တစ်ယောက်တစ်နေရာစီမှာ တိုက်ပွဲဝင်နေကြတဲ့ ပြေတီဦးနဲ့ မင်းမော်ကွန်းတို့ ဘေးကင်းစေဖို့ ဆုတောင်းပေးခဲ့တဲ့ စိုးပြည့်သဇင်

ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် မြင်သူရင်ကိုအေးချမ်းစေတဲ့ သဘာဝအလှပိုင်ရှင်လေးတော့ အကယ်ဒမီ သရုပ်ဆောင်မင်းသမီးချောလေး စိုးပြည့်သဇင်ပဲ ဖြစ်ပါတယ်။ စိုးပြည့်သဇင်ကတော့ ဆယ်ကျော်သက်အရွယ်ကတည်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းနဲ့အတူတူ အနုပညာညီအစ်ကိုမောင်နှမတွေရဲ့ ချစ်ခြင်းကိုလည်း ခံယူထားရသူတစ်ယောက်ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း စိုးပြည့်သဇင်က နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းထောင်ထဲကိုရောက်ရှိနေတဲ့ ပြေတီဦးနဲ့ စကစကိုတော်လှန်ဖို့ လွတ်မြောက်နယ်မြေကိုရောက်ရှိနေတဲ့ မင်းမော်ကွန်းတို့ကို ဘေးကင်းစေဖို့ ဆုတောင်းထားတာကိုတွေ့ရပါတယ်။ စိုးပြည့်သဇင်က “ကမ္မဖလရုပ်ရှင်ကား အင်တာဗျူးတုန်းက အမှတ်တရ..ကိုကျော်ရော ကိုတီရော ကျန်းမာပါစေ” ဆိုပြီး ဆုတောင်းပေးထားတာကို တွေ့ရပါတယ်။

စိုးပြည့်သဇင်ကတော့ သူမရဲ့ အစ်ကိုရင်းတစ်ယောက်လိုချစ်ရတဲ့ စီနီယာ ပြေတီဦးနဲ့ မင်းမော်ကွန်းတို့နဲ့အတူတူရိုက်ကူးခဲ့တဲ့ ဓာတ်ပုံလေးကို ပြန်လည်မျှဝေပေးပြီး အစ်ကိုတွေဘေးကင်းစေဖို့ ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။

Source: Soe Pyae Thazin’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.