ထိုင်းနိုင်ငံသို့ လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် စစ်ရေးအခြေနေမကောင်း(ရုပ်သံ)




ရန်ကုန်၊ ဒီဇင်ဘာ ၂၅

အကြမ်းဖက်စစ်ကောင်စီက လေးကေ့ကော်ဒေသသို့ ယနေ့ လက်နက်ကြီးများအဆက်မပြတ်ပစ်ခတ်ရာတွင် လက်နက်ကြီးကျည်အချို့ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်မှုကြောင့်







unicode

ထိုင်းနိုင်ငံသို့ လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် စစ်ရေးအခြေနေမကောင်း(ရုပ်သံ)

ထိုင်းဘက်သို့ လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် ထိုင်းစစ်တပ်က စစ်ကားများ နယ်စပ်တွင် ကင်းလှည့် (ရုပ်/သံ)

ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်…။

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

အကြမ်းဖက်စစ်ကောင်စီက လေးကေ့ကော်ဒေသသို့ ယနေ့ လက််နက်ကြီးများအဆက်မပြတ်ပစ်ခတ်ရာတွင် လက်နက်ကြီးကျည်အချို့ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်မှုကြောင့်

ထိုင်းစစ်တပ်မှ စစ်ကားများ မဲဆောက်မြို့နယ်၊ မဲ့ကိုကင်းကျေးရွာသို့ ကင်းလှည့်ထွက်ခွာလာသည်ကို ယနေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်ခန့်တွင် တွေ့မြင်ရသည်။

မဲဆောက်ဒေသခံ ၁ ဦး ရိုက်ကူးထားသော ဗီဒီယိုတွင် ထိုင်းစစ်တပ်၏ သံချပ်ကာကား ၃ စီး ထိုင်းမြန်မာနယ်စပ်ရှိ မဲ့ကိုကင်းကျေးရွာသို့ သွားနေသည်ကို တွေ့ရပြီး

အဆိုပါဒေသသည် မြန်မာနိုင်ငံ မယ်ထော်တလေးကျေးရွာ၏ တစ်ဖက်ကမ်းတွင် တည်ရှိသည်။

အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည် အနည်းဆုံး ၁၅ လုံးခန့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်ထားပြီး

လက်နက်ကြီးကျည် ၁ လုံးသည် မော်လီချိုင်းကျေးရွာရှိ နေအိမ် ၁ လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့သည်။

Video Credit – Zay Myo facebook

Be the first to comment

Leave a Reply

Your email address will not be published.


*