မြန်မာနိုင်ငံမှ မြင်တွေ့ခဲ့ရသော သမိုင်းဝင် အာကာသ တယ်လီစကုတ် လွှတ်တင်ခြင်း ဖြစ်စဉ်











unicode,

မြန်မာနိုင်ငံမှ မြင်တွေ့ခဲ့ရသော သမိုင်းဝင် အာကာသ တယ်လီစကုတ် လွှတ်တင်ခြင်း ဖြစ်စဉ်

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် မြန်မာစံတော်ချိန် ညေန ၆:၅၂ မိနစ်ခန့်က တောင်အမေရိကတိုက်အရှေ့ပိုင်းရှိ ပြင်သစ် ဂီယာနာ နိုင်ငံမှ အာရိယန် ၅ (Ariane 5) ဒုံးပျံနှင့်အတူ

လွှတ်တင်ခဲ့တဲ့ ဂျိမ်းဝပ်ဘ် အာကာသအဝေးကြည့်မှန်ပြောင်း (James webb space telescope) ကို မြန်မာနိုင်ငံအပါအဝင် အာဖရိကနဲ့ ကမ္ဘာ့နိုင်ငံအများစုမှ မြင်တွေ့ခဲ့ကြပါတယ်။

အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့် တန်ဘိုးရှိတဲ့ အာကာသတယ်လီစကုတ်ဟာ ယခုဆိုလျှင် အာကာသအတွင်းသို့ ချောမောစွာရောက်ရှိသွားခဲ့ပြီးဖြစ်ပါတယ်။

ဂျိမ်းဝပ်ဘ် ဆိုတာကေတာ့ ၁၉၆၀ ခုနှစ်များက လကမ္ဘာသို့ စေလွှတ်ခဲ့သော အပိုလိုအာကာသခရီးစဉ်များ၏ ဗိသုကာပညာရှင်ဖြစ်သူ ဂျိမ်းဝက်ဘ်ရဲ့ အမည်ကို ဂုဏ်ပြုထားခြင်းဖြစ်ပါတယ်။

ဒီအာကာသတယ်လီစကုတ်မှာ ၆.၅ မီတာကျယ်တဲ့ ရွှေရောင် (ပင်မ) မှန်တစ်ခုပါရှိပြီး အာကာသ၏ အနက်ရှိုင်းဆုံးနေရာများမှ လျှို့ဝှက်ချက်များစွာကို လေ့လာဖော်ထုတ်သွားမှာဖြစ်ပါတယ်။

စကြဝဠာကြီးစတင်ဖြစ်ပေါ်ခဲ့တဲ့ မဟာပေါက်ကွဲမှုကြီး (Big Bang) အပါအဝင် လူသားတို့ မသိရှိသေးသော ဖြစ်စဉ်ပြောင်းလဲမှုများစွာကိုလည်း သိပ္ပံနည်းကျ သုတေ သနပြု လေ့လာသွားမှာပဲ ဖြစ်ပါတယ်။

ဒါဟာ လူ့ဘောင်အသိုင်းအဝန်းကို ပြောင်းလဲပေးနိုင်မည့် ခေတ်ပြောင်းတော်လှန်ရေး (Revolution ) တစ်ခုပဲဖြစ်ပါတယ်။

ဒီခေတ်စနစ်များကို လိုက်မှီနိုင်ဖို့ နောင်အနာဂတ်မှာ စဉ်းစားတွေးခေါ်မှုကို အခြေခံတဲ့ အသိပညာ၊ အတတ္ပညာမ်ားကို ဖွံ့ဖြိုးတိုးတက်အောင် ကျနော်တို့ ကြိုးစား ထမ်းဆောင်ကြရပါဦးမည်ပဲ ဖြစ်ပါတော့တယ်။

Credit – သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ) Photo credit

Be the first to comment

Leave a Reply

Your email address will not be published.


*