တိုင်းတစ်ပါးကိုရောက်ရှိနေတဲ့ မွေးနေ့မှာ မြန်မာပြည်အတွက်လိုအပ်နေတဲ့နေရာတွေအတွက် အလှူငွေလှူဒါန်းခဲ့တယ်ဆိုတဲ့ ခင်ဘုဏ်း

အဆိုတော် ခင်ဘုဏ်းကတော့ တည်ကြည်ပြတ်သားတဲ့အသံလေးနဲ့ သီချင်းကောင်းတွေကို သီဆိုတတ်သူတစ်ယောက်ပဲဖြစ်ပါတယ်။ ခင်ဘုဏ်းဟာ အိမ်ထောင်ကျပြီးနောက်ပိုင်း နိုင်ငံရပ်ခြားမှာသွားရောက်နေထိုင်နေတာဖြစ်ပြီး မြန်မာပြည်ကြီးနဲ့ရော အနုပညာအလုပ်တွေနဲ့ပါ အလှမ်းဝေးနေခဲ့တာဖြစ်ပါတယ်။ မနေ့က ဒီဇင်ဘာလ (၂၅) ရက်နေ့ကတော့ ခင်ဘုဏ်းရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။

ခင်ဘုဏ်းက သူ့ရဲ့မွေးနေ့လေးမှာ “Merry Christmas 🎄 ပါ။ Christmas Eve ကျမ ရဲ့ မွေးနေ့လေး မှာ ကျမချစ်တဲ့ မြန်မာပြည်အတွက် အလှုုတွေလည်းလှုုဖြစ်ခဲ့ပါတယ် ကျမရဲ့မိသားစုနဲ့အတူမွေးနေ့လေးကို ဖြတ်သန်းခဲ့ပါတယ် 💙 ကမ္ဘာသူကမ္ဘာသားများအားလုံး လူရောစိတ်ပါ အေးငြိမ်းချမ်းသာ ရှိကြပါစေ 🙏💙💙💙💙” ဆိုပြီး လုပ်ဖြစ်ခဲ့တဲ့အရာတွေအကြောင်း ပြောလာပါတယ်။

ခင်ဘုဏ်းကတော့ တိုင်းတစ်ပါးကိုရောက်ရှိနေပေမယ့် မွေးနေ့မှာ မြန်မာပြည်အတွက်လိုအပ်နေတဲ့အရာတွေအတွက် အလှူငွေလှူဒါန်းခဲ့တယ်ဆိုပြီး ပြောခဲ့ပါတယ်။ ပရိသတ်ကြီးကလည်း မွေးနေ့ရှင်ခင်ဘုဏ်းအတွက် အမှတ်တရမွေးနေ့ဆုတောင်းစကားလေးတွေ ပြောခဲ့ကြပါဦးနော်။

Source: Khin Bone’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.