“အသက် (၉၀)ကျော် အမေကို သွားတိုက်ဆေးရောင်းပြီးရှာကျွေးနေတဲ့ လူရွှင်တော်ကြီးဦးလှမိုး”
|အသက် (၉၀) ကျော် အမေအိုကြီးကို သွားတိုက်ဆေးရောင်းပြီးရှာကျွေးနေတဲ့ အသက်(၇၀) အရွယ်
အဘ ဦးလှမိုးပါ။ အဘလူရွှင်တော်တဦးဖြစ်ကြောင်းလည်းသိရပြီး အရင်တုန်းက ပွဲနားရင် ဈေးထွက်ရောင်းလေ့ရှိပါတယ်။
“အဘဦးလှမိုးက သံစူးထားတဲ့အပြင် ဆီးချိုလဲရှိနေတော့ ခြေထောက်က ယောင်ကိုင်းပြီးယင်ကောင်တွေ တဝီဝီ
နဲ့ မြင်ရတွေ့ရတာ တကယ်စိတ်မချမ်းသာစရာပါဗျာ.”လို့ မိုးစက်ကပြောပါတယ်။
မိုးစက်က အဘကို ၁သိန်းကျပ်ကန်တော့ခဲ့ပါတယ်။
အဘ ဦးလှမိုး ဟာတောင်ဒဂုံ (၅၆) ဈေး ၊ ၁၉ ဈေး ၊ ၂၀ ဈေး နဲ့ ဂိတ်ဟောင်း
ဈေး တို့မှာ လှည့်လည်ရောင်းချတယ်လို့ သိရပါတယ်။
Photo-MoeSat