စစ်ကောင်စီတပ်ဖွဲ့များက နတ်ချောင်းကျေးရွာကို ယနေ့နံနက် ထပ်မံပစ်ခတ် မီးရှို့နေ ( ရုပ်သံ )

စစ်ကောင်စီတပ်ဖွဲ့များ နတ်ချောင်းကျေးရွာကို ယနေ့နံနက် ထပ်မံ မီးရှို့နေ၊ စစ်တပ်က ပစ်သတ်သွားသူ ၂၀ ဝန်းကျင်ရှိပြီး ရွာအတွင်း အချို့ ပိတ်မိနေသေး (ရုပ်/သံ ‌‌အောက်တွင်ပါဝင်သည် )

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာအတွင်းသို့ ထပ်မံဝင်ရောက်လာပြီး

ယနေ့ ဒီဇင်ဘာလ ၂၈ ရက် နံနက် ၉ နာရီမှ စတင်ကာ အများပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီးနေအိမ် ၂၀ ကျော် မီးလောင်ဆုံးရှုံးပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“စစ်သားတွေက နတ်ချောင်းရွာရဲ့ အရှေ့ဘက်က ဝင်လာပြီးတော့ ဒီမနက် ၉ နာရီလောက်ကနေစပြီး မီးထပ်ရှို့တာ၊

ဒီနေ့ပါဆို ၄ ရက်မြောက် ရှိပြီပေါ့၊ အားလုံးပေါင်း နေအိမ် ၂၀ ကျော် မီးလောင်သွားပြီ” ဟု

နတ်ချောင်းဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် နတ်ချောင်းရွာတွင် သေဆုံးသူ ပြည်သူ ၂၀ ဦးခန့် ရှိနေပြီး

လက်ရှိအချိန်တွင် ထောင်ချီသော နတ်ချောင်းဒေသခံများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း

ရွာအတွင်း၌ သက်ကြီးရွယ်အိုအချို့ ရှိနေသေးကြောင်း သိရှိရသည်။

“အသတ်ခံရတဲ့ ပြည်သူကတော့ များတယ်၊ ကျနော်တို့ ပြန်သယ်ထုတ်နိုင်တာ ၁၁ လောင်း၊ နောက်ထပ် ရှိသေးတယ်၊ သူတို့ မီးရှို့ကတည်းက

ဘိုးဘွားတွေနဲ့ ကလေးတွေကို ရသလောက် ကယ်ထုတ်တယ်၊ တချို့ ရောဂါဖြစ်နေတဲ့သူတွေ၊ လုံးဝမရတော့တဲ့သူတွေတော့ ကျန်ခဲ့တယ်၊

အရေအတွက်အတိအကျတော့ မသိဘူး” ဟု ကူညီကယ်ဆယ်ရေးလည်း လုပ်နေသူ အဆိုပါ ဒေသခံက ဆက်ပြောသည်။

ကလေးမြို့ GTC ကျောင်းဝင်းအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်သည်

နတ်ချောင်းကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ယမန်နေ့တွင်

ပစ်ခတ်ခဲ့သလို နတ်ချောင်းကျေးရွာအတွင်းရှိ ဘုန်းကြီးများ၊ စာသင်ကျောင်းများအတွင်း

ဝင်ရောက်တပ်စွဲလေ့ ရှိကြောင်း သိရှိရသည်။

မှတ်ချက်။ ။ ဗီဒီယိုတွင် အသံပါဝင်ခြင်းမရှိပါ။

crd

Unicode

Credit – Original Writer

Add a Comment

Your email address will not be published.