သက်ကြီးလူရွှင်တော် တစ်ဦးလျှင် (၁၂) သိန်း နှုန်းနဲ့ လှူဒါန်းခဲ့တဲ့ ခင်လှိုင်

သက်ကြီးလူရွှင်တော် တစ်ဦးလျှင် (၁၂) သိန်း နှုန်းနဲ့ လှူဒါန်းခဲ့တဲ့ ခင်လှိုင်

ဟာသ သရုပ်ဆောင်အဖြစ်နဲ့ အောင်မြင်မှုကို ထိန်းထားနိုင်သူတွေထဲမှာ ခင်လှိုင်လည်း အပါအဝင်ပါ။ ခင်လှိုင် ၊ ဒိန်းဒေါင်အဖြစ် တွဲပြီးမြင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ ဒိန်းဒေါင်ကနာမည် တဖြည်းဖြည်း လျော့သွားပါတယ်။

ခင်လှိုင်က လက်ရှိမှာတော့ ဇဝနဖောင်ဒေးရှင်းကိုမတည်ပြီး သက်ကြီးလူရွှင်တော်တွေအတွက်လှူဒါန်းမှုတွေ ပြုလုပ်နေပါတယ်။ သက်ကြီးလူရွှင်တော်တွေကို တစ်လလျှင် တစ်ဦးကျ မဲနှိုက်ရွေးချယ်ပြီး လှူဒါန်းငွေ ပေးအပ်နေတဲ့ အကြောင်း ခင်လှိုင်က ခုလို ပြောပြသွားပါတယ်။

“အခုက ဦးခင်လှိုင်ရဲ့ ဖေ့စ်ဘွတ်အကောင့်က လော့ခ်ကျတာလား အဟက်ခံရတာလားမသိဘူး တိုင်ပတ်နေတော့ မနက်ဖြန်ကျမှ မန္တလေးမှာလူရွှင်တော် ဘယ်သူဖြစ်မလဲ မဲနှိုက်ရင်း မန္တလေးမှာ လှူမှာပေါ့။

ဒီတစ်ခေါက်နဲ့ဆိုရင်လေးယောက်မြောက်ပေါ့။ ပြီးခဲ့တဲ့ အခေါက်က ရန်ကုန်မှာ ဆယ့်သုံးသိန်းလောက် လှူနိုင်တယ်။ များသောအားဖြင့် ဆယ်သိန်းကျော် ဆယ့်တစ်သိန်း ဆယ့်နှစ်သိန်း စလှူတဲ့အခေါက်တည်းက ဆယ့်နှစ်သိန်းကျော် လှူနိုင်ပါတယ်။

တစ်လတစ်ယောက်ကတော့(၁၂) သိန်းကျော် လှူနိုင်ပါတယ်။ ဇဝနဖောင်ဒေးရှင်းက မတည်ငွေ တစ်သိန်း ၊ ဦးခင်လှိုင်က တစ်သိန်း ၊ ဇဝနဖောင်ဒေးရှင်း မတည်ငွေကလည်း ဦးခင်လှိုင်ဟာပါပဲ။ အရင်တုန်းက ဇဝန မီဒီယာ ပလက်ဖောင်းလေး လုပ်ထားတာ။

အခုမလုပ်ဖြစ်တော့ဘူး။ ဒီလှူဒါန်းမှု ဖောင်ဒေးရှင်းပဲ ကျန်ခဲ့တော့ ကိုယ့်ရဲ့ ပိုက်ဆံနဲ့ လှူဖြစ်တာပေါ့။ ကျန်တဲ့မိတ်ဆွေတွေကလည်း ဝိုင်းလှူကြတယ်။” ဆိုပြီး ဖောင်ဒေးရှင်းအကြောင်း ပြောပြသွားပါတယ်။

လှူဒါန်းမှုလုပ်ဖို့ စိတ်ကူးရသွားတဲ့ အကြောင်းရင်းကိုလည်း ခင်လှိုင်က ခုလို ပြောပါတယ်။

“ကိုယ်လည်း လူရွှင်တော် တစ်ယောက်ပဲလေ။ လူရွှင်တော်တွေ အသက်ကြီးလာတဲ့အချိန်မှာ အလုပ်အကိုင်မလုပ်နိုင်ဘဲ အသက်အရွယ်ကြီးလို့ အနားယူတဲ့အချိန်မှာ ချို့တဲ့တဲ့သူ များတယ်။ ချမ်းသာတဲ့သူတွေလည်း ရှိပါတယ်။ ဖောင်ဒေးရှင်း လုပ်တယ်ဆိုတာကတော့ ချမ်းသာသူ ချို့တဲ့သူ ခွဲလို့ မရဘူးပေါ့။ မဲနှိုက်တဲ့အခါ ကံထူးတဲ့သူက ရတာပေါ့။” လို့ ဆိုပါတယ်။

လစဉ် လူရွှင်တော် တစ်ယောက်ပဲ လှူရတဲ့ အကြောင်းကိုလည်း ဦးခင်လှိုင်က ခုလို ရှင်းပြပါတယ်။

“လူရွှင်တော်ကြီးတွေက သဘင်အစည်းအရုံး ဝင်ထားတဲ့သူရှိသလို မဝင်ထားတဲ့သူလည်း ရှိတယ်။ တစ်ချို့လည်း သဘင်အစည်းအရုံးနဲ့ လက်လှမ်းဝေးနေသူတွေလည်း ရှိတယ်။ လူရွှင်တော်ကြီးတွေ အသက်ကြီးသွားလို့ ပင်စည်အနေနဲ့ ပေးတဲ့ အစည်းအရုံးမရှိဘူး။

