ပုဂံရောက်ရင် တည်းခိုဖို့ အခက်အခဲရှိသူများအတွက် တစ်ခုတည်းသော အခမဲ့တည်းခိုနိုင်သည့် တည်းခိုဆောင်

ပုဂံရောက်ရင် တည်းခိုဖို့အခက်အခဲရှိသူများအတွက်တစ်ခုတည်းသောအခမဲ့တည်းခိုနိုင်သည့်တည်းခိုဆောင်ပုဂံသို့ဘုရားဖူးလာတဲ့သူများအတွက်အခမဲ့ တည်းခိုနိုင်သော တည်းခိုဆောင်နှင့် ပတ်သက်ပြီး ရွှေစည်းခုံဂေါပကအဖွဲ့မှ ယခုလို ပြောပြထားပါတယ်။

ပုဂံရွှေစည်းခုံဘုရားပိုင် သာသနာ့နယ်မြေအတွင်းတွင် ပုဂံဘုရားဖူးလာသူများအတွက် အခမဲ့တည်းခိုဆောင်များ ထားရှိထားပြီး ဧည့်သည်အယောက်(၃၀၀)ခန့် နားနေတည်းခိုနိုင်တယ်လို့ ဆိုပါတယ်။လာရောက်တည်းခိုချင်သူများအနေဖြင့် ဘုရားဖူး သက်သက်လာသည့် ဧည့်သည်များကိုသာ လက်ခံပြီး အဖွဲ့လိုက် လာရောက်တည်းခိုသူများအနေဖြင့် အဖွဲ့ခေါင်းဆောင် (သို့) အဖွဲ့အတွင်းမှ တစ်ဦးဦး၏ မှတ်ပုံတင် တစ်ခုကိုသာ ဧည့်ကြိုဌာနသို့ ပေးထားရသည်ဟု သိရသည်။

ထို့ပြင် လာရောက်တည်းခိုသူများအနေဖြင့် ၃ ညအိပ်၄ရက်သာ လက်ခံသည်ဟု သိရသည်။ တည်းခိုဆောင်စုစုပေါင်း ၆ ဆောင်ရှိပြီး တည်းခိုသူများအနေဖြင့် အရက်သေစာ သောက်စားခြင်း မပြုရန်နှင့်တည်းခိုခန်း အခကြေးငွေအဖြစ် အလှူငွေကို မိမိသဒ္ဒါကြေးအဖြစ် မိမိတတ်နိုင်သလောက်ကိုသာ လှူဒါန်းနိုင်သည်ဟု သိရသည်။ “တချို့အဖွဲ့လိုက်လာတယ် အယောက် ၃၀/၄၀ ပေါ့… ပြီးလို့ ပြန်တဲ့အခါ တချို့ ၂သောင်း/ ၃သောင်း လှူသွားကြတာမျိုးလည်း ရှိတယ်။

တချို့ဘုရားဖူးတည်းခိုသူတွေက လှူမသွားတာမျိုးတွေလည်း ရှိပါတယ်။ကျနော်တို့ဆီကိုတည်းခိုချင်တယ်ဆိုရင်လှူချင်ရင်လှူပါမလှူချင်ရင်လည်း ရပါတယ်”ဟု ဧည့်ကြိုတာဝန်ခံ ဦးစိုးလှမောင်ထံက သိရသည်။ ဧည့်သည်အများဆုံးရက်များမှာ ဝါတွင်း အဖိတ် ဥပုသ်ရက်များ ဖြစ်ပြီး ဝါခေါင်လတွင်တောင်ပြုန်းပွဲ နှင့် တော်သလင်းလ ပုပ္ပါးပွဲတို့တွင် ဧည့်သည် အများဆုံးဖြစ်သည်ဟု သိရသည်။“ဧည့်သည် ၂ ဦး ၃ ဦးလာရင်တော့ ခုနောက်ပိုင်း လက်မခံတော့ဘူး။ ဘာလို့လဲဆိုတော့ ၂ဦး /၃ဦး လောက်နဲ့ သူတို့ကို အခန်း မပေးနိုင်ဘူးလေ။

အခန်းအပို မရှိတဲ့အခါ နောက်အဖွဲ့နဲ့ အဖွဲ့ချင်း ပေါင်းထားပေးရင် ပြသနာတွေ တတ်လာနိုင်လို့ပါ”ဟု ဦးစိုးလှမောင်က ပြောသည်။မြန်မာသက္ကရာဇ် ၁၃၂၀ခုနှစ်ခန့် ကတည်းက ထိုအဆောင်များသည် ဇရပ်ပုံစံဖြစ်ပြီး လွန်ခဲ့သည့် ၂၅နှစ်ခန့်က အခန်းများဖွဲ့၍ ရွှေစည်းခုံ ဘုရားဂေါပကအဖွဲ့မှ တံခါးများ တပ်ဆင်ထားခြင်းများ ပြုလုပ်ထားသည်ဟု သိရသည်။“အခမဲ့ တည်းခိုဆောင်ဆိုတဲ့ ဆိုင်းပုဒ်ကိုတော့ မနှစ်လေးကမှ အဆောင်တွေမှ တပ်ထားခဲ့တာပါ”ဟု ဧည့်ကြို တစ်ဦးထံက သိရသည်။ ကိုဗစ်ကပ်ကြီးပြီးသွားလို့ ပုဂံသို့သွားရောက်လည်ပတ်လိုသူများ သိရှိနိုင်ကြစေဖို့ ပြန်လည် မျှဝေပေး လိုက်ပါတယ်။

