ရေသန့်ဘူးရောင်းတဲ့ အဘွားဒေါ်ညွှန့်ရီရဲ့ ရှင်ပြုအလှူပွဲကြီးပြုလုပ်ချင်တဲ့ဆန္ဒကို တစ်ပတ်အတွင်းဖြည့်ဆည်းပေးခဲ့တဲ့ လူရွှင်တော်မိုးစက်

လူရွှင်တော်မိုးစက်ကတော့ လူတကာလုပ်ဖို့မလွယ်ကူတဲ့ ပရဟိတအလုပ်ကို စိတ်ရောကိုယ်ပါ စွမ်းစွမ်းတမံလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ လူရွှင်တော်မိုးစက်က ရေသန့်ဘူးရောင်းတဲ့ အဘွားဒေါ်ညွှန့်ရီရဲ့ ရှင်ပြုအလှူပွဲကြီးပြုလုပ်ချင်တဲ့ဆန္ဒကို အလှူရှင်တွေနဲ့ပူးပေါင်းပြီး တစ်ပတ်အတွင်းဖြည့်ဆည်းပေးခဲ့တဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။

“မနေ့က (၂၇.၁၂.၂၀၂၁) နေ့မှာ ရေသန့်ရောင်းတဲ့ဖွားဖွားဒေါ်ညွန့်ရီ ရဲ့ တစ်ပါတ်အတွင်း အထမြောက်အောင် စီစဉ်ပေးခဲ့တဲ့ ရှင်ပြုအလှူတော်မင်္ဂလာပွဲ ။အလှူပွဲလေးဆိုပေမယ့် အဖွားရင်ထဲမှာ အရမ်းကြီးကျယ်ခမ်းနားတဲ့ ပီတိတွေရနေမှာပါ။ အလှူပွဲလေးဖြစ်မြောက်အောင် ပါဝင်လှူဒါန်းပေးကြသူများနှင့် အလှူအတွက် ပါဝင်အားဖြည့်ပေးကြသူများအားလုံး ဖွားဖွားဒေါ်ညွန့်ရီ ကိုယ်စားကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။🙏🙏🙏” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

အဘွားဒေါ်ညွှန့်ရီကတော့ ဝမ်းရေးအတွက် လမ်းဘေးမှာ ရေသန့်ဘူးလေးတွေရောင်းနေရာကနေ မီဒီယာတစ်ခုရဲ့အင်တာဗျူးကြောင့် လူသိများလာခဲ့ပြီး အလှူရှင်တွေပေါ်ပေါက်လာကာ နေစရာအိမ်နဲ့ အဘွားရဲ့ ရှင်ပြုအလှူပွဲလုပ်ချင်တဲ့ ဆန္ဒတွေပြည့်ဝခဲ့ရတာပဲဖြစ်ပါတယ်။

Source: Moe Sat ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.