ထူးထူးဆန်းဆန်း မီးသွေးတွေ စားနေတတ်တဲ့ ကင်ဆာ ရောဂါသည် ယာဥ◌်ထိန်း ရဲမေ အကြောင်း

ကင်ဆာရောဂါကို အံတုရင်း ထူးထူးခြားခြား မီးသွေးတွေစားတတ်တဲ့ ယာဉ်ထိန်းရဲမေ ကင်ဆာရောဂါကို အံတုရင်း ထူးထူးခြားခြား မီးသွေးတွေ စားတတ်တဲ့ ယာဉ်ထိန်းရဲမေ မပပဝင်း အဆိုးဆုံးသော ရောဂါဝေဒနာတခုဖြစ်တဲ့

ကင်ဆာရောဂါ ဝေဒနာကတော့ ခံရတဲ့ သူတိုင်း စိတ်ညစ်ရပြီး ဒီရောဂါကြီးဖြစ်ရင် အသက်အန္တရာယ်အရင်ဆုံး စိုးရိမ်ရတယ်ဆိုတာ သိကြမှာပါ။ ဒါပေမယ့်လည်း တချို့သော ကင်ဆာရောဂါဝေဒနာရှင်တွေကတော့ ဘဝကြီးကို အရှုံးမပေးကြပါဘူး။

ဒီထဲမှာတော့ ကင်ဆာရောဂါဝေဒနာကို အံတုရင်း ယာဉ်ထိန်းရဲဆိုတဲ့ တာဝန်ကြီးကို ကျေကျေနပ်နပ် လုပ်ကိုင်နေတဲ့ မကွေးဂုဏ်ရည်ဆုပိုင်ရှင် မပပဝင်း အကြောင်း ပြောချင်လွန်းလို့ပေ့ချ်ကတော့ ဖော်ပြပေးချင်ပါတယ်။

မပပဝင်းကတော့ သူ ကျောင်းတတ်တဲ့ အရွယ်လောက်ကတည်း ယာဉ်ထိန်းရဲ အလုပ်ကို ဝါသနာပါခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အသက် ၂၉ နှစ်ရှိနေပြီဖြစ်တဲ့ မပပဝင်းကတော့ ပြီးခဲ့တဲ့ ၂၀၁၈ မှာ မကွေးမြို့ ပရဟိတအဖွဲ့ကပေးတဲ့

မကွေးဂုဏ်ရည် ဒုတိယဆုကို ပိုင်ဆိုင်ထားတဲ့ ယာဉ်ထိန်းရဲမေ တယောက်လည်း ဖြစ်ပါတယ်။ မပပဝင်းကတော့ မိဘတွေ တားမြစ်ထားတဲ့ကြားကနေ နေပူမရှောင်မိုးရွာမရှောင် တာဝန်ကို ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

အိမ်က သဘောမတူတာကြောင့် နောက်ပိုင်းမှာတော့ သူကတော့ အိမ်မပြန်တော့ပဲ ယာဉ်ထိန်းရဲ အဆောင်မှာပဲနေတာ ဖြစ်ပါတယ်။ မပပဝင်းကတေ့ာ သူ့အကြောင်းကိုတော့ “စ ဝင်ကတည်းက ယာဉ်ထိန်းရဲနဲ့ စ ဝင်တာပါ။ ရမည်းသင်းမှာ သင်တန်း ၆ လတတ်ပြီး

ယာဉ်ထိန်းထဲကို ရောက်လာတာပါ။ လမ်းရှင်းရတာကို ပျော်လို့ပါ။ ညီမသင်တန်းမတတ်ခင် ၁ နှစ်လောက်ကတည်းက ပါးစောင်တွေ သိပ်မဟနိုင်ပဲ ကျုံ့သွားတာပေါ့နော်။ ဆရာဝန်တွေကို ပြတော့ အသားစကို ဓါတ်ခွဲရမယ်ပေါ့။

အဲ့လိုလုပ်မယ့် နေ့မှာပဲ သင်တန်းစတတ်ရတယ်။ အဲ့အချိန်မှာ မြန်မာဆေးတွေပဲ သောက်ပြီးတော့ တတ်ခဲ့ရတယ်။ အဲ့တုန်းကတော့ မသိသာပေမယ့်လည်း ယာဉ်စည်းကမ်းလမ်းစည်းကမ်း သင်တန်းတတ်တဲ့ အချိန်ကမှ ဆိုးရွားလာတာ။

