ပရိသတ်ပြည်သူနဲ့ တစ်သားတည်း ရှိကြောင်း အပြောနဲ့ မဟုတ်ဘဲ လက်တွေ့ သက်သေပြလိုက်တဲ့ ခင်ဇာခြည်ကျော်…

ကြည့်မြင်တိုင်မြို့နယ် သပိတ်စစ်ကြောင်းမှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ရဲဘော်ကြယ်ပွင့်တွေ အတွက် စိတ်မကောင်းဖြစ်ကာ ဈေးရောင်းတာတွေရပ်နားခဲ့တဲ့ ခင်ဇာခြည်ကျော်

ပရိသတ်ကြီးရေ ခင်ဇာခြည်ကျော်ကတော့ အရွယ်တင် နုပျိုလှပနေတဲ့ မင်းသမီးတွေထဲက တစ်လက်ပါပဲနော် ။ဆယ်စုနှစ် တစ်ခု ကြာအောင် အနုပညာ သက်တမ်းမှာ

နာမည် ကျမသွားတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး အနုပညာတွေ ရပ်နားခဲ့စဉ်မှာလည်း ပရိသတ်က မမေ့မလျော့ ရှိခဲ့သလို အနုပညာအလုပ်တွေ ပြန်လုပ်တဲ့ အခုချိန်ထိလည်း ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေခဲ့ရသူ တစ်ယောက်ပါ။

နိုင်ငံကျော် အနုပညာရှင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ ခင်ဇာခြည်ကျော်ဟာ Single Mother တစ်ယောက်ဖြစ်ပြီး သားနဲ့သမီးကို ပြုစုပျိုးထောင်ရင်း ဘဝကို ရဲဝံ့စွာရပ်တည်နေသူ လည်းဖြစ်ပါတယ်။.

ဒီနေ့မှာတော့ ခင်ဇာခြည်ကျော်က “မဇာလေးရဲ့ customer များရှင် ဒီနေ့ အလွန်စိတ် ထိခိုက် ရတဲ့အတွက် မဇာတို့ live ဘယ်လိုမှ မလွှင့်နိုင်တော့ပါဘူးရှင်။

customer များအားလုံးကို အထူးတောင်းပန် အပ်ပါတယ်ရှင်”ဆိုတဲ့စာလေးနဲ့ ဒီနေ့မှာ ပြည်သူတရပ်လုံး စိတ်မကောင်း ဖြစ်ခဲ့ကြတဲ့ ကြည့်မြင်တိုင် မြို့နယ်သပိတ်စစ်ကြောင်း ဖြိုခွဲခံရမှုကြောင့်live saleတွေ ရပ်နားခဲ့တာပါ။

ပြည်သူနဲ့တသားတည်း ရပ်တည်ကာ ပြည်သူဘက်မှာ ရပ်တည်နေကြောင်းကို အပြောနဲ့ မဟုတ်ဘဲ အလုပ်နဲ့ သက်သေပြကာ ဝမ်းနည်းစိတ်မကောင်းကြောင်း ပြသခဲ့တဲ့ ခင်ဇာခြည်ကျော်ရဲ့ စိတ်ဓာတ်ကျတာ့ လေးစားစရာပါပဲနော်။










credit all

Be the first to comment

Leave a Reply

Your email address will not be published.


*