ကုသိုလ်ဖြစ်ပြုလုပ်ဖြစ်ခဲ့တဲ့ ပီတိဖြစ်စရာ အလှူပုံလေးတွေကို ဝေမျှလာတဲ့ ပရဟိတ မင်းသမီး ခိုင်နှင်းဝေ





Credit – CELE ZONE

Unicode
ကုသိုလ်ဖြစ်ပြုလုပ်ဖြစ်ခဲ့တဲ့ ပီတိဖြစ်စရာ အလှူပုံလေးတွေကို ဝေမျှလာတဲ့ ပရဟိတ မင်းသမီး ခိုင်နှင်းဝေ

ကြက်ဆီထမင်းများဝေကာ ကုသိုလ်ပြုလုပ်ဖြစ်ခဲ့တဲ့ ပီတိဖြစ်စရာ အလှူပုံလေးတွေကို ဝေမျှလာတဲ့ ခိုင်နှင်းဝေ…ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို များစွာရရှိထားတဲ့ ခိုင်နှင်းဝေကတော့ လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။

ခိုင်နှင်း‌ဝေက လတ်တလောပြည်သူတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုပါ စိတ်အားတက်ကြွစွာနဲ့ပါဝင် ကူညီပေးနေတဲ့အပြင် မိဘမဲ့ဂေဟာကိုလည်းဦးစီးကာ ရင်ခွင်မဲ့ ကလေးလေးတွေအတွက် မိဘပမာစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။

ခုနှစ်ရက်သားသမီးတွေရဲ့စုပေါင်းကုသိုလ်နဲ့ အလှူအတန်းတွေကို နေ့စဉ်လုပ်ဆောင်နေတဲ့ ခိုင်နှင်းဝေကတော့ ပြည်သူတွေအပေါ်မှာ တစ်ထောင့်တစ်နေရာကနေ အကျိုးပြုနေတာပဲဖြစ်ပါတယ်။ သူရဲ့ အလှူလေးတွေကိုလည်း ပရိသတ်တွေ သာဓု ခေါ်ဆိုနိုင်စေရန် အမြဲလိုလို ဖော်ပြပေးလေ့ရှိပါတယ်။

အခုလည်း ကြက်ဆီထမင်းများကို လိုက်လံဝေငှကာ ကုသိုလ်လေး ပြုလုပ်ခဲ့ပြန်ပါတယ်။ အလှူပုံလေးတွေကိုလည်း ဝေမျှထားရာ တကယ်ကို လေးစားအားကျစရာကောင်းတာ အမှန်ပါပဲ။ ပရိသတ်ကြီး အတွက် ခိုင်နှင်းဝေရဲ့ အလှူပုံလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
Credit – CELE ZONE

Be the first to comment

Leave a Reply

Your email address will not be published.


*