KPICT နှင့် NUG ပူးပေါင်းပြီး ငွေတိုက်စာချုပ်များကို ပြည်တွင်းပြည်ပမှာ စတင်ရောင်းချပြီ

နွေဦးတော်လှန်ရေးအထူးငွေတိုက်စာချုပ်များကို မြန်မာနိုင်ငံပြည်တွင်း၌ ကေအိုင်အို (KIO) ၏ ငွေကြေးပို့ဆောင်သောစနစ်၊ အုပ်ချုပ်ရေးနှင့် ဘဏ်စနစ်များအတိုင်းရောင်းချသွားမည်ဟု NUGက ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အထူးငွေတိုက်စာချုပ်များကို ကချင်KPICT နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ပူးပေါင်း၍ ပြည်တွင်းပြည်ပတွင် စတင်ရောင်းချနေပြီဖြစ်ကြောင်း NUG ၏စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမူဝန်ကြီးဌာနက

ထုတ်ပြန်ကြေညာသည်။ ဝယ်ယူရမည့် ပုံစံများကို website ပေါ်တွင် ကြေညာပေးသွားမည်ဖြစ်​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့က ယမန်​နေ့(ဒီဇင်ဘာ ၂၅ )တွင်ထုတ်ပြန်ထားသည်။

နွေဦးတော်လှန်ရေးအထူးငွေတိုက်စာချုပ်များကို မြန်မာနိုင်ငံပြည်တွင်း၌ ကေအိုင်အို (KIO) ၏ ငွေကြေးပို့ဆောင်သောစနစ်၊ အုပ်ချုပ်ရေးနှင့် ဘဏ်စနစ်များအတိုင်းရောင်းချသွားမည်ဟု NUGက ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ရောင်းချနိုင်ရန် KPICT (Kachin Political Interim Coordination Team) မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု NUGက ထုတ်ပြန်ထားသည်။ ကချင်အမျိုးသားများကိုယ်စား နိုင်ငံရေးဆိုင်ရာ

လုပ်ငန်းများကို တာဝန်ယူ ညှိနှိုင်းဆောင်ရွက် ရန်အတွက် Kachin Political Interim Coordination Team (KPICT)ကို မတ်လ ၁၅ ရက်တွင် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

NUGက နွေဦးတော်လှန်ရေးအတွက် ငွေတိုက်စာချုပ် ဒေါ်လာ တစ်ဘီလီယံဖိုးထုတ်ရောင်းရန်စီစဥ်ထားပြီး ပထမအသုတ်အ​နေဖြင့် ဒေါ်လာ သန်း၂၀၀ဖိုးထုတ်ရောင်းခဲ့သည်။
နိုဝင်ဘာ ၂၂ ရက်မှာ NUGက ငွေတိုက်စာချုပ်​တွေစတင်ရောင်းချခဲ့ပြီး

နိုဝင်ဘာ ၂၉ ရက်တွင် ငွေလွဲကိစ္စရပ်​များကြောင့် တစ်ပတ်ကြာရပ်ဆိုင်း​ကြောင်းကြေငြာခဲ့သည်။ ထိုပြင် ငွေတိုက်စာချုပ်ဝယ်ယူသူ​များအနက် နိုင်ငံတကာက အမည်ပျက်စာရင်းသွင်းသည့် အကြမ်းဖက်စစ်ကောင်စီဝင်​များနှင့်

နာမည်တူများက NUG၏ ဘဏ်စာရင်းကို ငွေလွှဲပြောင်းပေးပို့နေ၍ ဘဏ်နှင့် ညှိနှိုင်းဖြေရှင်းလိုသောကြောင့် ငွေတိုက်စာချုပ်ရောင်းချမူများကို ဆက်လက်ရပ်ဆိုင်းထားမည်ဟု NUGက ဒီဇင်ဘာ ၆ ရက်တွင်

ထပ်မံ​ကြေညာထားသည်။ ငွေတိုက်စာချုပ်များကို ဒေါ်လာ ၁၀၀၊၅၀၀၊၁,၀၀၀ နှင့် ၅,၀၀၀ တန်ဟူ၍ ထုတ်ရောင်းခဲ့ပြီး တပတ်အတွင်း ဒေါ်လာ ၁၅သန်းဖိုးရောင်းချနိုင်ခဲ့သည်ဟု NUGက​ပြောသည်။

Zawgyi

ေႏြဦးေတာ္လွန္ေရးအထူးေငြတိုက္စာခ်ဳပ္မ်ားကို ျမန္မာႏိုင္ငံျပည္တြင္း၌ ေကအိုင္အို (KIO) ၏ ေငြေၾကးပို႔ေဆာင္ေသာစနစ္၊ အုပ္ခ်ဳပ္ေရးႏွင့္ ဘဏ္စနစ္မ်ားအတိုင္းေရာင္းခ်သြားမည္ဟု NUGက ဒီဇင္ဘာ ၇ ရက္တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။

