စစ်ကောင်စီတပ်ဖွဲ့တို့ ထမင်းဝိုင်းဖွဲ့ စားနေချိန် KIA တို့ ဝင်ရောက် တိုက်ခိုက်၊ စစ်ကောင်စီ တပ်တို့ ထိခို..က်..ကျ..ဆုံ..းမှု..မျ..ားပြား
|ဒီဇင်ဘာ ၂၅ – 7stars Newsရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မန်ပိန်းကျေးရွာအထက်
ကောင်းခမ်းအနီးကျောက်တောင်၌ ထမင်းဝိုင်းဖွဲ့စားနေကြသော စစ်ကောင်စီ တပ်ဖွဲ့ကို ယနေ့ည
၄:၄၀နာရီအချိန်တွင် KIA တို့ အလစ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
အင်အား ၄၀ မျှရှိသော စစ်ကောင်စီ တပ်ဖွဲ့ကို KIA တို့ ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ မှ
အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သိန္နီအခြေစိုက် စစ်ကောင်စီ အမြောက်တပ်မှလည်း လက်နက်ကြီးများ
အဆက်မပြတ်ပစ်ကူခဲ့ကြောင်း ဒေသခံတစ်ဦးက 7stars News ကို ပြောသည်။
“မိုးချုပ်ခါနီး ၅ နာရီလောက်မှာ သိန္နီအမြောက် တပ်ကနေပြီး လက်နက်ကြီးတွေ
တရစပ် ပစ်နေတာပဲ။ တိုက်ပွဲဘယ်ဖက်မှာ ဖြစ်နေ တယ်ဆိုတာတော့မသိဘူး။
ကျွန်တော်တို့ ဒေသခံပြည်သူတွေကတော့ လက်နက်ကြီး သံတွေကြားလို့ စိုးရိမ်ကြောက်လန့်နေကြ တာ။
အိမ်တွေမှာ လက်နက်ကြီးကျကွဲမှာ ကြောက်နေကြရတာပေါ့ဟု ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့တို့ ထမင်းဝိုင်းဖွဲ့စားနေချိန် KIA တို့ အငိုက်ဖမ်းကာ အလစ်ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့်
စစ်ကောင်စီတပ်ဖွဲ့တို့ အတုံးအရုံး ကျဆုံးမှုရှိကာ KIA တို့ တစ်စုံတစ်ရာ
ထိခိုက်မှု မရှိကြောင်း ရှေ့တန်းသတင်းရင်းမြစ်မှ စုံစမ်း သိရှိရသည်။
ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းတွင်လည်း မန်ပိန်းအထက်တွင် MNDAA နှင့်
စစ်ကောင်စီတပ်တို့ နာရီဝက်ကြာမျှ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။