ကျောက်သင်ပုန်းလေးတွေနဲ့ သဘာဝဆန်ဆန် ရိုက်ကူးထားတဲ့ PRE WEDDING ပုံလေးတွေ မျှဝေလာတဲ့ မောင်နဲ့ ရီရီပွင့်ဖြူ…
Credit
Unicode
ကျောက်သင်ပုန်းလေးတွေနဲ့ သဘာဝဆန်ဆန် ရိုက်ကူးထားတဲ့ PRE WEDDING ပုံလေးတွေ မျှဝေလာတဲ့ မောင်နဲ့ ရီရီပွင့်ဖြူ…
သရုပ်ဆောင် မောင်နဲ့ သရုပ်ဆောင် ရီရီပွင့်ဖြူတို့ကတော့ တချိန်က အနုပညာလောကမှာ အသီးသီးအောင်မြင်ခဲ့သူတွေဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မောင်နဲ့ ရီရီပွင့်ဖြူတို့နှစ်ယောက်စလုံးက အနုပညာအလုပ်တွေမလုပ်ကိုင်ဖြစ်တော့ပဲ ပညာရေးနဲ့ စီးပွားရေးဘက်ကိုသာ ပိုမိုအချိန်ပေးလုပ်ကိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။
ချစ်သူတွေအဖြစ် (၈) နှစ်ကျော်ကြာလက်တွဲလာခဲ့ကြတဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့ဟာ မကြာခင်အချိန် အတွင်းမှာပဲ လက်ထပ်တော့မှာဖြစ်ပြီး သူတို့နှစ်ယောက်ဘဝအတွက် အမှတ်တရဖြစ်စေမယ့်အရာလေးတွေနဲ့ Pre Wedding ဓာတ်ပုံတွေ ရိုက်ကူးနေတာပဲဖြစ်ပါတယ်။
ဒီကနေ့မှာလည်း မောင်နဲ့ ရီရီပွင့်ဖြူတို့ဟာ သူတို့နှစ်ယောက်မင်္ဂလာပွဲအတွက် ရိုက်ကူးထားတဲ့ ဒုတိယမြောက် Pre Wedding ဓာတ်ပုံတွေကိုပြသရင်း “ကျောက်သင်ပုန်းလေးတွေက ကျွန်တော်တို့ မွန်ပြည်နယ် ဘီလူးကျွန်း မုဒွန်းရွာ ကနေထွက်ပါတယ်။ ခုခေတ်မှာ ကျောက်သင်ပုန်းလေးတွေ မသုံးကြတော့လို့ လုပ်ငန်းတော်တော်များများ ကွယ်ပျောက်သွားပေမယ့်၊ အခုချိန်ထိ ကျန်ရှိနေတဲ့လုပ်ငန်းလေးတွေကတော့ အမှတ်တရ လက်မှုပစ္စည်း အဖြစ်ပြောင်းလဲထုတ်လုပ်ပြီး ရပ်တည်နေကြပါတယ်။” ဆိုပြီးပြောလာခဲ့ပါတယ်။
မောင်ကတော့ သူ့ရဲ့မွေးရပ်မြေ မွန်ပြည်နယ်က အထင်ကရဖြစ်တဲ့နေရာလေးတွေမှာ သူ့ဘဝရဲ့ အမှတ်တရဖြစ်ရမယ့် Pre Wedding ဓာတ်ပုံတွေကိုရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မောင်နဲ့ ရီရီပွင့်ဖြူတို့ရဲ့ Pre Wedding ဓာတ်ပုံလေးတွေကြည့်ရင်း အားကျနေကြလောက်ပြီထင်ပါတယ်နော်။
Credit