ချစ်ရတဲ့ ကလေးတွေကို ဘုရားဖူး လိုက်ပို့ပေးရင်း ကြည်နူးစရာ အမှတ်တရလေးတွေ ဖန်တီးပေးခဲ့တဲ့ မင်းသမီး ခိုင်နှင်းဝေ…





Credit – CELE ZONE

Unicode
ချစ်ရတဲ့ ကလေးတွေကို ဘုရားဖူး လိုက်ပို့ပေးရင်း ကြည်နူးစရာ အမှတ်တရလေးတွေ ဖန်တီးပေးခဲ့တဲ့ မင်းသမီး ခိုင်နှင်းဝေ…

ခိုင်နှင်းဝေကတော့ ပြည်သူတွေရဲ့ ကောင်းကျိုးကိုလိုလားပြီး ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေတာဖြစ်ပါတယ်။ရင်ခွင်ပိုက်အရွယ်လေးတွေနဲ့ မိဘရဲ့စွန့်ပစ်ခြင်းကိုခံလိုက်ရတဲ့ ကလေးတွေကိုလည်း နွေးထွေးစွာထွေးပွေ့ပေးထားသူ တစ်ယောက်ပါ။

ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာကတော့ ချစ်စရာသားသားမီးမီးလေးတွေရှိလို့ ပျော်ရွှင်ချမ်းမြေ့စရာကောင်းလှပါတယ်။ဒါ့အပြင် ကလေးတွေရဲ့ ဝေယျာဝစ္စ တွေပါမက ကျန်းမာရေး ကိစ္စတွေကိုလည်း သူကိုယ် သေသေချာချာ ဂရုတစိုက်နဲ့ ပြုစု စောင့်ရှောက်ပေးနေတာကလည်း တကယ်လေးစားစရာပါပဲ။

ကလေးတွေကလည်း တစ်ယောက်ကို တစ်ယောက် ကြင်ကြင်နာနာနဲ့ ချစ်ချစ်ခင်ခင် ရှိကြလို့ ခိုင်နှင်းဝေက ပီတိဖြစ်နေရတာပါ။ အခုလည်း ချစ်ရတဲ့ သားတွေ သမီးတွေကို ဘုရားဖူး လိုက်ပို့ပေးဖြစ်ခဲ့တဲ့ အမှတ်တရ ပုံလေးတွေကို ဝေမျှလာပါတယ်။

ပုံလေးတွေ ကြည့်ပြီး အပျော်တွေ ကူးစက်မိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
Credit – CELE ZONE

Be the first to comment

Leave a Reply

Your email address will not be published.


*