မရှိဆင်းရဲသူတွေ အလွယ်တကူယူစားလို့ရအောင် အိမ်ရှေ့မှာထမင်းထုပ် ဟင်းထုပ်တွေ ချိတ်ထားလေ့ရှိတဲ့ ချစ်စရာဓလေ့

ယနေ့ ထမင်းက ၂ ထုပ် ဟင်းက ၄ ထုပ် အိမ်ရှေ့ တရုတ်စကားဝါပင်လေးမှာ မရှိဆင်းရဲတဲ့သူ ဗိုက်ဆာတဲ့သူများအလွယ်တကူနဲ့ယူစားလို့ရအောင်ချိတ်ထားဖြစ်တယ်ဗျ ရှမ်းပြည်နယ်လေးရဲ့ ချစ်စရာ့ ဓလေ့ ရိုးရာလေးဆိုလည်းမမှား ဘူးပေါ့ဗျာ ။ကျွန်တော်ကသူတို့လာယူစားတာလေးကို မြင်ချင်တယ် ။ပြီးတော့ ပိုပြီး ဝမ်းမြှောက် ပီတိလေးဖြစ်ချင်လို့ စောင့်ကြည့်နေခဲ့တာ ချိတ်ထားပြီး သိပ်မကြာခင်လေးမှာပဲ လူတစ်ယောက် ရောက်လာပြီး ထမင်းထုပ် ဟင်းထုပ်တွေ လာယူတယ်ဗျ ။

အဲ့မှာ ကျွန်တော်က ထမင်းထုပ် လာယူတဲ့ အစ်ကိုကြီးကို လှမ်း ပြောလိုက်တယ် ။ အကုန်ယူသွားပါလို့ ပြောလည်းပြောလိုက်ရော သူက ကျွန်တော့်ကို ဘာပြန်ပြောတယ်ထင်လဲ ရပါတယ်ဗျာ အစ်ကို တစ်ယာက် စာလေးပဲ ယူသွားပါ့မယ်တဲ့ ။အကုန်လုံးယူမသွားချင်ပါဘူးတဲ့ ။အနောက်မှာသူ့လိုပဲ ဗိုက်ဆာတဲ့သူတွေ လာယူစားလို့ ရအောင်လို့တဲ့ သူစားဖို့ ထမင်း တစ်ထုပ်နဲ့ဟင်းတစ်ထုပ်လေးပဲ ယူသွားလေရဲ့ဗျာ ။ကောင်းလိုက်တဲ့ စိတ်ဓာတ်လေး

မွန်မြတ်လိုက်တဲ့ စိတ်ထားကောင်းလိုက်တဲ့ ကိုယ်ချင်းစာစိတ်ကြားရတာ ပီတိဖြစ်လိုက်တာဆိုတာ ပြောမနေပါနဲ့တော့ အဲ့မှာကျွန်တော့် အတွေးထဲ ရောက်လာတာကတော့ မြန်မာနိုင်ငံက လူကြီးတော်တော် များများပေါ့လေ သူ့လို ကိုယ်ချင်းစာ စိတ်လေး ရှိကြရင် သိပ်ကောင်းမှာပဲလို့ ရှမ်းပြည်မှာအိမ်တိုင်း နည်းပါးပဲ ဒီအတိုင်းလေးတွေ ချည်းပဲ

ကိုယ်စားလို့ မကုန်နိုင်မှန်းသိရင် သီးသန့်ခွဲထားပြီး ကိုယ့်အိမ်ရှေ့မှ ာ ကြွပ်ကြွပ်အိတ်လေးတွေ ထဲထည့်ပြီး ချိတ်ဆွဲထား တတ်ကြလေရဲ့ အဲ့ဒါကြောင့် လူကြီးတစ်ယောက် ကျွန်တော့်ကိုပြောတာ ရှမ်းပြည်မှာနေရင် ထမင်းဘယ်တော့မှ မငတ်ဘူးတဲ့လေ ။Crd Hla Than Aung

ZAWGYI

ယနေ့ ထမင်းက ၂ ထုပ် ဟင်းက ၄ ထုပ် အိမ်ရှေ့ တရုတ်စကားဝါပင်လေးမှာ မရှိဆင်းရဲတဲ့သူ ဗိုက်ဆာတဲ့သူများ အလွယ်တကူနဲ့ ယူစားလို့ရအောင်ချိတ်ထားဖြစ်တယ်ဗျ ရှမ်းပြည်နယ်လေးရဲ့ ချစ်စရာ့ ဓလေ့ ရိုးရာလေးဆိုလည်းမမှားဘူးပေါ့ဗျာ ။ ကျွန်တော်က သူတို့လာယူစားတာလေးကို မြင်ချင်တယ် ။ပြီးတော့ ပိုပြီး ဝမ်းမြှောက် ပီတိလေးဖြစ်ချင်လို့ စောင့်ကြည့်နေခဲ့တာ ချိတ်ထားပြီး သိပ်မကြာခင်လေးမှာပဲ လူတစ်ယောက်ရောက်လာပြီး ထမင်းထုပ် ဟင်းထုပ်တွေ လာယူတယ်ဗျ ။

အဲ့မှာကျွန်တော်က ထမင်းထုပ်လာယူတဲ့ အစ်ကိုကြီးကို လှမ်းပြောလိုက်တယ် ။အကုန်ယူသွားပါလို့ ပြောလည်းပြောလိုက်ရော သူကကျွန်တော့်ကို ဘာပြန်ပြောတယ်ထင်လဲ ရပါတယ်ဗျာ အစ်ကို တစ်ယာက်စာလေးပဲ ယူသွားပါ့မယ်တဲ့ ။ အကုန်လုံးယူမသွားချင်ပါဘူးတဲ့ ။ အနောက်မှာသူ့လိုပဲ ဗိုက်ဆာတဲ့သူတွေ လာယူစားလို့ ရအောင်လို့တဲ့ သူစားဖို့ ထမင်း တစ်ထုပ်နဲ့ဟင်းတစ်ထုပ်လေးပဲ ယူသွားလေရဲ့ဗျာ ။ ကောင်းလိုက်တဲ့ စိတ်ဓာတ်လေး

မွန်မြတ်လိုက်တဲ့ စိတ်ထားကောင်းလိုက်တဲ့ ကိုယ်ချင်းစာစိတ် ကြားရတာပီတိဖြစ်လိုက်တာဆိုတာ ပြောမနေပါနဲ့တော့ အဲ့မှာကျွန်တော့် အတွေးထဲ ရောက်လာတာကတော့ မြန်မာနိုင်ငံက လူကြီးတော်တော် များများပေါ့လေ သူ့လို ကိုယ်ချင်းစာ စိတ်လေးရှိကြရင် သိပ်ကောင်းမှာပဲလို့ ရှမ်းပြည်မှာ အိမ်တိုင်း နည်းပါးပဲ ဒီအတိုင်းလေးတွေ ချည်းပဲ

ကိုယ်စားလို့ မကုန်နိုင်မှန်းသိရင် သီးသန့်ခွဲထားပြီး ကိုယ့်အိမ်ရှေ့မှ ာ ကြွပ်ကြွပ်အိတ်လေးတွေ ထဲထည့်ပြီး ချိတ်ဆွဲထား တတ်ကြလေရဲ့ အဲ့ဒါကြောင့် လူကြီးတစ်ယောက် ကျွန်တော့်ကိုပြောတာ ရှမ်းပြည်မှာနေရင် ထမင်းဘယ်တော့မှ မငတ်ဘူးတဲ့လေ ။

Crd Hla Than Aung

Be the first to comment

Leave a Reply

Your email address will not be published.


*