ဗိုလ်ချုပ်ရုပ်ရှင်တွင် ဒေါ်ခင်ကြည်နေရာမှ ပါဝင်တဲ့ မဇာခြည်လင်း ကြောက်စရာ ရောဂါတစ်ခုဖြင့် ကွယ်လွန်

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားမှာ ဗိုလ်ချုပ်ရဲ့ပါရမီဖြည့်ဘက် ဒေါ်ခင်ကြည်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မဇာခြည်လင်းဟာဒီကနေ့(ဒီဇင်ဘာလ ၁၀ ရက်)နေ့မှာကွယ်လွန်သွားခဲ့ပြီလို့သိရပါတယ်။….

မဇာခြည်လင်းဟာသွေးကင်ဆာရောဂါနဲ့ကွယ်လွန်သွားခဲ့တာဖြစ်ပြီးဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာကွယ်လွန်သွားခဲ့တာလို့သတင်းကြားသိရပါတယ်။…

မဇာခြည်လင်းဟာ ကျောင်းဆရာမတစ်ယောက်ဖြစ်ပြီး ဗိုလ်ချုပ်ရုပ်ရှင်မှာ ဒေါ်ခင်ကြည်နေရာကနေ ပါဝင်သရုပ်ဆောင်ဖို့အတွက် မဇာ

ခြည်လင်းကို လူထုခေါင်း ဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကရွေးချယ်ခဲ့တာဖြစ်ပါတယ်။…

မဇာခြည်လင်းရဲ့ဦးလေးဖြစ်သူက” လည်ချောင်းမှာအနာဖြစ်ပြီး အစားအသောက်မစားနိုင်တော့ဘူး။ အစားပိုက်သွင်းလုပ်ရင်းနဲ့ အာဟာရ

ပြတ်တာနော က်ဆုံးတော့၊ဒီနေ့ပုသိမ်ဆေးရုံမှာပဲ ဆုံးသွားတာပါ”လို့ ဘီဘီစီကိုပြောထားပါတယ်။….

ဗိုလ်ချုပ်ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ဖို့အတွက်မဇာခြည်လင်းကို ၂၀၁၂ ခုနှစ်ကတည်းက ရွေးချယ်ခဲ့တာဖြစ်ပြီးရိုက်ကူးရေးတွေစတင်

တဲ့၂၀၁၉ ခုနှစ်အရောက်မှာကိုယ်ခန္ဓာဝိတ်တက်နေခဲ့လို့ ၂၅ ပေါင်တိတိ ပြန်လ ည်ဝိတ်ချကာ ဒေါ်ခင်ကြည်ရဲ့နေရာကနေ ရုပ်ဆောင်သွားခဲ့တာကလည်းအမှတ်ရစရာဖြစ်ပါတယ်။….

ဗိုလ်ချုပ်ရုပ်ရှင်ကားမှာပါဝင်သရုပ်ဆောင်ခွင့်ရတဲ့အတွက် သူမအနေနဲ့ အရမ်းကို ကျေနပ်ဝမ်းသာဖြစ်ရပြီး နောင်တစ်ချိန်ပြန်ကြည့်ရင်

သမိုင်းဝင်လက်ရာအဖြစ် ကျန်နေခဲ့မှာမို့ အရမ်းပဲ ဂုဏ်ယူမိကြောင်းလည်း မဇာခြည်လင်းက ပြောခဲ့ဖူးပါတယ်။….

RIP ပါ….။ ငြိမ်းချမ်းစွာ အနားယူပါတော့နော်….

credit all

Be the first to comment

Leave a Reply

Your email address will not be published.


*