အထူးေငြတိုက္စာခ်ဳပ္မ်ားကို ကခ်င္KPICT ႏွင့္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)တို႔ ပူးေပါင္း၍ ျပည္တြင္းျပည္ပတြင္ စတင္ေရာင္းခ်ေနၿပီျဖစ္ေၾကာင္း NUG ၏စီမံကိန္း၊ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇပ္ႏွံမူဝန္ႀကီးဌာနက

ထုတ္ျပန္ေၾကညာသည္။ ဝယ္ယူရမည့္ ပုံစံမ်ားကို website ေပၚတြင္ ေၾကညာေပးသြားမည္ျဖစ္​ေၾကာင္း အမ်ိဳးသားညီၫြတ္ေရးအစိုးရ အဖြဲ႕က ယမန္​ေန႔(ဒီဇင္ဘာ ၂၅ )တြင္ထုတ္ျပန္ထားသည္။

ေႏြဦးေတာ္လွန္ေရးအထူးေငြတိုက္စာခ်ဳပ္မ်ားကို ျမန္မာႏိုင္ငံျပည္တြင္း၌ ေကအိုင္အို (KIO) ၏ ေငြေၾကးပို႔ေဆာင္ေသာစနစ္၊ အုပ္ခ်ဳပ္ေရးႏွင့္ ဘဏ္စနစ္မ်ားအတိုင္းေရာင္းခ်သြားမည္ဟု NUGက ဒီဇင္ဘာ ၇ ရက္တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။

ထိုသို႔ေရာင္းခ်ႏိုင္ရန္ KPICT (Kachin Political Interim Coordination Team) မွ ပူးေပါင္းေဆာင္႐ြက္ျခင္းျဖစ္သည္ဟု NUGက ထုတ္ျပန္ထားသည္။ ကခ်င္အမ်ိဳးသားမ်ားကိုယ္စား ႏိုင္ငံေရးဆိုင္ရာ

လုပ္ငန္းမ်ားကို တာဝန္ယူ ညႇိႏႈိင္းေဆာင္႐ြက္ ရန္အတြက္ Kachin Political Interim Coordination Team (KPICT)ကို မတ္လ ၁၅ ရက္တြင္ ဖြဲ႕စည္းထားေသာ အဖြဲ႕အစည္းတစ္ခု ျဖစ္သည္။

NUGက ေႏြဦးေတာ္လွန္ေရးအတြက္ ေငြတိုက္စာခ်ဳပ္ ေဒၚလာ တစ္ဘီလီယံဖိုးထုတ္ေရာင္းရန္စီစဥ္ထားၿပီး ပထမအသုတ္အ​ေနျဖင့္ ေဒၚလာ သန္း၂၀၀ဖိုးထုတ္ေရာင္းခဲ့သည္။
ႏိုဝင္ဘာ ၂၂ ရက္မွာ NUGက ေငြတိုက္စာခ်ဳပ္​ေတြစတင္ေရာင္းခ်ခဲ့ၿပီး

ႏိုဝင္ဘာ ၂၉ ရက္တြင္ ေငြလြဲကိစၥရပ္​မ်ားေၾကာင့္ တစ္ပတ္ၾကာရပ္ဆိုင္း​ေၾကာင္းေၾကျငာခဲ့သည္။ ထိုျပင္ ေငြတိုက္စာခ်ဳပ္ဝယ္ယူသူ​မ်ားအနက္ ႏိုင္ငံတကာက အမည္ပ်က္စာရင္းသြင္းသည့္ အၾကမ္းဖက္စစ္ေကာင္စီဝင္​မ်ားႏွင့္

နာမည္တူမ်ားက NUG၏ ဘဏ္စာရင္းကို ေငြလႊဲေျပာင္းေပးပို႔ေန၍ ဘဏ္ႏွင့္ ညႇိႏႈိင္းေျဖရွင္းလိုေသာေၾကာင့္ ေငြတိုက္စာခ်ဳပ္ေရာင္းခ်မူမ်ားကို ဆက္လက္ရပ္ဆိုင္းထားမည္ဟု NUGက ဒီဇင္ဘာ ၆ ရက္တြင္

ထပ္မံ​ေၾကညာထားသည္။ ေငြတိုက္စာခ်ဳပ္မ်ားကို ေဒၚလာ ၁၀၀၊၅၀၀၊၁,၀၀၀ ႏွင့္ ၅,၀၀၀ တန္ဟူ၍ ထုတ္ေရာင္းခဲ့ၿပီး တပတ္အတြင္း ေဒၚလာ ၁၅သန္းဖိုးေရာင္းခ်ႏိုင္ခဲ့သည္ဟု NUGက​ေျပာသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*