အိပ်ရာဝင်အိပ်ယာထ ရွတ်ဆိုသင့်သောမေတ္တာပို့

မေတ္တာကိုနှလုံးသွင်းခြင်းဟာ နှလုံးသွင်းသူတို့အား အထူးသဖြင့်အကျိုးများစေပါတယ်။ ဒါကြောင့်“သုဘုတိ”ဆိုတဲ့ ရဟန္တာမထေရ်ဟာဆွမ်းခံကြွတဲ့အခါ အိမ်တိုင်းအိမ်တိုင်းရှေ့၌ ခေတ္တရပ်နေစဉ်အတွင်း မေတ္တာဈာန်ကို ဝင်စားတော်မူပါတယ်။ အဲဒီမေတ္တာဈာန်မှထပြီး ဆွမ်းကိုအလှူခံတော်မူပါတယ်။

အဲဒါဟာဆွမ်းလှူတဲ့ဒါယကာဒါယိကာမများတို့အားအကျိုးများစေရန်ဖြစ်ပါတယ်။အဲဒီလိုအကျိုးများအောင်မေတ္တာဈာန်ဝင်စားပြီးအလှူခံလေ့ရှိတဲ့အတွက် “အရှင်သုဘုတိ”ကို မြတ်စွာဘုရားက အလှူခံပုဂ္ဂိုလ်မြတ်များမှာ “အမြတ်ဆုံးအဖြစ် ဧတဒဂ်ဂုဏ်ထူးရှင်” ချီးကျူးတော်မူပါတယ်။

ယခုအခါမှာလည်း အလှူပွဲများ၌ရဟန်းတော်များ မေတ္တာသုတ်ပရိတ်တော်ကို ရွတ်ဖတ်ပွားများကြတာဟာ အလှူဒါနအကျိုးများစေရန်အတွက်ပါပဲ။ ဒါကြောင့်မေတ္တာပရိတ်တော်ကို ရွတ်ဖတ်ချီးမြောက်တော်မူကြတဲ့အခါ မေတ္တာကိုလည်းပွားရင်း လေးလေးစားစားရွတ်ဖတ်သင့်ပါတယ်။

ဒါကြောင့်မိမိတို့အနေဖြင့် ရောက်လေရာအရပ်မှာမေတ္တာဘာဝနာကိုပွားသင့်ပါတယ်။ မိမိနေတဲ့နေမြဲနေရာများမှာလည်းအခွင့်ရသလောက် ဒီမေတ္တာဘာဝနာကို ပွားများသင့်ပါတယ်။ အောက်ထစ်ဆုံးအားဖြင့် ဘုရားဝတ်ပြုပြီးတဲ့နောက်မှာအချိန်ရသလောက် ပွားများသင့်ပါတယ်။

အကြောင်းညီညွတ်ရင် ဒီလိုပွားများရင်း မကြာမီအတွင်းလည်း မေတ္တာဈာန်ကိုရနိုင်ပါတယ်။ ဒီနေရာမှာ “ဓနဉ္စာနီ”ဆိုတဲ့ ပုဏ္ဏားအကြောင်း နည်းနည်းလေးပြောပြချင်ပါတယ်။

“ဓနဉ္စာနီနှင့်မေတ္တာဈာန်” ဓနဉ္စာနီဆိုတဲ့ ပုဏ္ဏားကြီးဟာ သေလုနီးပါးရောဂါဖြစ်နေတဲ့အခါ အရှင်သာရိပုတ္တရာကိုပင့်စေတယ်။ အရှင်သာရိပုတ္တရာက ကြွရောက်တော်မူပြီးတော့ သူ့ရောဂါအကြောင်းကို မေးပြီးတဲ့နောက် ဒီလိုဟောတော်မူပါတယ်။ ဟောပုံကတော့ “ငရဲနဲ့တိရိစ္ဆာန် ဘယ်ဟာကကောင်းမြတ်သလဲ” စသည်ဖြင့်မေးခွန်းထုတ်တယ်။

