စစ်ဘေးရှောင်တွေအတွက်နဲ့ ကလေးသူငယ်တွေအတွက် Macrame ရောင်းချငွေ သိန်း (၁၇၀) ကျော်ရရှိခဲ့တဲ့ ချစ်သုဝေ

နိုင်ငံကျော် အဆိုတော်၊ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ချစ်သုဝေကတော့ မြန်မာ့နွေဦးတော်လှန်ရေးမှာ အိုးပစ်အိမ်ပစ်နဲ့ သူမမြတ်နိုးတဲ့အနုပညာအလုပ်တွေကိုပါ စွန့်ခွာပြီး တက်ကြွစွာပါဝင်လှုပ်ရှားနေတာပဲဖြစ်ပါတယ်။ ကိုယ်တိုင်ဖန်တီးထားတဲ့ လက်မှုအနုပညာ Macrame လေးတွေကို ကံစမ်းမဲလက်မှတ်စနစ်နဲ့ရောင်းချရင်း စစ်ဘေးရှောင်တွေအတွက်နဲ့ ကလေးသူငယ်တွေအတွက် ရံပုံငွေရှာဖွေပေးနေတဲ့ ချစ်သုဝေက ဒီတစ်ခေါက်မှာလည်း ကံစမ်းမဲလက်မှတ်ရောင်းရငွေ သိန်း (၁၇၀) ကျော်ရရှိခဲ့ကြောင်း အခုလိုပဲပြောလာပါတယ်။

“X’mas ဟာ တကယ့်ကို တော်လှန်ရေးမှာတက်ကြွစွာပါဝင်တဲ့ပြည်သူတွေကြောင့် ပြည့်စုံလွန်းခဲ့ပါတယ်။ X’mas macrame project ကို ၃ရက်တာစီစဉ်ပေမယ့် ၂ရက်နဲ့ဖြတ်လိုက်ရတာရော (အဆင်မပြေမှုလေးအနည်းအများရှိခဲ့ရင်လည်း) တောင်းပန်ချင်ပါတယ်။ ဒါပေမယ့် စီစဉ်ထားတဲ့ macrame 3ခု အပြင် surprise macrameလေး 1ခုပါထပ်ဖြည့်ထားတယ် (videoလေးမှာကြည့်နော်❤) လက်မှတ်စုစုပေါင်း 3,534 ခု ရောင်းချနိုင်ခဲ့ပါတယ်(ပြည်တွင်း 3010, ပြည်ပ ၃နိုင်ငံ 524) အလှူဝင်ငွေ 17,672,000 ရရှိခဲ့ပါတယ်🙏(နိုင်ငံခြားငွေတွက်ရင်ပိုရလာသောမြန်မာငွေအစွန်းထွက်ရှိရင်လည်း လှူမှာဖြစ်ပါတယ်) စစ်ရှောင်စခန်း ကလေးသူငယ်အမျိုးသမီးများဆီ အလှူငွေများလည်း စီးဆင်းပြီးဖြစ်ပါတယ်🙏🙏🙏(ပြည်ပငွေသာ processလုပ်ဖို့ကျန်ပါတယ်) ကဲအများကြီးမရေးတော့ဘူးနော်..❤” ဆိုပြီး ပြောလာပါတယ်။

ချစ်သုဝေကတော့ သူမကိုယ်တိုင်ဖန်တီးထားတဲ့ Macrame ရောင်းချငွေ သိန်း (၁၇၀) ကျော်ကို စစ်ဘေးရှောင်ပြည်သူတွေနဲ့ စစ်ဘေးရှောင်ကလေးသူငယ်တွေအတွက် လှူဒါန်းသွားမှာပဲဖြစ်ပါတယ်။

Source: Chit Thu Wai ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.