“ေဒါက္တာ ေဇာ္ေဝစိုး”ဒီလိုသာေက်ာင္းေတြ မေနရဘဲျဖစ္ေနရင္၊ကေလးေတြ အသက္ေတြႀကီးၿပီး
အရြယ္လြန္ကုန္မွာစိုးတယ္ဆရာတဲ့။စိတ္၊သိပ္ မပူပါနဲ႔၊
သားငယ္သမီးငယ္တို႔အတြက္ ပညာေရးေတြရပ္တန႔္ေနခ်ိန္မွာအေကာင္းဆုံးျပင္ဆင္
ထားသင့္တာကေတာ့မရွိမျဖစ္ core subjects ေတြျဖစ္တဲ့-အဂၤလိပ္စာနဲ႔-သခၤ်ာဒီႏွစ္ဘာသာကို ေသခ်ာသင္ထားပါ။
က်န္တာေတြအတြက္ဗဟုသုတျဖစ္စရာ စာေပေတြဖတ္ခိုင္းပါ။အင္တာနက္ မရွိရင္လည္းနီးစပရာ ဆရာ၊ ဆရာမေတြ စုငွါးၿပီးေလးငါးေယာက္စုၿပီး သင္ထားေစခ်င္တယ္။
အခ်ိန္သိပ္မေရြးပါနဲ႔၊ အခ်ိန္သိပ္မေစာင့္ပါနဲ႔။အတန္းပညာတက္ရဖို႔ထက္ ကေလးေတြအတြက္စဥ္ဆက္မျပတ္ သင္ယူေလ့လာနိုင္ဖို႔ကအေရးႀကီးပါတယ္
။ေနာက္တစ္ခုက အရည္အခ်င္းပါ။အရည္အခ်င္းကို ဦးစားေပးပါ။ဆႏၵမေစာပါနဲ႔၊ သင္ခန္းစာၿပီးဖို႔အဓိကမထားပါနဲ႔။
အလြတ္က်က္တာေတြ အားမေပးပါနဲ႔။စဥ္းစားဉာဏ္ကို ဦးစားေပးပါ၊ ျဖန႔္ထြက္ေတြးတတ္ေအာင္သင္ယူခိုင္းပါ။
အရြယ္နဲ႔ ေလ့လာမႈကမၽွတဖို႔လိုပါတယ္။ဥပမာဆိုရရင္ အသက္ ၁၀ ႏွစ္ကေလးဆိုရင္ ၁၀ ႏွစ္နဲ႔ ညီတဲ့ Level အဆင့္ ရွိေနရပါမယ္။-
ဘာသာစကား-သခၤ်ာဉာဏ္ရည္အေရးႀကီးပါတယ္။ၿပီးေတာ့ ေစာေစာကေျပာသလို ျပင္ပ ဗဟုသုတ စာေပစုံဖတ္မွတ္ခိုင္းပါ။
တစ္ခ်ိန္မွာ ဖက္ဒရယ္ပညာေရး ျဖစ္လာရင္ အတန္းပညာထက္ အရည္အခ်င္းကို ဦးစားေပးမယ့္ Standardization စံသတ္မွတ္ခ်က္စာေမးပြဲလိုမ်ိဳးေတြအရြယ္ကိုၾကည့္ၿပီ စစ္တာမ်ိဳး ျဖစ္လာလိမ့္မယ္။
ဥပမာ ကေလးက Highschool ၿပီးတဲ့ အရြယ္ဆိုပါစို႔။ေကာလိပ္တက္နိုင္ဖို႔ အရည္အခ်င္းျပည့္မီ မမီကို
ေအာင္လက္မွတ္ေတာင္းၿပီး ၾကည့္စစ္တာမ်ိဳးမဟုတ္ေတာ့ဘဲ၊Collegeadmission tests လိုမ်ိဳး ဝင္ခြင့္စာေမးပြဲေတြ လာပါလိမ့္မယ္။
အစိုးရပညာေရး ဝန္ႀကီးဌာနဆိုတာက ေအာင္လက္မွတ္ေပးတဲ့ အဖြဲ႕အစည္းမဟုတ္ေတာ့ဘဲပဲ့ကိုင္ထိန္း႐ုံ လုပ္မယ့္အဖြဲ႕အစည္းအေနနဲ႔ပဲ ရွိေတာ့မွာပါ။
စာေမးပြဲရာသီေတြ Intake ေက်ာင္းဖြင့္ခ်ိန္ေတြကတစ္ျပည္နယ္နဲ႔ တစ္ျပည္နယ္ မတူနိုင္သလို၊Awarding body ေတြေပၚမွာမူတည္ၿပီး Semester ေတြကြဲျပားပါလိမ့္မယ္