အမှန်တော့ ရှိသင့်တာ။ သူတို့တွေ အတွက် ဘဝအာမခံချက်လိုတယ်လေ။ လစဉ်လှူဖို့ကမသေချာတဲ့အတွက် မလုပ်ပေးနိုင်လို့ လစဉ် တစ်ယောက်တစ်ယောက်ကို လှူဖြစ်အောင်တော့ အကောင်းဆုံး ကြိုးစားပြီး အတတ်နိုင်ဆုံး လုပ်သွားမှာ။” ဆိုပြီး ပြောပြသွားပါတယ်။

Unicode

သက်ကြီးလူရွှင်တော် တစ်ဦးလျှင် (၁၂) သိန်း နှုန်းနဲ့ လှူဒါန်းခဲ့တဲ့ ခင်လှိုင်

ဟာသ သရုပ်ဆောင်အဖြစ်နဲ့ အောင်မြင်မှုကို ထိန်းထားနိုင်သူတွေထဲမှာခင်လှိုင်လည်း အပါအဝင်ပါ။ ခင်လှိုင် ၊ဒိန်းဒေါင်အဖြစ် တွဲပြီးမြင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ ဒိန်းဒေါင်ကနာမည် တဖြည်းဖြည်း လျော့သွားပါတယ်။

ခင်လှိုင်က လက်ရှိမှာတော့ ဇဝနဖောင်ဒေးရှင်းကို မတည်ပြီးသက်ကြီးလူရွှင်တော်တွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေပါတယ်။ သက်ကြီးလူရွှင်တော်တွေကို တစ်လလျှင် တစ်ဦးကျ မဲနှိုက်ရွေးချယ်ပြီး လှူဒါန်းငွေ ပေးအပ်နေတဲ့ အကြောင်း ခင်လှိုင်က ခုလို ပြောပြသွားပါတယ်။

“အခုက ဦးခင်လှိုင်ရဲ့ ဖေ့စ်ဘွတ်အကောင့်က လော့ခ်ကျတာလား အဟက်ခံရတာလား မသိဘူး တိုင်ပတ်နေတော့ မနက်ဖြန်ကျမှ မန္တလေးမှာ လူရွှင်တော် ဘယ်သူဖြစ်မလဲ မဲနှိုက်ရင်း မန္တလေးမှာ လှူမှာပေါ့။

ဒီတစ်ခေါက်နဲ့ဆိုရင်လေးယောက်မြောက်ပေါ့။ ပြီးခဲ့တဲ့ အခေါက်က ရန်ကုန်မှာ ဆယ့်သုံးသိန်းလောက် လှူနိုင်တယ်။ များသောအားဖြင့် ဆယ်သိန်းကျော် ဆယ့်တစ်သိန်း ဆယ့်နှစ်သိန်း စလှူတဲ့အခေါက်တည်းက ဆယ့်နှစ်သိန်းကျော် လှူနိုင်ပါတယ်။

တစ်လတစ်ယောက်ကတော့(၁၂) သိန်းကျော် လှူနိုင်ပါတယ်။ ဇဝနဖောင်ဒေးရှင်းက မတည်ငွေ တစ်သိန်း ၊ ဦးခင်လှိုင်က တစ်သိန်း ၊ ဇဝနဖောင်ဒေးရှင်း မတည်ငွေကလည်း ဦးခင်လှိုင်ဟာပါပဲ။ အရင်တုန်းက ဇဝန မီဒီယာ ပလက်ဖောင်းလေး လုပ်ထားတာ။

အခုမလုပ်ဖြစ်တော့ဘူး။ ဒီလှူဒါန်းမှု ဖောင်ဒေးရှင်းပဲ ကျန်ခဲ့တော့ ကိုယ့်ရဲ့ ပိုက်ဆံနဲ့ လှူဖြစ်တာပေါ့။ ကျန်တဲ့မိတ်ဆွေတွေကလည်း ဝိုင်းလှူကြတယ်။” ဆိုပြီး ဖောင်ဒေးရှင်းအကြောင်း ပြောပြသွားပါတယ်။

လှူဒါန်းမှုလုပ်ဖို့ စိတ်ကူးရသွားတဲ့ အကြောင်းရင်းကိုလည်း ခင်လှိုင်က ခုလို ပြောပါတယ်။ “ကိုယ်လည်း လူရွှင်တော် တစ်ယောက်ပဲလေ။ လူရွှင်တော်တွေ အသက်ကြီးလာတဲ့အချိန်မှာ အလုပ်အကိုင်မလုပ်နိုင်ဘဲ အသက်အရွယ်ကြီးလို့ အနားယူတဲ့အချိန်မှာ ချို့တဲ့တဲ့သူ များတယ်။

ချမ်းသာတဲ့သူတွေလည်း ရှိပါတယ်။ ဖောင်ဒေးရှင်း လုပ်တယ်ဆိုတာကတော့ ချမ်းသာသူ ချို့တဲ့သူ ခွဲလို့ မရဘူးပေါ့။ မဲနှိုက်တဲ့အခါ ကံထူးတဲ့သူကရတာပေါ့။” လို့ ဆိုပါတယ်။

Add a Comment

Your email address will not be published.