တော်လှန်ရေးအဖွဲ့တစ်ခု ဗြိတိန်ထုတ် AWM နှင့် ပုံစံတူ စနိုက်ပါသေနတ် ထုတ်လုပ်

ဗြိတိန်ထုတ် AWM – Arctic Warfare Magnumနှင့် ပုံစံတူ စနိုက်ပါ သေနတ်ကို အထက်မြန်မာပြည်အခြေ စိုက် တော်လှန်ရေးအဖွဲ့ တစ်ခုဖြစ်သည့် Special Attacking Force က ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။…

Special Attacking Force (SAF)မှတာဝန်ရှိသူက “AWM အမျိုးအစားနဲ့က ပုံစံတူ လက်လုပ် သေနတ်ကို ထုတ်လုပ်ခဲ့တာပါ။ ဒီမှာရှိတဲ့

ကျနော်တို့ ရဲဘော်တွေနဲ့ထုတ်လုပ်ထားတာပါ။ အခုတော့ တိုက်ပွဲဝင်ပြီး တိုက်နိုင်တဲ့ အနေအထား ဖြစ်နေပါပြီ” ဟု ပြောသည်။….

SAFက ထုတ်လုပ်သည့် AWM နှင့် ပုံစံတူ စနိုက်ပါမှာ မီတာ ၃၀၀ ( ပေ ၁၀၀၀ နီးပါး) အထိ ပစ်ခတ်နိုင်ပြီး တိုက်ပွဲဝင်နိုင်သော အသင့်

အနေအထားတွင် ရှိနေပြီဖြစ်ကြောင်း သိရသည်။သို့သော်လည်း လက်ရှိအချိန်တွင် ကျည်တစ်ထောင့်ထိုး၍သာ ပစ်ခတ်ရသော အနေအထားတွင်ရှိနေပြီး…

ထပ်မံ၍ အတွဲလိုက် ပစ်ခတ်နိုင်သော အနေအထားအထိ ကြိုးစားသွားကြမည်ဖြစ်ကြောင်းသိရသည်။နမူနာ သေနတ်တစ်လက်တည်းသာ

လက်ရှိအချိန်တွင်ထုတ်လုပ်နိုင်သေးပြီး ငွေကြေးနှင့် လုံလောက်သည့် ပစ္စည်းများ ရရှိပါက တစ်လလျင် ငါးလက်ခန့်အထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။….

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအထက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး အဖွဲ့များအကြား စစ်ရေးအခြေအနေများ

တင်းမာလျက် ရှိနေသည်။ယင်းသို့သော အခြေအနေတွင် လက်နက်ဝယ်ယူရသည့် ကုန်ကျစရိတ်များပြားနှင့် သယ်ယူပို့ဆောင် ရန် ခက်ခဲခြင်းတို့ကြောင့်…

တော်လှန်ရေး အဖွဲ့အများအပြား သေနတ်ကို ကိုယ်တိုင် ထုတ်လုပ်လာကြကြောင်း သိရသည်။”ဝယ်တဲ့အခါမှာလည်း ဈေးတွေက အများ

ကြီးမြောက်တယ်။ လမ်း ကြောင်းတွေကလည်း ကြပ်နေကြတယ်လေ” ဟု စစ်ကိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုကလည်း ပြောသည်။….

AWM သညျ ဗွိတိနျနိုငျငံ၏ ကမ်ဘာကြောျ Sniper တဈလကျဖွဈပွီးAccuracy International က Design ဆှဲထုတျလုပျခဲ့ ခွငျးဖွဈပွီး ကမ်

ဘာ့အကောင်းဆုံး Sniper အဖြစ် မှတ်တမ်းဝင်ထားသည်။AWM ၏ မူရင်း design မှာ ၁၈၈၀ ပြည့်နှစ်ကတည်းက စတင်တည်ထောင်ခဲ့

သည့် Accuracy International Arctic Warfare ( AW) ဖြစ်ပြီး၎င်းကို ပြန်လည်အဆင့်မြှင့်တင်ခဲ့ခြင်း ဖြစ်သည်။….

AW sniper များသည် အမဲပစ်သမားများ၊ အထူးရဲများနှင့် စစ်တပ်များအကြား အလွန်နာမည်ကျော်ကြားကာ နိုင်ငံပေါင်း ၂၀ ခန့်က

စစ်တပ်များ လက်ရှိအသုံးပြုနေသည့် အမျိုးအစား ဖြစ်သည်။မူရင်း AW Sniper များ သည် ကျည်အမျိုးအစား ပေါ်မူတည်ပြီး ပေ ၂၄၀၀ မှ ပေ ၁၂၀၀၀ အထိ ပစ်ခတ်နိုင်သည်။….

credit all

Be the first to comment

Leave a Reply

Your email address will not be published.


*