အကြမ်းဖက်စစ်ကောင်စီ၏မီးရှို့မှုကြောင့်မြောက်အင်းကျေးရွာတွင်…

အကြမ်းဖက်စစ်ကောင်စီ၏မီးရှို့မှုကြောင့်မြောက်အင်းကျေးရွာတွင်နေအိမ်အလုံး၉၀မီးလောင်ကျွမ်းဆုံးရှုံး(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊ရေဦးကုန်းအုပ်စုမြောက်အင်းကျေးရွာတွင်အကြမ်းဖက်စစ်ကောင်စီမှ

ယနေ့ဒီဇင်ဘာ၂၆ရက်နေ့မနက်၁၁ခွဲအချိန်တွင် ပြည်သူများ၏နေအိမ်များကိုမီးစတင်ရှို့ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောဆိုသည်။

“မနက်၈နာရီလောက်ကတည်းကချောင်းဆုံရွာဖလံချိုင့်ရေဦးကုန်းရွာတွေကိုခြေလျင်ဆင်းလာခဲ့တာ။မြောက်အင်းရွာကတော့၁၁နာရီခွဲလောက်ကစတင်ရှို့နေတာပါဗျ။

မီးတင်ရှို့နေတာ၆လုံးရှိသွားပါပြီ”ဟု၎င်းကပြောပြသည်။လက်ရှိအချိန်တွင် နေအိမ်အလုံး ၉၀ ဝန်းကျင်ခန့်(တစ်ရွာလုံးနီးပါး)မီးလောင်မှုကြောင့်ပျက်စီးဆုံးရှုံးသွားပြီဖြစ်သည်။

နေအိမ်များကိုမီးရှို့ပြီးနောက်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်မြောက်အင်းရွာမှထွက်ခွာသွားပြီး

မြောက်အင်းရွာမြောက်ဘက်အထွက်တွင်မိုင်းတစ်လုံးဖောက်ခွဲတိုက်ခိုက်ခံရကြောင်းဒေသခံများကပြောကြားသည်။

ပြည်သူများ၏နေအိမ်များကိုအကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့သည့်အကြမ်းဖက်စစ်ကောင်စီတပ်၏မိုင်းဖောက်ခွဲတိုက်ခိုက်ခံရမှုတွင်၎င်းတို့၏အထိအခိုက်အကျအဆုံးကိုမသိရှိရသေးပေ။Credit

Zawgyi Version

အဆုံးတွင်Videoဖိုင်ပါသည်။

အကြမ်းဖက်စစ်ကောင်စီ၏မီးရှို့မှုကြောင့်မြောက်အင်းကျေးရွာတွင်နေအိမ်အလုံး၉၀မီးလောင်ကျွမ်းဆုံးရှုံး(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊ရေဦးကုန်းအုပ်စုမြောက်အင်းကျေးရွာတွင်အကြမ်းဖက်စစ်ကောင်စီမှ

ယနေ့ဒီဇင်ဘာ၂၆ရက်နေ့မနက်၁၁ခွဲအချိန်တွင် ပြည်သူများ၏နေအိမ်များကိုမီးစတင်ရှို့ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောဆိုသည်။

“မနက်၈နာရီလောက်ကတည်းကချောင်းဆုံရွာဖလံချိုင့်ရေဦးကုန်းရွာတွေကိုခြေလျင်ဆင်းလာခဲ့တာ။မြောက်အင်းရွာကတော့၁၁နာရီခွဲလောက်ကစတင်ရှို့နေတာပါဗျ။

မီးတင်ရှို့နေတာ၆လုံးရှိသွားပါပြီ”ဟု၄ကပြောပြသည်။လက်ရှိအချိန်တွင် နေအိမ်အလုံး ၉၀ ဝန်းကျင်ခန့်(တစ်ရွာလုံးနီးပါး)မီးလောင်မှုကြောင့်ပျက်စီးဆုံးရှုံးသွားပြီဖြစ်သည်။

နေအိမ်များကိုမီးရှို့ပြီးနောက်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်မြောက်အင်းရွာမှထွက်ခွာသွားပြီး

မြောက်အင်းရွာမြောက်ဘက်အထွက်တွင်မိုင်းတစ်လုံးဖောက်ခွဲတိုက်ခိုက်ခံရကြောင်းဒေသခံများကပြောကြားသည်။

ပြည်သူများ၏နေအိမ်များကိုအကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့သည့်အကြမ်းဖက်စစ်ကောင်စီတပ်၏မိုင်းဖောက်ခွဲတိုက်ခိုက်ခံရမှုတွင်၄တို့၏အထိအခိုက်အကျအဆုံးကိုမသိရှိရသေးပေ။Credit

Be the first to comment

Leave a Reply

Your email address will not be published.


*