TC Candler ရဲ့ ကမ္ဘာ့နံပါတ် (၁) ရုပ်ရည်အချောဆုံးအမျိုးသားတစ်ယောက်ဖြစ်လာခဲ့တဲ့ ပိုင်တံခွန်

မင်းသားချော ပိုင်တံခွန်ကတော့ လူငယ်တစ်ယောက်ပီပီ အမိုက်စားတက်တူးတွေနဲ့ ပေါ့ပေါ့ပါးပါးရှိတဲ့ စတိုင်လ်တွေကြောင့် မိန်းကလေးတွေကြားမှာ အောင်မြင်မှုရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေအထိပါ ထိုးဖောက်အောင်မြင်နေပြီဖြစ်တဲ့ ပိုင်တံခွန်က ဖေဖော်ဝါရီလ (၁) ရက်နေ့ကစပြီး မြန်မာ့နိုင်ငံရေးပြဿနာတွေကြောင့် အနုပညာလှုပ်ရှားမှုတွေအားလုံးရပ်နားလိုက်ပြီး သူကိုယ်တိုင်လည်း နိုင်ငံရေးပါဝင်လှုပ်ရှားမှုကြောင့် (၅၀၅) က နဲ့ ဖမ်းဆီးခံခဲ့ရပြီး မနေ့က ဒီဇင်ဘာလ (၂၇) ရက်နေ့မှာတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်ခံခဲ့ရပြီပဲဖြစ်ပါတယ်။

ပိုင်တံခွန် အမိန့်ချမှတ်ခံရတဲ့သတင်းဟာလည်း နိုင်ငံတကာမီဒီယာတွေကနေ ဖော်ပြခံခဲ့ရပြီး ဒီကနေ့မှာလည်း ပိုင်တံခွန်တစ်ယောက် နိုင်ငံတကာမီဒီယာတွေထက်မှာ TC Candler ရဲ့ ကမ္ဘာ့နံပါတ် (၁) ရုပ်ရည်အချောဆုံးအမျိုးသားတစ်ယောက်အဖြစ် ရွေးခယ်ခံခဲ့ရတယ်လို့ အများအပြားဖော်ပြခံနေရတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ နိုင်ငံအသီးသီးက သရုပ်ဆောင်၊ မော်ဒယ်လ်နဲ့ Idol တွေကိုကျော်ဖြတ်ပြီး ကမ္ဘာ့နံပါတ် (၁) ရုပ်ရည်အချောဆုံးအမျိုးသားတစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရပြီး TC Candler က “Free This Man” ဆိုပြီး ပိုင်တံခွန်ကို အမြန်ဆုံးလွတ်ပေးစေဖို့လည်း တောင်းဆိုထားပါသေးတယ်။

ပိုင်တံခွန်ကတော့ လက်ရှိအကျဉ်းထောင်ထဲကိုရောက်ရှိနေတယ်ဆိုပေမယ့် သူ့ရဲ့အောင်မြင်မှု၊ စန်းပွင့်မှုနဲ့ အရည်အချင်းတို့ကတော့ မှေးမှိန်ပျောက်ကွယ်သွားခြင်းမရှိပဲ ပိုလို့တောင် အောင်မြင်ကျော်ကြားလာခဲ့တာ ပရိသတ်ကြီးမျက်မြင်ကိုယ်တွေ့ပါပဲ။ Big Congratulations ပါ ပိုင်တံခွန်ရေ..

Source: TC Candler’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Be the first to comment

Leave a Reply

Your email address will not be published.

*