တော်လှန်ရေးရံပုံငွေအတွက် ကံစမ်းမဲအစီအစဉ်မှာ ကိုယ်တိုင်ထိုးထားတဲ့ သိုးမွေးအင်္ကျီလေးနဲ့ ပါဝင်အားဖြည့်ပေးခဲ့တဲ့ ပိုင်ဖြိုးသု

လူလေးလှသလို စိတ်ထားလေးလည်းဖြောင့်မတ်မှန်ကန်တဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုဟာ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကြားမှာလည်း ဓမ္မဘက်ကရပ်တည်ပြီး သူမရဲ့အောင်မြင်မှု၊ ပြည့်စုံမှုတွေကို လျစ်လျူရှုပြီး ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်နေသူဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ပိုင်ဖြိုးသုက တော်လှန်ရေးရံပုံငွေအတွက် ကံစမ်းမဲအစီအစဉ်မှာ ကိုယ်တိုင်ထိုးထားတဲ့ သိုးမွေးအင်္ကျီလေးနဲ့ ပါဝင်အားဖြည့်ပေးခဲ့ကြောင်း အခုလိုပဲပြောလာပါတယ်။

“”တော်လှန်ကျန်းမာအနာဂတ်ကမ္ဘာ ထိုင်းရောက်တို့မြန်မာ” ကံစမ်းမဲလက်မှတ်တွေရဲ့ ဆုမဲတွေထဲမှာ ဆိုင်ကယ် ဖုန်းဟန်းဆက် ရွှေသား အစရှိတဲ့ တန်ဖိုးကြီးဆုမဲတွေ ပါဝင်သလို သုသုတို့တော်လှန်ရေးအနုပညာမောင်နှမတွေဖန်တီးထားတဲ့ အမှတ်တရလက်ဆောင်လေးတွေလဲပါဝင်ပါတယ်။ သုသုကို hand madeလေးတစ်ခုဖန်တီးဖို့ ဘုန်းဘုန်းအရှင်ထာဝရနဲ့ ကိုပေါက်ကပြောတော့ cardiganလေးထိုးပေးဖို့ ဆုံးဖြတ်ခဲ့မိတယ်။ တစ်ခါမှမထိုးဘူးတဲ့stitch pattern & sizeဖြစ်နေတော့ မှားလိုက်ပြန်ဖြုတ်လိုက်နဲ့ တစ်လ‌ကျော်အချိန်ယူလိုက်ရပါတယ်။”

“သုသု Professional Crochetထိုးတဲ့သူမဟုတ်တော့ လိုအပ်ချက်တွေအများကြီးပါ။ ဒါပေမယ့် ဒီcardiganလေးမှာ သုသုစေတနာတွေအပြည့်နဲ့ထိုးပေးထားတာမို့ မေတ္တာတရားတွေတော့အပြည့်အဝပါဝင်ပါတယ်။ သုသုရဲ့ Cardiganကိုမဲပေါက်ခဲ့ရင် မဲပေါက်သူကိုယ်တိုင်ပဲဖြစ်ဖြစ် လက်ဆောင်ပြန်ပေးမယ်ဆိုရင်လည်းပြန်ပေးမဲ့သူရဲ့နာမည်ကိုပဲဖြစ်ဖြစ် initialလေးပါအင်္ကျီမှာထည့်ထိုးပေးပါ့မယ်(ဥပမာ-ခင်ဆိုရင်K, မေဆိုရင်M, ဉာဏဆိုရင်N စသဖြင့်ပေါ့လေ) ထိုးပေးစေချင်တဲ့စာလုံးကိုသာပြောပေးပါ။ ဒီCardiganလေးနဲ့အတူဆုမဲတွေကံထူးဖို့ ကံစမ်းမဲလက်မှတ်တွေကိုအောက်ကlinkမှတစ်ဆင့်pageရဲ့ messengerမှာသွားဝယ်လို့ရပါသေးတယ်။ December(31)st ည(၁၂:၀၀)အထိရောင်းချပေးသွားမယ်လို့သိရပါတယ်….” ဆိုပြီးပြောလာပါတယ်။

ပိုင်ဖြိုးသုကတော့ တော်လှန်ရေးရံပုံငွေအတွက် သူမတတ်မြောက်ထားတဲ့ လက်မှုအနုပညာပစ္စည်းလေးနဲ့ တတ်နိုင်သလောက်လေး ပါဝင်အားဖြည့်ပေးခဲ့တာပဲဖြစ်ပါတယ်။

Source: Paing Phyoe Thu’s fb

Be the first to comment

Leave a Reply

Your email address will not be published.


*