ပထမဆုံး မုန့်ဟင်းခါး စရောင်းတဲ့နေ့မှာတင် တစ်ညလုံးမအိပ်ရတဲ့အထိ အော်ဒါတွေ အများကြီးရရှိခဲ့တဲ့ ဝိုင်းစုခိုင်သိန်း…






Credit

Unicode
ပထမဆုံး မုန့်ဟင်းခါး စရောင်းတဲ့နေ့မှာတင် တစ်ညလုံးမအိပ်ရတဲ့အထိ အော်ဒါတွေ အများကြီးရရှိခဲ့တဲ့ ဝိုင်းစုခိုင်သိန်း…

သရုပ်ဆောင်နဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းကတော့ အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင် အောင်မြင်မှုရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိအနုပညာအလုပ်တွေရပ်နားထားချိန်မှာ ဝိုင်းစုခိုင်သိန်းက သူမကိုယ်တိုင်ချက်တဲ့ ယိုးဒယားမုန့်ဟင်းခါးကိုရောင်းချပေးနေလျက်ရှိပါတယ်။

ပထမဆုံးဈေးစရောင်းတဲ့နေ့မှာတင် တစ်ညလုံးမအိပ်ရတဲ့အထိ မုန့်ဟင်းခါးအော်ဒါတွေအများကြီးရရှိခဲ့တယ်ဆိုတဲ့အကြောင်းကို ဝိုင်းစုခိုင်သိန်းက အခုလိုပဲပြောလာပါတယ်။

“အားပေးကြတဲ့ ချစ်တဲ့သူတွေ စားကောင်းကြပါစေ❤️ ပထမဆုံး စလုပ်တာလဲဖြစ် အားပေးတဲ့သူတွေ အားလုံးကိုလည်း စားစေချင်တဲ့စိတ်နဲ့ Oderတွေလက်ခံလိုက်တာ မွင်းဂါးပွဲ 130ကျော်နဲ့ ဖက်ထမင်းပွဲ 100ထိ လက်ခံပေးလိုက်ပါတယ်။ မွေးနေ့ညလေးကနေ တောက်လျှောက် မနားမနေ ညလုံးပေါက် ကြိုးစားပန်းစားလုပ်ထားပါတယ်ရှင့်။

ပထမဆုံး စလုပ်တာမို့ အချိန်မှိမရောက်ခဲ့တာ အမှာယွင်းဖြစ်ခဲ့တာများရှိရင် နားလည်ခွင့်လွှတ်ပေးကြပါနော်လို့🙏 အားပေးကြတဲ့သူတွေတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်❤️😘 ဝိုင်းစုကို ဝိုင်းကူပေးကြတဲ့ချစ်တဲ့သူတွေကိုလည်း ကျေးဇူးပါလို့🥰” ဆိုပြီး ပြောလာပါတယ်။

ဝိုင်းစုခိုင်သိန်းကတော့ ပထမဦးဆုံးဈေးစရောင်းတဲ့နေ့မှာတင် မုန့်ဟင်းခါးပွဲ (၁၃၀) ကျော်နဲ့ ဖက်ထမင်း ပွဲ (၁၀၀) ကျော်ကို ရောင်းချနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဝိုင်းစုတစ်ယောက် ဒီထက်မက ရောင်းကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Credit

Add a Comment

Your email address will not be published.