လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မအလပုံဆိုပြီး ပျံ့နှံ့နေတဲ့ ဘုရားထီးတင်ပွဲဓာတ်ပုံရဲ့အဖြစ်မှန်ကို ဖြေရှင်းလာခဲ့တဲ့ ကျော်ကျော်ပိုင်မှူး

သရုပ်ဆောင် ကျော်ကျော်ပိုင်မှူးကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ကျော်ကျော်ပိုင်မှူးက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မအလပုံဆိုပြီး ပျံ့နှံ့နေတဲ့ ဘုရားထီတင်ပွဲတစ်ခုက ဓာတ်ပုံအကြောင်းနဲ့ပက်သတ်ပြီး အဖြစ်မှန်ကိုဖြေရှင်းလာခဲ့တာကို တွေ့ရပါတယ်။

ကျော်ကျော်ပိုင်မှူးက “ခုတလော Facebook ပေါ်မှာ အထင်မှား အမြင်မှားနေကြတဲ့ဓာတ်ပုံ ကျွန်တော့် ညီဝမ်းကွဲလေး “အောင်ဖြိုးကျော်”နဲ့ ဓာတ်ပုံရိုက်တဲ့ ဓာတ်ပုံပိုင်ရှင် ကျနော့ညီအငယ်ဆုံးလေး”အောင်ရဲသွင်” ပုဂံညောင်ဦးမြို့နယ် ညောင်လှရွာ မှာ “အစ်မတော်စောမွန်လှ”ရဲ့ တောင်းဆုပြည့်စေတီတော်နဲ့ “ခင်ပွန်းကြီးဆယ်ပါးစေတီတော်များ” ထီးတင်ပွဲမှာ ညီအစ်ကိုသုံးယောက် အမှတ်တရဓာတ်ပုံဆိုလို့ ဒီပုံလေးပဲ ရလိုက်တာ။ Zoom လေးဆွဲပီးကြည့်ကြပါဗျာ။ အကောင့်ကိုလည်း tag တွဲပီး တင်ပေးလိုက်ပါတယ် *ကျန်းမာချမ်းသာဘေးရန်ကွာ လိုအင်ဆန္ဒများပြည့်ဝကြပါစေ” 🙏🏼🙏🏼🙏🏼” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

ကျော်ကျော်ပိုင်မှူးကတော့ မအလပုံလို့ ပရိသတ်တွေက ဝိုင်း Share နေကြတဲ့ ဘုရားထီးတင်ပွဲကဓာတ်ပုံဟာ အမှန်တကယ်တော့ သူ့ရဲ့ညီတစ်ဝမ်းကွဲလေးဓာတ်ပုံသာဖြစ်ကြောင်းဖြေရှင်းလာခဲ့တာပဲဖြစ်ပါတယ်။

Source: Kyaw Kyaw Paing Hmue’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Be the first to comment

Leave a Reply

Your email address will not be published.

*