ဓနဉ္စာနီကငရဲထက်တိရိစ္ဆာန်ကကောင်းမြတ်ပါတယ်စသည်ဖြင့်ဖြေကြားတယ်။ မေးပုံဖြေပုံတွေကတော့တိရိစ္ဆာန်နဲ့ပြိတ္တာ၊ ပြိတ္တာနဲ့လူ၊လူနဲ့စတုမဟာရာဇ် စသည်ဖြင့်ပရနိမ္မိတဝသဝတ္တိတိုင်အောင် မေးဖြေပြီးတဲ့အခါ ပရနိမ္မိတဝသဝတ္တိနတ်တွေနဲ့ ဗြဟ္မာလောက ဘယ်ဟာကမြတ်သလဲလို့မေးတယ်။

အဲဒီအခါဓနဉ္စာနီက ဗြဟ္မာလောကဆိုတဲ့အသံကိုကြားရတော့ စိတ်တက်ကြွလာပြီး “အရှင်သာရိပုတ္တရာဟာ ဗြဟ္မာလောကလို့ပြောပါသလား” လို့မေးတယ်။ အဲဒီအခါ ဗြဟ္မာလောကမှာ စိတ်ညွှတ်လိုလားခြင်းရှိကြောင်း သိတော်မူတဲ့အတွက် ဗြဟ္မာလောကသို့ရောက်စေနိုင်တဲ့ အကျင့်လမ်းကိုဟောကြားမယ်လို့ မိန့်တော်မူပြီးတော့ ဒီလိုဟောကြားတော်မူပါတယ်။

“အရပ်ဆယ်မျက်နှာ၌ ရှိသမျှသတ္တဝါအားလုံးကို မေတ္တာစိတ်ဖြင့်ဖြန့်နေတာ၊ မေတ္တာပို့နေတာဟာ ဗြဟ္မာဖြစ်ကြောင်း အခွင့်အလမ်းပဲလို့” ဆိုလိုတာပါပဲ။ ကရုဏာ၊မုဒိတာ၊ ဥပေက္ခာတို့ဖြင့်ဖြန့်နေပုံကိုလည်း နည်းတူပင်ဟောကြားတော်မူပါတယ်။ အဲဒီလိုဟောကြားပြီးတော့ အရှင်သာရိပုတ္တရာက ပြန်ကြွသွားတယ်။

မြတ်စွာဘုရားထံသွားရောက်ပြီးတော့ ဓနဉ္စာနီအားဟောခဲ့တဲ့ အကြောင်းအရာများကိုလျှောက်ထားတယ်။အဲဒီအခါမှာမြတ်စွာဘုရားရှင်က “ဗြဟ္မာ့ဝိဟာရဈာန်ထက်လွန်မြတ်တဲ့ အရိယာမဂ်ဖိုလ်ရအောင် ပြုကျင့်ဖွယ်ရှိနေပါလျက် ဓနဉ္စာနီပုဏ္ဏားကိုဗြဟ္မာလောက၌ တည်စေပြီးတော့ထားခဲ့သလားလို့” မိန့်တော်ကြားပြီးတော့ ဓနဉ္စာနီဟာဗြဟ္မာ့လောကသို့ ရောက်သွားကြောင်းကိုလည်း မိန့်တော်မူပါတယ်။

အဲဒီလိုမိန့်တော်မူတဲ့အတွက် အရှင်သာရိပုတ္တရာလည်း ဗြဟ္မာ့လောကသို့သွား၍ ဓနဉ္စာနီဗြဟ္မာအား တရားဟောသေးကြောင်း ထိုအခါမှစ၍(၄)ပိုဒ်မျှရှိတဲ့ တစ်ဂါထာကို သစ္စာတရားနှင့်ယှဉ်ပြီး ဟောတော်မူခဲ့ကြောင်း အဋ္ဌကထာမှာပြဆိုတော်မူပါတယ်။

ဒီနေရာမှာသိစေလိုတာက “ဓနဉ္စာနီ” ဆိုတဲ့ ပုဏ္ဏားဟာသေခါနီးဆဲဆဲ နာရီဝက်ခန့်လောက်အတွင်းမှာမေတ္တာစသည်ကို ပွားစေပြီးတော့ဈာန်ရသွားတယ်။ အဲဒီဈာန်ကုသိုလ်ကြောင့် ဗြဟ္မာ့လောကသို့ ရောက်သွားရတယ်။ အဲဒါကိုသိစေလိုရင်းပါပဲ။