ZAWGYI

ပုဂံရောက်ရင် တည်းခိုဖို့ အခက်အခဲရှိသူများအတွက် တစ်ခုတည်းသော အခမဲ့တည်းခိုနိုင်သည့် တည်းခိုဆောင် ပုဂံသို့ဘုရားဖူးလာတဲ့ သူများအတွက် အခမဲ့ တည်းခိုနိုင်သော တည်းခိုဆောင်နှင့် ပတ်သက်ပြီး ရွှေစည်းခုံဂေါပကအဖွဲ့မှ ယခုလို ပြောပြထားပါတယ်။

ပုဂံရွှေစည်းခုံဘုရားပိုင် သာသနာ့နယ်မြေအတွင်းတွင် ပုဂံဘုရားဖူးလာသူများအတွက် အခမဲ့ တည်းခိုဆောင်များ ထားရှိထားပြီးဧည့်သည်အယောက်(၃၀၀)ခန့် နားနေတည်းခိုနိုင်တယ်လို့ ဆိုပါတယ်။လာရောက်တည်းခိုချင်သူများအနေဖြင့် ဘုရားဖူး သက်သက်လာသည့် ဧည့်သည်များကိုသာ လက်ခံပြီး အဖွဲ့လိုက် လာရောက်တည်းခိုသူများအနေဖြင့် အဖွဲ့ခေါင်းဆောင် (သို့) အဖွဲ့အတွင်းမှ တစ်ဦးဦး၏ မှတ်ပုံတင် တစ်ခုကိုသာ ဧည့်ကြိုဌာနသို့ ပေးထားရသည်ဟု သိရသည်။

ထို့ပြင် လာရောက်တည်းခိုသူများအနေဖြင့် ၃ညအိပ်၄ရက်သာ လက်ခံသည်ဟု သိရသည်။ တည်းခိုဆောင် စုစုပေါင်း ၆ဆောင်ရှိပြီး တည်းခိုသူများအနေဖြင့် အရက်သေစာ သောက်စားခြင်း မပြုရန်နှင့်တည်းခိုခန်း အခကြေးငွေအဖြစ် အလှူငွေကို မိမိသဒ္ဒါကြေးအဖြစ် မိမိတတ်နိုင်သလောက်ကိုသာ လှူဒါန်းနိုင်သည်ဟု သိရသည်။ “တချို့အဖွဲ့လိုက်လာတယ် အယောက် ၃၀/၄၀ ပေါ့… ပြီးလို့ ပြန်တဲ့အခါ တချို့ ၂သောင်း/ ၃သောင်း လှူသွားကြတာမျိုးလည်း ရှိတယ်။

တချို့ဘုရားဖူးတည်းခိုသူတွေက လှူမသွားတာမျိုးတွေလည်း ရှိပါတယ်။ ကျနော်တို့ဆီကိုတည်းခိုချင်တယ်ဆိုရင်လှူချင်ရင်လှူပါမလှူချင်ရင်လည်းရပါတယ်”ဟု ဧည့်ကြိုတာဝန်ခံ ဦးစိုးလှမောင်ထံက သိရသည်။

ဧည့်သည်အများဆုံးရက်များမှာ ဝါတွင်း အဖိတ်ဥပုသ်ရက်များ ဖြစ်ပြီး ဝါခေါင်လတွင် တောင်ပြုန်းပွဲနှင့် တော်သလင်းလ ပုပ္ပါးပွဲတို့တွင် ဧည့်သည် အများဆုံးဖြစ်သည်ဟု သိရသည်။“ဧည့်သည် ၂ ဦး ၃ ဦးလာရင်တော့ ခုနောက်ပိုင်း လက်မခံတော့ဘူး။ ဘာလို့လဲဆိုတော့ ၂ဦး /၃ဦး လောက်နဲ့ သူတို့ကို အခန်း မပေးနိုင်ဘူးလေ။

အခန်းအပို မရှိတဲ့အခါ နောက်အဖွဲ့နဲ့ အဖွဲ့ချင်း ပေါင်းထားပေးရင် ပြသနာတွေ တတ်လာနိုင်လို့ပါ”ဟု ဦးစိုးလှမောင်က ပြောသည်။မြန်မာသက္ကရာဇ် ၁၃၂၀ခုနှစ်ခန့် ကတည်းက ထိုအဆောင်များသည် ဇရပ်ပုံစံဖြစ်ပြီး လွန်ခဲ့သည့် ၂၅နှစ်ခန့်က အခန်းများဖွဲ့၍ ရွှေစည်းခုံ ဘုရားဂေါပကအဖွဲ့မှ တံခါးများ တပ်ဆင်ထားခြင်းများ ပြုလုပ်ထားသည်ဟု သိရသည်။

“အခမဲ့ တည်းခိုဆောင်ဆိုတဲ့ ဆိုင်းပုဒ်ကိုတော့ မနှစ်လေးကမှ အဆောင်တွေမှ တပ်ထားခဲ့တာပါ”ဟု ဧည့်ကြို တစ်ဦးထံက သိရသည်။ ကိုဗစ်ကပ်ကြီးပြီးသွားလို့ ပုဂံသို့သွားရောက်လည်ပတ်လိုသူများ သိရှိနိုင်ကြစေဖို့ ပြန်လည် မျှဝေပေး လိုက်ပါတယ်။

Add a Comment

Your email address will not be published.