။ေက်ာင္းေတြက ယခင္လို ဗဟိုခ်ဳပ္ကိုင္ ထိန္းခ်ဳပ္မႈမရွိေတာ့ဘဲအရည္အခ်င္းစစ္၊စံခ်ိန္မီ မမီ စစ္ေဆးမယ့္ အဖြဲ႕အစည္းေတြနဲ႔ အဆင့္သတ္မွတ္ခ်က္ (ranking)ေပးမယ့္အဖြဲ႕ေတြေပၚလာပါလိမ့္မယ္။
ဒီအခ်ိန္မွာ ေက်ာင္းေတြေရြးရတာလည္း တစ္ဖက္က ပိုလြယ္လာသလို မိဘေတြဘက္က ပညာေရးကို စိတ္ႀကိဳက္ေရြးခ်ယ္ခြင့္ သာလာပါလိမ့္မယ္
။ေလာေလာဆယ္ ကိုယ့္ဘက္က ျပင္ဆင္ထားရမွာကအတန္းပညာေရးထက္ အရည္ခ်င္းျပည့္မီေအာင္ပါပဲ။
မိဘကိုယ္တိုင္က ေသခ်ာစူးစမ္းၿပီး ကေလးကို အဆင့္လိုက္ျပင္ဆင္နိုင္ေအာင္ စီစဥ္သင့္ပါတယ္။
တစ္ခုပဲ အႀကံေပးခ်င္တာက စိတ္ေလာၿပီး တတ္ခ်င္လြန္းအားႀကီးၿပီး ကေလးကို မနိုင္မနင္း တစ္ခုၿပီးတစ္ခု၊တစ္ခ်ိန္ၿပီး တစ္ခ်ိန္၊ အနားမေပးဘဲသင္ယူေနတာမ်ိဳးမလုပ္မိပါေစနဲ႔။
အိုးနဲ႔ ဆန္ တန္႐ုံပဲေကာင္းပါတယ္၊ မွန္ကန္တဲ့ျပဳစုပ်ိဳးေထာင္မႈမ်ိဳးက အေရးႀကီးပါတယ္။
အပင္ျမန္ျမန္ႀကီးခ်င္တာနဲ႔ခဏခဏအဆက္မျပတ္ ေရေလာင္းေနလို႔မွ မရတာ။
Credit
Unicode
“ဒေါက်တာ ဇော်ဝေစိုး”ဒီလိုသာကျောင်းတွေ မနေရဘဲဖြစ်နေရင်၊ကလေးတွေ အသက်တွေကြီးပြီး
အရွယ်လွန်ကုန်မှာစိုးတယ်ဆရာတဲ့။စိတ်၊သိပ် မပူပါနဲ့၊
သားငယ်သမီးငယ်တို့အတွက် ပညာရေးတွေရပ်တန့်နေချိန်မှာအကောင်းဆုံးပြင်ဆင်
ထားသင့်တာကတော့မရှိမဖြစ် core subjects တွေဖြစ်တဲ့-အင်္ဂလိပ်စာနဲ့-သင်္ချာဒီနှစ်ဘာသာကို သေချာသင်ထားပါ။
ကျန်တာတွေအတွက်ဗဟုသုတဖြစ်စရာ စာပေတွေဖတ်ခိုင်းပါ။အင်တာနက် မရှိရင်လည်းနီးစပရာ ဆရာ၊ ဆရာမတွေ စုငှါးပြီးလေးငါးယောက်စုပြီး သင်ထားစေချင်တယ်။
အချိန်သိပ်မရွေးပါနဲ့၊ အချိန်သိပ်မစောင့်ပါနဲ့။အတန်းပညာတက်ရဖို့ထက် ကလေးတွေအတွက်စဉ်ဆက်မပြတ် သင်ယူလေ့လာနိုင်ဖို့ကအရေးကြီးပါတယ်
နောက်တစ်ခုက အရည်အချင်းပါ။အရည်အချင်းကို ဦးစားပေးပါ။ဆန္ဒမစောပါနဲ့၊ သင်ခန်းစာပြီးဖို့အဓိကမထားပါနဲ့။
အလွတ်ကျက်တာတွေ အားမပေးပါနဲ့။စဉ်းစားဉာဏ်ကို ဦးစားပေးပါ၊ ဖြန့်ထွက်တွေးတတ်အောင်သင်ယူခိုင်းပါ။
