တပည့်ဖြစ်သူ ပိုင်တံခွန်ရဲ့ သတင်းဆိုးကြောင့် လမ်းသွားနေရင်းနဲ့တောင် ဝမ်းနည်းမျက်ရည်တွေကျခဲ့ရတယ်ဆိုတဲ့ ဂျွန်လွင်

Stars & Models Int’l Yangon ရဲ့ ပဲ့ကိုင်ရှင် တစ်ယောက်ဖြစ်တဲ့ ဂျွန်လွင်ကတော့ သူကိုယ်တိုင်လည်း မော်ဒယ်လ်တစ်ယောက်အဖြစ် အောင်မြင်ကျော်ကြားခဲ့သလို မြန်မာနိုင်ငံအတွက်လည်း မော်ဒယ်လ်ကောင်းတွေကို မွေးထုတ်ပေးနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဂျွန်လွင်ကတော့ တပည့်သားသမီးတွေများစွာရှိသလို တပည့်တွေကြောင့်လည်း စိတ်ချမ်းသာရှိခဲ့ရတဲ့အချိန်တွေလည်း မနည်းမနောရှိခဲ့သလို တပည့်တွေအဆင်မပြေတဲ့အချိန်မှာလည်း ထပ်တူခံစားဝမ်းနည်းပေးတတ်တဲ့ ဆရာတစ်ယောက်ပဲဖြစ်ပါတယ်။

ဒီတစ်ခါမှာလည်း ဂျွန်လွင်က သူ့ရဲ့တပည့်ရင်းတစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်ကျမှတ်ခံရတယ်ဆိုတဲ့ သတင်းဆိုးကြောင့် စိတ်ထိခိုက်ကြေကွဲနေခဲ့တာပဲဖြစ်ပါတယ်။ ဂျွန်လွင်က “စိတ်ထိခိုက်ရပါတယ် တပည့်ရေ.. ဘုန်းကြီးဝတ်စဉ်ကဆရာကို မေတ္တာပို့ကျေးဇူးဆပ်ချင်တယ်ဆိုပြီးvideo call နှင့် ခေါ်ပြီးသူပြုတဲ့ကုသိုလ်တွေလဲအမျှပေးခဲ့တယ်။ အဲဒီအချိန်က ပီတိဖြစ်ပြီးတခါမှမခံစားဘူးတဲ့တပည့်တယောက်ကဆရာကို သာသနာဝတ်နဲ့ကျေးဇူးဆပ်တာ ဝမ်းသာကြည်နူး မျက်ရည်ကျဖူးတယ်။အခုကျတဲ့မျက်ရည်ကတော့သူနှင့်သူမိသားစုအတွက်ပူဆွေးသောက မျက်ရည်ပါ” ဆိုပြီးပြောလာတာဖြစ်ပါတယ်။

ဂျွန်လွင်ကတော့ တပည့်တွေကို သားသမီးလိုချစ်သူတစ်ယောက်ဖြစ်ပြီး ပိုင်တံခွန်ရဲ့ သတင်းကြားကြားချင်းမှာလည်း စိတ်မထိန်းနိုင်ပဲ လမ်းသွားရင်းနဲ့တောင် ငိုနေခဲ့ရတာပဲဖြစ်ပါတယ်။

Source: John Lwin ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Be the first to comment

Leave a Reply

Your email address will not be published.

*