သူ့ရဲ့နာမည်ကိုအလွဲသုံးစားပြုလုပ်ပြီး ပရိသတ်တွေအထင်လွဲအောင်ဖန်တီးခံနေရကြောင်း ပြောလာတဲ့ နေထူးနိုင်

ပရိသတ်တွေက ချစ်စနိုးနဲ့ ကွီးနေထူးနိုင်လို့ ခေါ်ကြတဲ့ သရုပ်ဆောင်နေထူးနိုင်ကတော့ အက်ရှင်နဲ့ သဘာဝလွန်ဗီဒီယိုဇာတ်ကားတွေကို အများဆုံးရိုက်ကူးသူတစ်ယောက်ဖြစ်ပါတယ်။ နေထူးနိုင်ကတော့ နယ်ကြိုက်မင်းသားတစ်ယောက်ဖြစ်ပြီး ဒီတစ်ခေါက်မှာတော့ တစ်နိုင်ငံလုံးပူဆွေးသောကရောက်နေချိန်မှာ သူ့ရဲ့နာမည်ကို အလွဲသုံးစားလုပ်ခံခဲ့ရကြောင်း ပြောလာပါတယ်။

နေထူးနိုင်ဦးဆောင်တဲ့ သရုပ်ဆောင်မင်းသား၊ မင်းသမီး (၁၀) ယောက်ဟာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ Stage Show ဖျော်ဖြေသွားမယ့်အကြောင်းရေးသားထားတဲ့ ပါမစ်တောင်းစာ စာရွက်ကို ပြသပြီး နေထူးနိုင်က “ကျွန်တော်နံမည်အားအလွဲသုံးစားလုပ်ထားပါသည်။ ဤစာနဲ့ပက်သတ်ပြီးကျွန်တော်လုံးဝမသိပါ။ ဦးမြင့်သူကိုသိသူများအကြောင်းကြားပေးကြပါခင်ဗျာ”ဆိုပြီး ဖြေရှင်းလာတာပဲဖြစ်ပါတယ်။

နေထူးနိုင်ကတော့ တစ်နိုင်ငံလုံး ပူဆွေးသောကရောက်နေချိန်မှာ သူ့ရဲ့နာမည်ကိုအလွဲသုံးစားပြုလုပ်ပြီး ပရိသတ်တွေအထင်လွဲအောင်ဖန်တီးခံနေရတဲ့အကြောင်းနဲ့ ထိုစာနဲ့ ပက်သတ်ပြီးလည်း သူလုံးဝမသိရှိထားကြောင်းကို ဖြေရှင်းလာခဲ့တာပဲဖြစ်ပါတယ်။

Source: Nay Htoo Naing’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Be the first to comment

Leave a Reply

Your email address will not be published.

*