အရွယ်နဲ့ လေ့လာမှုကမျှတဖို့လိုပါတယ်။ဥပမာဆိုရရင် အသက် ၁၀ နှစ်ကလေးဆိုရင် ၁၀ နှစ်နဲ့ ညီတဲ့ Level အဆင့် ရှိနေရပါမယ်။-
ဘာသာစကား-သင်္ချာဉာဏ်ရည်အရေးကြီးပါတယ်။ပြီးတော့ စောစောကပြောသလို ပြင်ပ ဗဟုသုတ စာပေစုံဖတ်မှတ်ခိုင်းပါ။
တစ်ချိန်မှာ ဖက်ဒရယ်ပညာရေး ဖြစ်လာရင် အတန်းပညာထက် အရည်အချင်းကို ဦးစားပေးမယ့် Standardization စံသတ်မှတ်ချက်စာမေးပွဲလိုမျိုးတွေအရွယ်ကိုကြည့်ပြီ စစ်တာမျိုး ဖြစ်လာလိမ့်မယ်။
ဥပမာ ကလေးက Highschool ပြီးတဲ့ အရွယ်ဆိုပါစို့။ကောလိပ်တက်နိုင်ဖို့ အရည်အချင်းပြည့်မီ မမီကို
အောင်လက်မှတ်တောင်းပြီး ကြည့်စစ်တာမျိုးမဟုတ်တော့ဘဲ၊Collegeadmission tests လိုမျိုး ဝင်ခွင့်စာမေးပွဲတွေ လာပါလိမ့်မယ်။
အစိုးရပညာရေး ဝန်ကြီးဌာနဆိုတာက အောင်လက်မှတ်ပေးတဲ့ အဖွဲ့အစည်းမဟုတ်တော့ဘဲပဲ့ကိုင်ထိန်းရုံ လုပ်မယ့်အဖွဲ့အစည်းအနေနဲ့ပဲ ရှိတော့မှာပါ။
စာမေးပွဲရာသီတွေ Intake ကျောင်းဖွင့်ချိန်တွေကတစ်ပြည်နယ်နဲ့ တစ်ပြည်နယ် မတူနိုင်သလို၊Awarding body တွေပေါ်မှာမူတည်ပြီး Semester တွေကွဲပြားပါလိမ့်မယ်
။ကျောင်းတွေက ယခင်လို ဗဟိုချုပ်ကိုင် ထိန်းချုပ်မှုမရှိတော့ဘဲအရည်အချင်းစစ်၊စံချိန်မီ မမီ စစ်ဆေးမယ့် အဖွဲ့အစည်းတွေနဲ့ အဆင့်သတ်မှတ်ချက် (ranking)ပေးမယ့်အဖွဲ့တွေပေါ်လာပါလိမ့်မယ်။
ဒီအချိန်မှာ ကျောင်းတွေရွေးရတာလည်း တစ်ဖက်က ပိုလွယ်လာသလို မိဘတွေဘက်က ပညာရေးကို စိတ်ကြိုက်ရွေးချယ်ခွင့် သာလာပါလိမ့်မယ်
။လောလောဆယ် ကိုယ့်ဘက်က ပြင်ဆင်ထားရမှာကအတန်းပညာရေးထက် အရည်ချင်းပြည့်မီအောင်ပါပဲ။
မိဘကိုယ်တိုင်က သေချာစူးစမ်းပြီး ကလေးကို အဆင့်လိုက်ပြင်ဆင်နိုင်အောင် စီစဉ်သင့်ပါတယ်။
တစ်ခုပဲ အကြံပေးချင်တာက စိတ်လောပြီး တတ်ချင်လွန်းအားကြီးပြီး ကလေးကို မနိုင်မနင်း တစ်ခုပြီးတစ်ခု၊တစ်ချိန်ပြီး တစ်ချိန်၊ အနားမပေးဘဲသင်ယူနေတာမျိုးမလုပ်မိပါစေနဲ့။
အိုးနဲ့ ဆန် တန်ရုံပဲကောင်းပါတယ်၊ မှန်ကန်တဲ့ပြုစုပျိုးထောင်မှုမျိုးက အရေးကြီးပါတယ်။
အပင်မြန်မြန်ကြီးချင်တာနဲ့ခဏခဏအဆက်မပြတ် ရေလောင်းနေလို့မှ မရတာ။
Credit