ငယ်ငယ်ကတည်းက ခင်မင်အားကိုးရတဲ့မောင်လေး ပိုင်တံခွန်အတွက် ဝမ်းနည်းဝမ်းသာဖြစ်ရကြောင်း ထုတ်ပြောလာတဲ့ ဟန်နာယူရီ

ဒီကနေ့ ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ ကမ္ဘာကျော် TC Candler ကနေပြီး The 100 Most Handsome Faces of 2021 အတွက် နံပါတ် (၁) နေရာမှာ ပိုင်တံခွန်နဲ့ THE 100 MOST BEAUTIFUL FACES of 2021 အတွက် နံပါတ် (၆၄) နေရာမှာ ဟန်နာယူရီတို့ကို ရွေးချယ်ပေးခဲ့ပါတယ်။ ထိုသတင်းကြားကြားချင်းမှာပဲ ဟန်နာယူရီဟာ ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရပြီး သူမရဲ့မောင်အရင်းလေးတစ်ယောက်လို ခင်မင်အားကိုးရတဲ့ ပိုင်တံခွန်အတွက်လည်း စိတ်မကောင်းဖြစ်ရကြောင်းကို အခုလိုပဲပြောလာပါတယ်။

“မနေ့ကသတင်းကြားပြီးစိတ်အရမ်းထိခိုက်ရတယ်။ မှတ်မှတ်ရရမောင်လေးနဲ့စသိတာ2014ကနေ အနုပညာလောကမှာကျွန်မကသူငယ်ချင်းသိပ်မရှိဘူး ။သူသာအရင်းနှီးဆုံးအကြံညဏ်အကူညီတောင်းအမြဲသူကကူညီပေးခဲ့တာ။ Personal lifeမှာ ကျွန်မကအဆင်မပြေချိန်တို့ သူငယ်ချင်းရင်ဖွင့်စရာ၊ ယောကျ်ားလေးသူငယ်ချင်းအကြံညဏ်ဆိုမောင်လေးက အမြဲစိတ်ရှည်လက်ရှည်တရားနဲ့ ယှဉ်ပြောပြပေးတာ။ ဘာသာတရားကိုင်းရှိုင်းသူ။မိဘကိုရှာဖွေကျွေးမွေးနေသူ၊စိတိထား၊အရမ်းမွန်မြတ်တဲ့သူ ၊တပါးသူကိုအမြဲဖေးမတဲ့သူ၊မတရားဖမ်းစီးခံထားရတဲ့မောင်လေးအမြန်လွတ်မြောက်ပါစေ။”

“နောက်တစ်ခု မိမိတိုင်းပြည်ကအနာဂတ်ပိတ်ပင်မှု အညွန့်ချိုးတာခံရသလို နိုင်ငံရေးထဲထိထိရောက်ရောက်ပါဝင်ထားတဲ့အနုပညာရှင်တွေကို နိုင်ငံတကာ စီးပွါးရေးလုပ်ငန်းရှင်၊အဖွဲ့စည်းတွေကရှောင်ပါတယ်။ နိုင်ငံရေးထဲပါဝင်မှုကင်းတဲ့အနုပညာရှင်တွေသာနေရာရပါတယ်။ ဒါကျွန်မတို့အသက်မွေးဝမ်းကြောင်းcareer ကိုရင်းပြီးသိလာတဲ့ခါးသီးတဲ့အမှန်တရားအတွေ့ကြုံပါ။နောင်တရလားဆိုမရပါဘူး TC Candler လိုအဖွဲ့စည်းတစ်ခုက ကျွန်မတို့မောင်နှမနှစ်ယောက်ကိုဒီလို ထည့်သွင်းပေးထားတာကို အရမ်းအံဩကျေးဇူးတင်မိပါတယ်။နောက်ပြီး Free Paing Takhon Political Prisoner In Myanmar ဆိုတဲ့စာတန်းပါ ထည့်ပေးထားပါတယ်။ ခုချိန်ထိလည်းမြန်မာအရေးကိုစောင့်ကြည့်နေတဲ့အဖွဲ့စည်းတွေရှိနေပါသေးတယ်။ ခုချိန်ထိအရေးတော်ပုံအမြန်အောင်မြင်ဖို့ မိမိတိုင်းပြည်ပြန်လာခွင့်ရဖို့ပဲ တောင်းဆုပြုပါတယ်။” ဆိုပြီး ပြောလာပါတယ်။

ဟန်နာယူရီကတော့ စကစရဲ့မျက်မုန်းကျိုးခြင်းခံနေရတဲ့ သူမနဲ့ ပိုင်တံခွန်ကို TC Candler ကနေပြီး အရေးတယူရွေးချယ်ပေးထားတဲ့အတွက်လည်း အံ့သြကျေးဇူးတင်ကြောင်းကို ပြောခဲ့ပါသေးတယ်။

Source: Hannayuri ‘s fb

Be the first to comment

Leave a Reply

Your email address will not be published.


*