ပြည်သူတွေပေးလှူတဲ့ ဆွမ်းကို မစားရက်တော့လို့ ပြည်သူတွေအတွက် ပေးဆပ်လိုက်တဲ့ ဉီးဥက္ကံသ

“အာဏာရှင်တွေက အပြစ်မဲ့တဲ့ ပြည်သူတွေကို နေ့စဉ်နဲ့အမျှ သတ်နေကြတာ ကြားရ တွေ့ရတော့ ရင်ထဲမှာ အရမ်းပူလောင်ခဲ့တယ်၊ ကျွန်တော် ရဟန်းဘဝကို အရမ်းတန်ဖိုးထားခဲ့ပါတယ်၊ လူဝတ်လဲ မလဲချင်ပါဘူး။

ဒါပေမဲ့ ပြည်သူတွေကသေနေပြီး ပြည်သူတွေရဲ့ ဆွမ်း ထမင်းကို စားနေရတာ လုံးဝအဆင်မပြေတော့ပါဘူး၊ ဒါကြောင့် မှန်ကန်တဲ့ရွေးချယ်မှု ကို ရွေးချယ်ခဲ့ရခြင်း ဖြစ်ပါသည်။

အာဏာရှင်တွေ ကြောင့် အပြစ်မဲ့တဲ့ ဒကာ ဒကာမ၊ ပြည်သူလူထုတွေ တစ်နေ့ပြီးတစ်နေ့ သေကြတယ်၊ ဖမ်းစီးခြင်းခံကြရတယ်၊ ကြေကွဲမှုများစွာကို ရင်ဆိုင်နေရရှာတယ်။

ဒါကြောင့် ပြည်သူတွေ ကျွေးတဲ့ (ဆွမ်း)ထမင်းကို စားခဲ့ဖူးတဲ့ ကျွန်တော် ပြည်သူတွေအတွက် ကျွန်တော့် အသက်ကို ရင်းရမှာ မကြောက်ပါဘူး။

အရမ်းကျေနပ်ပါတယ်” နောက်ဆုတ်ဖို့ အင်အားမရှိ၊ ရှေဆက်ဖို့အင်အား အပြည့်ရှိတယ်၊ အာဏာရှင်ကျရှုံးတဲ့အထိ အသက်ပေးတိုက်မယ်။

၂၀၂၁ မှာ အာဏာရှင်စနစ် ကျရှုံးမယ်ဆိုတာ ကျွန်တော်တို့ တော်လှန်ရေးသမားတွေ ယုံကြည်တယ်၊ နိုင်ကိုနိုင်ရမည် ဟု ပြောကြားခဲ့ပါသည်။

#နီနီရဲ(လက်မလေး)

Unicode

Be the first to comment

Leave a Reply

Your email address will not be published.

*