိုက်ရတော့ဘူး)”

“လွန်ခဲ့တဲ့နှစ်နှစ်ထဲက နှစ်နိုင်ငံရဲ့အနုပညာချစ်ခြင်းမေတ္တာ ငြိမ်းချမ်းခြင်းတွေအတွက် project အကြီးကြီး လုပ်ဖို့ ဒါရိုက်တာနဲ့အတူတူ ကြိုးစားဖို့ လုပ်ခဲ့ကြတယ် အများကြီး ပျက်ဆီးသွားရသလို ဘယ်လိုလူတွေကများပြောလဲတော့မသိဘူး မအလ စောက်ပုရဲ့သမီးနဲ့ပဲဘန်ကောက်ထွက်ပြေးတယ်လို့ပြောကြသေးဗျာ တော်တော်ရယ်စရာကောင်းတဲ့သူတွေပါ ။” ဆိုပြီး ပြောလာပါတယ်။

ဒေါင်းနဲ့ ထိုင်းသရုပ်ဆောင်တွေများစွာပါဝင်သရုပ်ဆောင်ထားကြတဲ့ “จากเจ้าพระยาสู่อิรวดี” (ကျောက်ဖရားမှဧရာဝတီ) ဇာတ်လမ်းတွဲက လာမယ့် ဇန်နဝါရီလ (၁) ရက်နေ့မှာ Thai PBS TV Channel မှာ စတင်ထုတ်လွှင့်ပြသသွားတော့မှာပဲဖြစ်ပါတယ်။

Source: DAUNG – ဒေါင်း ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.