ဒါကြောင့် သေခါနီးကာလမှ ာအားကိုးစရာ အခြားကုသိုလ်ထူးမရှိရင် အခြားကုသိုလ်များကို နှလုံးသွင်းလို့မရတော့လျှင် မေတ္တာပွားနေခြင်းဖြင့် အားကိုးစရာကောင်းကောင်း ရနိုင်တယ်ဆိုတာလည်း မှတ်ထားကြဖို့ပါပဲ။ အားလုံးသောသူများလည်း မေတ္တာတရားအစဉ် ထားနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

အိပ်ရာဝင်အိပ်ယာထ ရွတ်ဆိုသင့်သော မေတ္တာပို့လင်္ကာ၊ သတ္တာဝါခပင်းဆင်းရဲကင်း ပူပြင်းဒုက္ခငြိမ်းပါစေ။ သတ္တဝါခပင်းရောဂါကင်း ပူပြင်းဘယာငြိမ်းပါစေ။ သတ္တဝါခပင်းစိုးရိမ်ကင်း ပူပြင်းသောကငြိမ်းပါစေ။ ကမ္ဘာနေသူများဗိုလ်လူ ကြည်ဖြူဟဒယရွှင်ပါစေ။

တရားနာငြားယောဂီများ ကြီးထွားသမာဓိရှိပါစေ။ ခန္တီတရားလက်ကိုင်ထား ကင်းကွာဒေါသငြိမ်းပါစေ။ မေတ္တာရေချမ်းပက်ခါဖြန်း အေးချမ်းသာယာရှိပါစေ။ စန္ဒာလမင်းထိန်ထိန်လင်း ပြည့်တင်းဖြိုးမောက်နိုင်ပါစေ။ ကိုယ်စိတ်နှစ်ဖြာဘေးရန်ကွာ လွန်စွာကျန်းမာရှိပါစေ။

နှလုံးစိတ်ဝမ်းရွှင်ကာလန်း မနွမ်းထာဝရရှိပါစေ။ အလုပ်ကိုယ်စီဘေးမသီ ကြံစီထမြောက်အောင်ပါစေ။ စာဖတ်သူအားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်) မေတ္တာဖြင့်မျှဝေပါသည်။

မေတ္တာကိုနှလုံးသွင်းခြင်းဟာ နှလုံးသွင်းသူတို့အား အထူးသဖြင့်အကျိုးများစေပါတယ်။ ဒါကြောင့်“သုဘုတိ”ဆိုတဲ့ ရဟန္တာမထေရ်ဟာဆွမ်းခံကြွတဲ့အခါ အိမ်တိုင်းအိမ်တိုင်းရှေ့၌ ခေတ္တရပ်နေစဉ်အတွင်း မေတ္တာဈာန်ကို ဝင်စားတော်မူပါတယ်။ အဲဒီမေတ္တာဈာန်မှထပြီး ဆွမ်းကိုအလှူခံတော်မူပါတယ်။

အဲဒါဟာဆွမ်းလှူတဲ့ ဒါယကာဒါယိကာမများတို့အား အကျိုးများစေရန်ဖြစ်ပါတယ်။ အဲဒီလိုအကျိုးများအောင် မေတ္တာဈာန်ဝင်စားပြီး အလှူခံလေ့ရှိတဲ့အတွက် “အရှင်သုဘုတိ”ကို မြတ်စွာဘုရားက အလှူခံပုဂ္ဂိုလ်မြတ်များမှာ “အမြတ်ဆုံးအဖြစ် ဧတဒဂ်ဂုဏ်ထူးရှင်” ချီးကျူးတော်မူပါတယ်။

ယခုအခါမှာလည်း အလှူပွဲများ၌ရဟန်းတော်များ မေတ္တာသုတ်ပရိတ်တော်ကို ရွတ်ဖတ်ပွားများကြတာဟာ အလှူဒါနအကျိုးများစေရန်အတွက်ပါပဲ။ ဒါကြောင့်မေတ္တာပရိတ်တော်ကို ရွတ်ဖတ်ချီးမြောက်တော်မူကြတဲ့အခါ မေတ္တာကိုလည်းပွားရင်း လေးလေးစားစားရွတ်ဖတ်သင့်ပါတယ်။

