ဘယ်သူတွေ၊ ဘာလုပ်လိုက်တယ်ဆိုတာထက် စခတွေ ဘယ်လောက်အထိနာသွားလဲဆိုတာက ပိုအရေးကြီးတယ်ဆိုတဲ့ မိုင်းမိုင်ဆိုင်

Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ အပြင်းစား Rock သီချင်းတွေသီဆိုတဲ့ မိန်းကလေး မိုင်းမိုင်ဆိုင်ကတော့ Winner ဆုကြီးနဲ့ လွဲချော်ခဲ့ရပေမယ့် အခုဆိုရင် တစ်နိုင်ငံလုံးသိတဲ့ အဆိုတော်တစ်ယောက်ဖြစ်လို့နေပါပြီ။ မိုင်းမိုင်ဆိုင်က လက်ရှိမှာတော့ လွတ်မြောက်နယ်မြေဒေသမှာနေထိုင်နေပြီး ကချင်တိုင်းရင်းသူ၊ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ စစ်အာဏာရှင်လူတစ်စုကို တော်လှန်နေတာပဲဖြစ်ပါတယ်။

မိန်းမသားပေမယ့် တော်လှန်ရေးအတွက် အတက်ကြွဆုံးရှိတဲ့ မိုင်းမိုင်ဆိုင်ဟာ ဒီကနေ့မှာတော့ “ဘာမှ မပြောချင်ဘူး။ တစ်နေရာအတွက် ပျော်ရရင် တစ်နေရာအတွက် ခံစားနေရတာချည်းဘဲ။။ ဘယ်နေရာ ဘယ်သူဘာလုပ်လိုက်တယ် ဆိုတာထက် ခွေးတွေ ဘယ်လောက်သေ သွားတယ်က ပိုအရေးကြီးပါတယ်။💪💪💪💪 လက်ခုပ်သံတွေခု ချိန် အရေးမကြီးသေးပါဘူး Fighting 💪💪💪” ဆိုပြီး ပြောလာပါတယ်။

မိုင်းမိုင်ဆိုင်ပြောချင်တာကတော့ ပွဲမပြီးသေးတဲ့အတွက် ဘယ်သူတွေ၊ ဘာလုပ်လိုက်တယ်ဆိုတာထက် စခတွေ ဘယ်လောက်အထိနာသွားလဲဆိုတာက ပိုအရေးကြီးတယ်ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။

Source: Mai Mai Seng’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Be the first to comment

Leave a Reply

Your email address will not be published.

*