ခရစ္စမတ် အမှတ်တရအဖြစ် သားလေး Everest နဲ့အတူ မိသားစု ပုံရိပ်လေးတွေ မျှဝေလာတဲ့ မေမေ အောန်ဆိုင်း






Credit – MYANMAR LOAD

Unicode
ခရစ္စမတ် အမှတ်တရအဖြစ် သားလေး Everest နဲ့အတူ မိသားစု ပုံရိပ်လေးတွေ မျှဝေလာတဲ့ မေမေ အောန်ဆိုင်း

စူပါမော်ဒယ် အောန်ဆိုင်းကတော့ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာဖြစ်ပြီး လက်ရှိမှာတော့ သားဦးလေးကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ အောန်ဆိုင်းကတော့လက်ရှိမှာ ပြည်ပနိုင်ငံတွင် နေထိုင်လျက် ရှိပြီး သူမရဲ့ မိသားစုဝင်များကိုပါ တစ်ပါတည်း ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

ကလေးမေမေ ဖြစ်သွားပေမယ့် အပျိုလေးလားလို့ထင်မှတ်ရလောက်အောင် လှပလွန်းနေသူမို့ ပရိသတ်တွေကပါ အားကျနေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိတော့ပေမယ့် သူမက မိသားစုကို ပိုပြီးအချိန်ပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် သူမကိုချစ်ရတဲ့ ပရိသတ်တွေအတွက် သူမရဲ့ လှုပ်ရှားမှုတွေ၊ မိသားစုပုံရိပ်လေးတွေကို အမြဲလိုလို ဝေမျှပေးနေတာ ဖြစ်ပါတယ်။

ခရစ်စမတ်နေ့ကလည်း အောန်ဆိုင်းရဲ့ Instagram မှာ ဓာတ်ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ပြည်ပနိုင်ငံမှာရှိတဲ့ အိမ်ကြီးထဲမှာ မိသားစုဝင်များနဲ့အတူ ခရစ္စမတ်ပွဲတော်ကျင်းပနေကြတဲ့ အောန်ဆိုင်းတို့ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေ ဖြစ်ပါတယ်။

ဒီနှစ်ဟာ သားလေး ဧဝရတ်မိုးမြင့်ရဲ့ ပထမဆုံး ကြုံရတဲ့ ခရစ္စမတ်နှစ် ဖြစ်တာကြောင့် တစ်အိမ်လုံးကို အလှပဆုံးဖြစ်အောင် အလှဆင်ထားကြတာ ဖြစ်ပါတယ်။
Credit – MYANMAR LOAD

Add a Comment

Your email address will not be published.