ဒါကြောင့်မိမိတို့အနေဖြင့် ရောက်လေရာအရပ်မှာ မေတ္တာဘာဝနာကိုပွားသင့်ပါတယ်။မိမိနေတဲ့နေမြဲနေရာများမှာလည်းအခွင့်ရသလောက် ဒီမေတ္တာဘာဝနာကို ပွားများသင့်ပါတယ်။ အောက်ထစ်ဆုံးအားဖြင့် ဘုရားဝတ်ပြုပြီးတဲ့နောက်မှာအချိန်ရသလောက် ပွားများသင့်ပါတယ်။

အကြောင်းညီညွတ်ရင် ဒီလိုပွားများရင်း မကြာမီအတွင်းလည်း မေတ္တာဈာန်ကိုရနိုင်ပါတယ်။ ဒီနေရာမှာ “ဓနဉ္စာနီ”ဆိုတဲ့ ပုဏ္ဏားအကြောင်း နည်းနည်းလေးပြောပြချင်ပါတယ်။

“ဓနဉ္စာနီနှင့်မေတ္တာဈာန်” ဓနဉ္စာနီဆိုတဲ့ ပုဏ္ဏားကြီးဟာ သေလုနီးပါးရောဂါဖြစ်နေတဲ့အခါ အရှင်သာရိပုတ္တရာကိုပင့်စေတယ်။ အရှင်သာရိပုတ္တရာက ကြွရောက်တော်မူပြီးတော့ သူ့ရောဂါအကြောင်းကို မေးပြီးတဲ့နောက် ဒီလိုဟောတော်မူပါတယ်။ ဟောပုံကတော့ “ငရဲနဲ့တိရိစ္ဆာန် ဘယ်ဟာကကောင်းမြတ်သလဲ” စသည်ဖြင့်မေးခွန်းထုတ်တယ်။

ဓနဉ္စာနီကငရဲထက် တိရိစ္ဆာန်ကကောင်းမြတ်ပါတယ်စသည်ဖြင့်ဖြေကြားတယ်။မေးပုံဖြေပုံတွေကတော့တိရိစ္ဆာန်နဲ့ပြိတ္တာ၊ ပြိတ္တာနဲ့လူ၊လူနဲ့စတုမဟာရာဇ် စသည်ဖြင့်ပရနိမ္မိတဝသဝတ္တိတိုင်အောင် မေးဖြေပြီးတဲ့အခါ ပရနိမ္မိတဝသဝတ္တိနတ်တွေနဲ့ ဗြဟ္မာလောက ဘယ်ဟာကမြတ်သလဲလို့မေးတယ်။

အဲဒီအခါဓနဉ္စာနီက ဗြဟ္မာလောကဆိုတဲ့အသံကိုကြားရတော့ စိတ်တက်ကြွလာပြီး “အရှင်သာရိပုတ္တရာဟာ ဗြဟ္မာလောကလို့ပြောပါသလား” လို့မေးတယ်။ အဲဒီအခါ ဗြဟ္မာလောကမှာ စိတ်ညွှတ်လိုလားခြင်းရှိကြောင်း သိတော်မူတဲ့အတွက် ဗြဟ္မာလောကသို့ရောက်စေနိုင်တဲ့ အကျင့်လမ်းကိုဟောကြားမယ်လို့ မိန့်တော်မူပြီးတော့ ဒီလိုဟောကြားတော်မူပါတယ်။

“အရပ်ဆယ်မျက်နှာ၌ ရှိသမျှသတ္တဝါအားလုံးကို မေတ္တာစိတ်ဖြင့်ဖြန့်နေတာ၊ မေတ္တာပို့နေတာဟာ ဗြဟ္မာဖြစ်ကြောင်း အခွင့်အလမ်းပဲလို့” ဆိုလိုတာပါပဲ။ ကရုဏာ၊မုဒိတာ၊ ဥပေက္ခာတို့ဖြင့်ဖြန့်နေပုံကိုလည်း နည်းတူပင်ဟောကြားတော်မူပါတယ်။ အဲဒီလိုဟောကြားပြီးတော့ အရှင်သာရိပုတ္တရာက ပြန်ကြွသွားတယ်။

