ပရိသတ်တွေနဲ့အတူတူစုပေါင်းပြီး ဆင်းရဲနွမ်းပါးတဲ့ဘိုးဘွားတွေအတွက် အလှူငွေ သိန်း(၃၀) လှူဒါန်းခဲ့တယ်ဆိုတဲ့ နေဝင်းနဲ့ အိမ့်ချစ်ချော

အဆိုတော် နေဝင်းနဲ့ ခရီးသွားဘလော်ဂါမလေး အိမ့်ချစ်ချောတို့အတွဲက ချစ်သူတွေအဖြစ် ဆယ်စုနှစ်ကျော်တိုင် လက်တွဲလာခဲ့ပြီး အခုဆိုရင် နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်ထားကြပြီပဲ ဖြစ်ပါတယ်။ ချစ်သူဘဝကတည်းက စိတ်တူကိုယ်တူရှိကြတဲ့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့ဇနီးမောင်နှံဟာ ဒီတစ်ခေါက်မှာလည်း ရေသန့်ဘူးရောင်းတဲ့အဘွားအတွက် ပရိသတ်တွေနဲ့အတူစုပေါင်းပြီး အလှူငွေတွေ လှူဒါန်းခဲ့ကြောင်းကို အခုလိုပဲပြောလာပါတယ်။

“ဒီနေ့ချောဦးဆောင်ပြီး ကောက်ထားတဲ့အလှူငွေ သိန်း ၃၀ ကို လှူခဲ့ပါတယ် 🙏🙏🙏အစကတော့ ရေသန့်ရောင်းတဲ့ အဖွားဒေါ်ညွှန့်ရီအတွက်ဆိုပြီး ကောက်ထားပေမယ့် အလှူငွေကမထင်မှတ်ပဲများသွားတော့ အဖွားလိုဘဝတူ အဖိုးအဖွားတွေကိုလည်း ခွဲပြီးလှူဖြစ်ခဲ့တယ် 💙အဖွားဒေါ်ညွှန့်ရီကတော့ သူအိမ်ပိုင်လေးလည်းရပြီ၊ အကြွေးလည်းမရှိတော့ဘူးဆိုတော့ သူရေသန့်မရောင်းပဲ အိမ်ရှေ့မှာ အသားတုတုတ်ထိုးလေးတွေရောင်းဖို့ အရင်း ၁ သိန်း ရယ်… လာမယ့် ၂၀၂၂ -၁ လပိုင်းကနေ ၁ နှစ်ခွဲတိတိ လစဉ် တစ်လတစ်သိန်း နဲ့ ၁၈ သိန်း ထောက်ပံ့ပေးဖို့ စီစဉ်ခဲ့တယ် (တလတခါအဖွားကို ချောတို့ကိုယ်တိုင်ပေးမယ်ဆိုတာလည်းပြောခဲ့ပါတယ်)ကျန်တဲ့ ၁၁ သိန်းကတော့ ကိုပူတူးရဲ့အကူအညီနဲ့ လိုက်လှူခဲ့ပါတယ် “ဆိုပြီး ပြောလာပါတယ်။

အိမ့်ချစ်ချောနဲ့ နေဝင်းတို့ဇနီးမောင်နှံကတော့ သူတို့နှစ်ယောက်မတည်ပြီး ပရိသတ်တွေဆီက အလှူလက်ခံရရှိထားတဲ့ ငွေသား စုစုပေါင်း သိန်း (၃၀) ကို ရေသန့်ဘူးရောင်းတဲ့ အဖွားဒေါ်ညွှန့်ရီနဲ့တကွ အခြားချို့တဲ့ဘိုးဘွားတွေကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

Source: Travel Kueen’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ပရိသတ်တွေနဲ့အတူတူစုပေါင်းပြီး ဆင်းရဲနွမ်းပါးတဲ့ဘိုးဘွားတွေအတွက် အလှူငွေ သိန်း(၃၀) လှူဒါန်းခဲ့တယ်ဆိုတဲ့ နေဝင်းနဲ့ အိမ့်ချစ်ချော

အဆိုတော် နေဝင်းနဲ့ ခရီးသွားဘလော်ဂါမလေး အိမ့်ချစ်ချောတို့အတွဲက ချစ်သူတွေအဖြစ် ဆယ်စုနှစ်ကျော်တိုင် လက်တွဲလာခဲ့ပြီး အခုဆိုရင် နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်ထားကြပြီပဲ ဖြစ်ပါတယ်။ ချစ်သူဘဝကတည်းက စိတ်တူကိုယ်တူရှိကြတဲ့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့ဇနီးမောင်နှံဟာ ဒီတစ်ခေါက်မှာလည်း ရေသန့်ဘူးရောင်းတဲ့အဘွားအတွက် ပရိသတ်တွေနဲ့အတူစုပေါင်းပြီး အလှူငွေတွေ လှူဒါန်းခဲ့ကြောင်းကို အခုလိုပဲပြောလာပါတယ်။

“ဒီနေ့ချောဦးဆောင်ပြီး ကောက်ထားတဲ့အလှူငွေ သိန်း ၃၀ ကို လှူခဲ့ပါတယ် 🙏🙏🙏
အစကတော့ ရေသန့်ရောင်းတဲ့ အဖွားဒေါ်ညွှန့်ရီအတွက်ဆိုပြီး ကောက်ထားပေမယ့် အလှူငွေကမထင်မှတ်ပဲများသွားတော့ အဖွားလိုဘဝတူ အဖိုးအဖွားတွေကိုလည်း ခွဲပြီးလှူဖြစ်ခဲ့တယ် 💙အဖွားဒေါ်ညွှန့်ရီကတော့ သူအိမ်ပိုင်လေးလည်းရပြီ၊ အကြွေးလည်းမရှိတော့ဘူးဆိုတော့ သူရေသန့်မရောင်းပဲ အိမ်ရှေ့မှာ အသားတုတုတ်ထိုးလေးတွေရောင်းဖို့ အရင်း ၁ သိန်း ရယ်… လာမယ့် ၂၀၂၂ -၁ လပိုင်းကနေ ၁ နှစ်ခွဲတိတိ လစဉ် တစ်လတစ်သိန်း နဲ့ ၁၈ သိန်း ထောက်ပံ့ပေးဖို့ စီစဉ်ခဲ့တယ် (တလတခါအဖွားကို ချောတို့ကိုယ်တိုင်ပေးမယ်ဆိုတာလည်းပြောခဲ့ပါတယ်)ကျန်တဲ့ ၁၁ သိန်းကတော့ ကိုပူတူးရဲ့အကူအညီနဲ့ လိုက်လှူခဲ့ပါတယ် “ဆိုပြီး ပြောလာပါတယ်။

အိမ့်ချစ်ချောနဲ့ နေဝင်းတို့ဇနီးမောင်နှံကတော့ သူတို့နှစ်ယောက်မတည်ပြီး ပရိသတ်တွေဆီက အလှူလက်ခံရရှိထားတဲ့ ငွေသား စုစုပေါင်း သိန်း (၃၀) ကို ရေသန့်ဘူးရောင်းတဲ့ အဖွားဒေါ်ညွှန့်ရီနဲ့တကွ အခြားချို့တဲ့ဘိုးဘွားတွေကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

Source: Travel Kueen’s fb

Add a Comment

Your email address will not be published.