တောင်းပန်လာခဲ့ရင်တောင် ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိဘူးဆိုပြီး ဒဲ့ပြောလိုက်တဲ့ မြနှင်းရည်လွင်

တောင်းပန်တာတောင် ခွင့်လွှတ်နိုင်စရာအကြောင်းမရှိဘူးလို့ ဒဲ့ပြောလိုက်တဲ့ မြနှင်းရည်လွင် MRTV 4 မှထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ အဆိပ်သွေးဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှု့ကို ပိုမိုရရှိလာခဲ့တဲ့ မြနှင်းရည်လွင် ဟာ

လက်ရှိမှာခက်ခဲ ကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပါတယ်။ သူမဟာ အာဏာစသိမ်းတဲ့နေ့မှစပြီး အခုလက်ရှိအချိန်အထိတိုင် အာဏာရှင်ကို တိုက်ထုတ်ဖို့ ကြိုးစားအားထုတ်နေသူ တစ်ဦးပဲ ဖြစ်ပါတယ်။

ပြည်သူတွေအားလုံး အမှန်တရားအတွက် လမ်းမပေါ်ထွက် ဟစ်ကြွေးကြတဲ့ အချိန်ကတည်းက ပြည်သူတွေနဲ့အတူ ဆန္ဒပြခဲ့တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆို ခံထားရပေမယ့်

မြနှင်းရည်လွင် ဟာ လွတ်မြောက်နယ်မြေမှာ စစ်သင်တန်း တတ်ရောက်ပြီး လက်နက်ကိုင်စွဲပြီး ဆက်လက်တွန်းလှန်နေဆဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဆရာမင်းကိုနိုင် ရေးသားထားတဲ့ စာပိုဒ်လေးထဲက

စာသားတစ်ချို့ကို မြနှင်းက သဘောကျနေတာပဲ ဖြစ်ပါတယ်။ မြနှင်းရည်လွင် ကတော့ ဆရာမင်းကိုနိုင် ရေးသားထားတဲ့ စာ‌သားလေးကို သူမရဲ့ဖေ့ဘွတ်မှာ ပြန်လည်ကူးယူပြီး ရေးတင်ထားတာကို တွေ့ရပါတယ်။

အဆိုပါ စာသားလေးကို သူမနဲ့အတူ ပရိသတ်တွေက ကြိုက်နှစ်သက်နေကြတာကိုလဲ တွေ့ရပါတယ်။ ငါတို့ကို ခွင့်လွှတ်နိုင်လားလို့ မမေးခင် သူတို့ကို တောင်းပန်မှာလားလို့ အရင်မေးပါအုံး မင်းကိုနိုင် ဆိုတဲ့

စာသားလေးကို ပရိသတ်ကြီးလဲ သိရအောင်ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်နော်။ သူမဟာတစ်ခါတလေ‌ တော်လှန်ရေးအတွက် အင်အားဖြစ်စေမဲ့ ကဗျာလေးတွေလဲ ပရိသတ်ကြီးအတွက် ဖတ်ပြတတ်ပါသေးတယ်။

လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ မြနှင်းရည်လွင် ကိုအားပေးချစ်ခင်တဲ့ ပရိသတ်တွေကတော့ သူမအတွက်အမြဲတမ်း ဂုဏ်ယူလေးစား နေရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အချို့ပရိသတ်တွေက ပုံတူပန်းချီကားလေးတွေနဲ့ သူမကိုဂုဏ်ပြုတတ် ကြပါသေးတယ်။

ပရိသတ်ကြီးရေ ပြည်သူ့အချစ်တော် မင်းသမီးချော မြနှင်းရည်လွင် ပြန်လည်ကူးယူ တင်ပြထားတဲ့ စာသားလေးကတော့ သူမရဲ့ခိုင်မာတဲ့ စိတ်ဓာတ်ကို အကြွင်းမဲ့ဖော်ပြပေးနေတာပဲ ဖြစ်ပါတယ်။

Zawgyi










Add a Comment

Your email address will not be published.