မြတ်စွာဘုရားထံသွားရောက်ပြီးတော့ ဓနဉ္စာနီအားဟောခဲ့တဲ့ အကြောင်းအရာများကိုလျှောက်ထားတယ်။ အဲဒီအခါမှာမြတ်စွာဘုရားရှင်က “ဗြဟ္မာ့ဝိဟာရဈာန်ထက်လွန်မြတ်တဲ့ အရိယာမဂ်ဖိုလ်ရအောင် ပြုကျင့်ဖွယ်ရှိနေပါလျက် ဓနဉ္စာနီပုဏ္ဏားကိုဗြဟ္မာလောက၌ တည်စေပြီးတော့ထားခဲ့သလားလို့” မိန့်တော်ကြားပြီးတော့ ဓနဉ္စာနီဟာဗြဟ္မာ့လောကသို့ ရောက်သွားကြောင်းကိုလည်း မိန့်တော်မူပါတယ်။

အဲဒီလိုမိန့်တော်မူတဲ့အတွက် အရှင်သာရိပုတ္တရာလည်း ဗြဟ္မာ့လောကသို့သွား၍ ဓနဉ္စာနီဗြဟ္မာအား တရားဟောသေးကြောင်း ထိုအခါမှစ၍(၄)ပိုဒ်မျှရှိတဲ့ တစ်ဂါထာကို သစ္စာတရားနှင့်ယှဉ်ပြီး ဟောတော်မူခဲ့ကြောင်း အဋ္ဌကထာမှာပြဆိုတော်မူပါတယ်။

ဒီနေရာမှာသိစေလိုတာက “ဓနဉ္စာနီ”ဆိုတဲ့ပုဏ္ဏားဟာ သေခါနီးဆဲဆဲနာရီဝက်ခန့်လောက်အတွင်းမှာ မေတ္တာစသည်ကို ပွားစေပြီးတော့ဈာန်ရသွားတယ်။ အဲဒီဈာန်ကုသိုလ်ကြောင့် ဗြဟ္မာ့လောကသို့ ရောက်သွားရတယ်။ အဲဒါကိုသိစေလိုရင်းပါပဲ။

ဒါကြောင့်သေခါနီးကာလမှာအားကိုးစရာအခြားကုသိုလ်ထူးမရှိရင်အခြားကုသိုလ်များကို နှလုံးသွင်းလို့မရတော့လျှင် မေတ္တာပွားနေခြင်းဖြင့် အားကိုးစရာကောင် းကောင်း ရနိုင်တယ်ဆိုတာလည်း မှတ်ထားကြဖို့ပါပဲ။ အားလုံးသောသူများလည်း မေတ္တာတရားအစဉ် ထားနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

အိပ်ရာဝင်အိပ်ယာထ ရွတ်ဆိုသင့်သော မေတ္တာပို့လင်္ကာ၊ သတ္တာဝါခပင်းဆင်းရဲကင်း ပူပြင်းဒုက္ခငြိမ်းပါစေ။သတ္တဝါခပင်းရောဂါကင်းပူပြင်းဘယာငြိမ်းပါစေ။ သတ္တဝါခပင်းစိုးရိမ်ကင်း ပူပြင်းသောကငြိမ်းပါစေ။ ကမ္ဘာနေသူများဗိုလ်လူ ကြည်ဖြူဟဒယရွှင်ပါစေ။

တရားနာငြားယောဂီများ ကြီးထွားသမာဓိရှိပါစေ။ခန္တီတရားလက်ကိုင်ထားကင်းကွာဒေါသငြိမ်းပါစေ။မေတ္တာရေချမ်းပက်ခါဖြန်းအေးချမ်းသာယာရှိပါစေ။ စန္ဒာလမင်းထိန်ထိန်လင်း ပြည့်တင်းဖြိုးမောက်နိုင်ပါစေ။ ကိုယ်စိတ်နှစ်ဖြာဘေးရန်ကွာ လွန်စွာကျန်းမာရှိပါစေ။


Add a Comment

Your email address will not be published.