“ကချင်ပြည်နယ်ရဲ့ လူသိပ်မသိသေးတဲ့ သဘာဝကပေးသည့် တန်ဖိုးရှိ ငွေတွင်းကြီး..”

ကချင်ကို လူတွေ သိတာ ကျောက်စိမ်းကောင်းကောင်းထွက်တယ်လို့ပဲ သိကြတယ်.. ဒေသခံ ကချင်လူမျိုးတွေတောင် သူ့တို့သိတာ ကျောက်စိမ်းနဲ့ပဲ ချမ်းသာနိုင်မယ် ထင်နေကြတယ်..

ခါကာဘိုရာဇီနဲ့ ဧဝရတ်တောင်ကနေ စီးဆင်းလာတဲ့ ကြည်လင်ရှင်းသန့်တဲ့ သဘာဝ ရေကြည်အေးအေးတွေကြောင့် သဘာဝ တရားက ကချင်မှာပဲ ထူးခြားစွာ ထွက်ရှိတဲ့ သဘာဝဆေးဖက်ဝင် အော်ဂဲနစ် စစ်စစ် သစ်မြစ်သစ်ဖုတွေကနေ ဖြစ်လာတဲ့ ရှီးပတီးကောင်လေးတွေနဲ့ ထင်းရှုးပင်တွေရဲ့ ကြွေကျနေတဲ့ အရွက်အောက်မှာပဲ သဘာဝအတိုင်းပေါက်တဲ့ ဂျပန် နာမည် မက်ဆုတာကဲ (Matsutake Mushroom) ခေါ်တဲ့ ထင်းရှူးမှိုဟာ ကမ္ဘာမှာ အင်မတန် နာမည်ကြီးပါတယ်..

ဂျပန်လူမျိုးတွေရဲ့ နာမည်အကြီးဆုံး ဈေးအကြီးဆုံးမှိုမျိုးဖြစ်ပီး ဂျပန်မှာမှိုဟင်းတခွက်ဟာ ကျပ် (၃) သိန်းကျော်ပါတယ်..

အမေရိကန် ဈေးကွက်မှာလဲ အဲဒီမှို တပေါင်ဟာ ဒေါ်လာ ၁၃၀ ကျော်ရှိပီး မြန်မာငွေ ၂ သိန်းကျော် ရှိပါတယ်.. ဒီမှိုဟာ ကချင်ပြည်နယ် မြောက်ဖျားမှာ ပေါများစွာ ပေါက်ပီး ဒီမှိုတွေကို တရုပ်တွေက တရုပ်ပြည် ကချင်နယ်စပ်ကနေ လာရောက်ဝယ်ယူပီး သန့်စင်ဆေးကြောကာ ဂျပန်နဲ့အမေရိကားကို တန်ဖိုးရှိတဲ့ ဈေးနဲ့ ရောင်းပါတယ်..

တို့ကချင်ဒေသခံကတော့ သူတို့ပေးတဲ့ အောက်ကြေးလေးနဲ့ ရောင်းပေးလိုက်တာပါပဲ.. ကချင်ပြည်နယ်ရဲ့ သဘာဝတရားကပေးတဲ့ တန်ဖိုးရှိပစ္စည်းတွေ တန်ဖိုးသိကြပါစေ.. နယူးယောက်မြို့ သူဌေးရပ်ကွက် မင်ဟက်တန်က နာမည်ကျော် ကိုရီးယား ဂျပန် စားသောက်တန်းမှာ မှိုဟင်းတခွက်ကို စျေးအရမ်းကြီးပါတယ်.. ကိုရီးယားဂျင်ဆင်းဆေး ဈေးကြီးတယ်ဆိုတာ ထိုးဖောက်တက်လို့ပါ..

AKS NY

Be the first to comment

Leave a Reply

Your email address will not be published.


*