၁၂ နှစ်ကြာအထိ ဖုန်းအားသွင်းစရာမလိုတဲ့ ဖုန်းဘထ္ထရီများတီထွင်နိုင်ခဲ့ပြီ ဝင်သာဖတ်ကြည့်တော့ဗျာ

အားပြန်သွင်းစရာမလိုပဲနှစ်ပေါင်း ၁၂ နှစ်ကြာအသုံးပြုနိုင်တဲ့ဘက်ထရီကိုယူကရိန်းသိပ္ပံပညာရှင်တစ်ဦးကတီထွင်ဖန်တီးလိုက် ပါတယ်။အဲ့ဒီဘက်ထရီဟာ စမတ်ဖုန်းတွေအတွက်သာမက ကားတွေမှာပါ အသုံးပြုနိုင်ပါတယ်။

တီထွင်ဖန်တီးခဲ့သူကတော့ ယူကရိန်းသိပ္ပံပညာရှင် Vladislav Kiselev ပါ။သူဟာ Bioorganic Chemistry and Petrochemistry တက္ကသိုလ်ရဲ့ သုတေသီတစ်ဦးဖြစ်သလို ယူကရိန်းအမျိုးသားသိပ္ပံကျောင်းရဲ့ ပါမောက္ခတစ်ဦး လည်းဖြစ်ပါတယ်။သူဖန်တီးလိုက်တဲ့ ဘက်ထရီကိုတော့ 2016 edition of Sikorsky Challenge မှာ မိတ်ဆက်ပြ သခဲ့တာပါ။

ဘက်ထရီရဲ့ပုံစံဟာမီးခြစ်ဆံဘူးနဲ့တူပါတယ်။ရေဒီယိုဓါတ်သတ္တိကြွပစ္စည်းလို့မှတ်ယူနိုင်တဲ့tritiumကိုအသုံးပြုထားတာဖြစ်ပါတယ်။တစ်ချို့ရေဒီယိုဓါတ်သတ္တိကြွပစ္စည်းတွေကတော့လူတွေကိုအန္တရာယ်မဖြစ်စေနိုင်ကြောင်း၊အန္တရာယ်မဖြစ်စေနိုင်တဲ့အထဲမှာ tritiumဟာတစ်ခုအပါအဝင်လို့ Vladislav Kiselev ကပြောခဲ့တယ်လို့ဖော်ပြထားပါတယ်။

zawgyi




Add a Comment

Your email address will not be published.