NUG ကို တရားဝင်ဖြစ်စေရေး အမေရိကန်ဆောင်ရွက်ချက် လွှတ်တော်သို့ အစီရင်ခံရမည်ဆိုသော ပြဋ္ဌာန်းချက်အပါအဝင်သမ္မတဘိုင်ဒင် လက်္မှတ်ရေးထိုး အတည်ပြု

NUG ကို တရားဝင်ဖြစ်စေရေး အမေရိကန်ဆောင်ရွက်ချက် လွှတ်တော်သို့ အစီရင်ခံရမည်ဆိုသော ပြဋ္ဌာန်းချက်အပါအဝင်သမ္မတဘိုင်ဒင် လက်္မှတ်ရေးထိုး အတည်ပြု

ဒီဇင်ဘာလ ၂၈ ရက်နေ့။

လာမည့် ၂၀၂၂ ခုနှစ်အတွက် ဒေါ်လာ ဘီလီယံ ၇၇၀ ဘတ်ဂျက် အသုံးပြုမည့် အမေရိကန် အမျိုးသား ကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ NDAA ကို သမ္မတဘိုင်ဒင်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီဖြစ်ပြီး အဆိုပါ NDAA ဥပဒေတွင် NUG အစိုးရကို တရားဝင် ဖြစ်စေရေးအမေရိကန်အစိုးရ၏ လုပ်ဆောင်ချက်ကို လွှတ်တော်သို့ အစီရင်ခံရမည့် ပြဋ္ဌာန်းချက်ပါဝင်ကြောင်း သိရှိရသည်။

သမ္မတဂျိုးဘိုင်ဒင်က ဒီဇင်ဘာလ ၂၇ ရက်နေ့ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၈ ရက်နေ့)တွင် အဆိုပါ NDAA ဘတ်ဂျက်ဥပဒေကို အတည်ပြု လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ရာ ဥပဒေမှာ တရားဝင် အသက်ဝင်လာပြီဖြစ်သည်။

ယင်းဥပဒေတွင် NUG အစိုးရကို တရားဝင်ဖြစ်စေရေး အမေရိကန်အစိုးရက ဆောင်ရွက်ရန်နှင့် စစ်ကောင်စီ၏ တရားဝင်မှု မရရှိစေရေး အမေရိကန် အစိုးရက လုပ်ဆောင်ရန်တို့လည်း ပါဝင်ကြောင်း သိရှိရသည်။

NDAA ဥပဒေ ပြဋ္ဌာန်းပြီး ရက်ပေါင်း ၆၀ အတွင်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဆောင်ရွက်ချက်ကို အမေရိကန်အစိုးရက အမေရိကန်လွှတ်တော်သို့ အစီရင်ခံတင်ပြရမည်ဆိုသော ပြဋ္ဌာန်းချက်ပါဝင်ကြောင်း သိရှိရသည်။

အမေရိကန်အစိုးရက လွှတ်တော်သို့ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်ချက် အစီရင်ခံတင်ပြသည့်အခါ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အမေရိကန် အစိုးရမူဝါဒ၊ လုံ ခြုံရေးရည်ရွယ်ချက်တွေကိုထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး အမေရိကန်အစိုးရ၏ လုပ်ဆောင်ချက်‌များကို ထည့်သွင်း ဖော်ပြရမည်ဖြစ်ကြောင်း၊

အမေရိကန်အစိုးရ၏ လက်ရှိထောက်ပံ့ပေးနေသည်များကို ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ တရုတ်၊ ရုရှားတို့၏ မြန်မာနှင့်ပတ်သက်သည့်မဟာဗျူ ဟာအကျိုးစီးပွားကို ထည့်သွင်းဖော်ပြရမည်ဟု ပြဌာန်း ထားကြောင်း သိရှိရသည်။

“အမေရိကန်အစိုးရလုပ်နေတာတွေက NUG ကို ဘယ်လိုထောက်ပံ့မှုတွေ ပေးပြီး NUG ကို ဘယ်လိုတရားဝင်ဖြစ်အောင် လုပ်ပေးနေ လဲဆိုတာကို ထည့်သွင်းဖော်ပြရမယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ တရားဝင်မှု မရအောင် ဘယ်လိုလုပ်နေလဲဆိုတာကိုလည်း ထည့်သွင်းဖော်ပြရမယ်လို့ ထည့်သွင်းပြဌာန်းထားတာပါပဲ” ဟု

နိုင်ငံရေးဆောင်းပါးရှင် ဦးရဲမျိုးဟိန်းက ၎င်း၏ လူမှုကွန်ရက်တွင် ယင်း NDAA ဥပဒေကြမ်းအဆင့် အတည်မပြုသေးခင် ဒီဇင် ဘာလ ၁၈ ရက်နေ့တွင် သုံးသပ် ရေးသားခဲ့သည်။

NDAA ဥပဒေတွင် ကမ္ဘာ့ရေးရာများနှင့်ပတ်သက်၍ ယူကရိန်းနိုင်ငံလုံခြုံရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ သုံးစွဲမည်ဖြစ်ပြီး ဒေါ်လာ ၄ ဘီလီယံ ဥရောပဒေသ ကာကွယ်ရေးဆိုင်ရာအတွက် အသုံးပြုမည်ဖြစ်ကြောင်း ၊ ပစိဖိတ်ဒေသ ကာကွယ်ရေးဆိုင်ရာများအတွက်‌ ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံ သုံးစွဲမည်ဖြစ်ကြောင်း သိရှိရသည်။

Credit – Original Writer

Be the first to comment

Leave a Reply

Your email address will not be published.


*