အဲ့မှာ ရန်ကုန်မှာဆေးကုရင်း သင်တန်းတတ်တာပေါ့နော်။ မကွေးဆေးရုံကြီးမှာ နှစ်ပတ်ကို တကြိမ်ဆေးသွင်းရတယ်။ ကင်ဆာအဆင့် ၁ အတွက် ဆေးသွင်းရတာပေါ့။ ဆေးရှိန်ကြောင့် ဝ လည်း ဝ လာတယ်။ တကယ်ကုမယ်ဆိုရင်တော့

ပါးစပ်ကိုခွဲရမှာဆိုးလို့ မကုသေးပဲ ဆေးပဲသောက်နေတာပေါ့။ အဆင့် ၃ လောက်ရောက်ရင်တော့ ခွဲရမယ် ထင်ပါတယ်။ ဆေးကတော့ သွင်းလိုက် ရပ်လိုက်ဖြစ်နေတာပေါ့”“ဘာကြောင့် စ ဖြစ်လဲဆိုတော့ ၇ တန်း ၈ တန်း လောက်ကတည်းက

မန္တလေးမှာ နေတယ်။ အဲ့မှာ ဆေးအမွေးထုတ်လေးတွေရှိတယ် (မြန်မာအခေါ် ရှီခါး) ငွေရောင်လေးတွေ အဲ့ဒါလေးတွေက မွေးတော့ စားတယ်။ နောက်ပိုင်းကျတော့ စားရတာ အားမရတော့ ညပိုင်း ငုံပြီးတော့ အိပ်တာ။ အဲ့တော့ ပါးစပ်ရဲ့

အတွင်းပိုင်းက တလွှာမရှိတော့တာ။ အဲ့ဒါပြီးတော့ အိမ်ကအရမ်းတားမြစ်တော့ ကွမ်းယာစားတော့ အခြေအနေ အရမ်းကို ဆိုးပြီး အဲ့လိုဖြစ်သွားတာပါ” နောက်ထပ် မပပဝင်းမှာ စိတ်ဝင်စားစရာအကြောင်းအရာ တခုကတော့ မီးသွေးကို သရေစာ စားသလိုစားတာပါ။

မိဘအသိုင်းအဝိုင်းက တားမြစ်ကြပေမယ့်လည်း မီးသွေးမြင်ရင် စားချင်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ မပပဝင်းကတော့ “သူတို့ကလည်း မီးသွေးတွေ လိုက်စားကြည့်တော့ သူတို့က လက်မခံတော့ အန်ထွက်တယ်။

သူတို့ကလည်း ညီမစားသလို လိုက်စားကြည့်တယ်။ ညီမကတော့ ချိုတာငန်တာ အရသာရှိလို့ စားတာတော့ မဟုတ်ဘူး။ ဒီတိုင်းစားလို့ကောင်းလို့ကိုစားတာ။ ပြီးရင် ရေသောက်လိုက်ရင် ဗိုက်ပြည့်သွားရော်။

အဲ့ဒါကို သဘောကျတာ။ မီးသွေးစားတာကတော့ ညီမ ၄ တန်းလောက်ကတည်းက စားတာ။ အရမ်းကိုကြိုက်တယ်။ မြင်ရင်ကို မနေနိုင်တာ။ လူကြီးတွေ လစ်တာနဲ့ သွားစားတာ။ ဖြတ်လို့ကို မရတာ။ ဆရာဝန်တွေကိုလည်း ပြတာပဲ။

လုံးဝကို ဖြတ်လို့မရဘူး”“ညီမ က တာဝန်မကျလည်း ယာဉ်တွေ ရှုပ်တဲ့နေရာတိုင်းမှာ အမြင်မတော်ရင် သွားပြီးတော့ ရှင်းတယ်။ ဒါကိုလည်းပြည်သူတွေက မြင်တယ်။ အဲ့ဒါကြောင့် ပြည်သူတွေရဲ့ သဘောနဲ့ ပရဟိတအသင်းလေးက ဂုဏ်ပြုချီးမြင့်တာပါ။

အပေါ်ယံစိတ်နဲ့ မလုပ်ပဲ သေချာလုပ်တော့ ကိုယ့်ကိုရောဂါသည်ဆိုတာကို မေ့သွားတယ်။ အလုပ်ပဲ လုပ်ချင်တယ်။ သေတဲ့အထိကို လုပ်သွားမယ်” လို့ သူ့ရဲ့ ခံစားချက်တွေကို ရင်ဖွင့်သွားခဲ့ပါတယ်။ ကင်ဆာရောဂါ ဖြစ်နေတာတောင် ချီးကျုးစရာကောင်းပြီး တာဝန်သိတတ်မှုအပြည့်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ မပပဝင်း ကတော့ တကယ့်ကို ချီးကျုးလေးစားစရာ ကောင်းလှပါတယ်။

Add a Comment

Your email address will not be published.