မန္တလေးစွယ်တော်ကညနရုံးမိုင်းခွဲတို.က်ခို.က်ခံရပြီးဘန်ကာအတွင်းရှိစကစအပါအဝင်

မန္တလေးစွယ်တော်ကညနရုံးမိုင်းခွဲတို.က်ခို.က်ခံရပြီးဘန်ကာအတွင်းရှိစကစအပါအဝင်နှစ်ဦးဒဏ်ရာရ


အာဏာသိမ်းပြီးနောက် မန္တလေး၌ ကညနရုံးများ တိုက်ခိုက်ခံရမှု ခြောက်ကြိမ်ထက်မနည်း ရှိလာ၊

မန္တလေးမြို့အမရပူရမြို့နယ်စွယ်တော်ဘုရားအနီးရှိက.ည.နရုံးယနေ့နေ့လည်ပိုင်းတွင်မိုင်းဖြင့်ပ.စ်ခတ်ဖော.က်ခွဲတို.က်ခိုက်ခံရကာ

ဘန်ကာဂိတ်အတွင်းရှိအစောင့်ကျစကစတစ်ဦးအပါအဝင်အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရကြောင်းဒေသခံသတင်းရင်းမြစ်များကပြောသည်။

ယနေ့ဒီဇင်ဘာ(၂၈)ရက်နေ့လည်(၂)နာရီဝန်းကျင်ကအမရပူရမြို့နယ်၊နတ်ရေကန်ကျေးရွာရှိစွယ်တော်ကညနရုံးခေါ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှုဦးစီးဌာနရုံးတွင်

လက်လုပ်မို.င်းဖြင့်ပ.စ်ခတ်ခံရမှု့ကြောင့်ဂိတ်ပေါက်ဘန်ကာအတွင်းရှိအစောင့်ကျစကစတစ်ဦးနှင့်ကညနရုံးလို့လာရောက်သောအမျိုးသားတစ်ဦး

ထိခိုက်ဒဏ်ရာရခဲ့သည်ဟုဆိုသည်။မိုင်းဖြင့်ပ.စ်ခ.တ်ခံရမှုကြောင့်တပ်သားအဆင့်စကစတစ်ဦးရင်ဘတ်တွင်မိုင်းစထိမှန်ဒဏ်ရာရသလို

အသက်(၄၀)ကျော်အမျိုးသားတစ်ဦးလည်းတင်ပါးတွင်မိုင်းစထိမှန်ဒဏ်ရာရကြောင်း၊၄င်းတို့နှစ်ဦးလုံးအသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေမရှိကြောင်း

ဒေသခံသတင်းရင်းမြစ်များကပြောသည်။မန္တလေးမြို့၌ကညနရုံးနှစ်ရုံးရှိပြီးစွယ်တော်ကညနရုံးနှင့်သိပ္ပံလမ်းပေါ်ရှိကညနရုံးတို့ဖြစ်သည်။

စစ်ကောင်စီသည်အဆိုပါကညနရုံးနှစ်ရုံးလုံးကိုပြန်လည်ဖွင့်လှစ်ကာယာဉ်လိုင်စင်သက်တမ်းတိုးခြင်း၊အမည်ပေါက်ပြောင်းခြင်းကဲ့သို့

၄င်းတို့အတွက်အခွန်အခရရှိနိုင်သောအလုပ်များကိုလုပ်ဆောင်လျှက်ရှိသည်။အာဏာသိမ်းပြီးနောက်မန္တလေးကညနရုံးနှစ်ရုံးတွင်ဖော.က်ခွဲ

တို.က်ခိုက်ခံရမှုအနည်းဆုံးခြောက်ကြိမ်အထိရှိခဲ့သည်။ယာဉ်လိုင်စင်သက်တမ်းတိုးခြင်းမှတဆင့်ပြည်သူကိုပ.စ်သ.တ်မည့်ကျည်ဆန်ဖိုးများ

စစ်ကောင်စီထံစီးဆင်းနေမှုကိုဖြတ်တောက်ရန်အတွက်ကညနရုံးများကိုသတိပေးဖောက်ခွဲခြင်းဖြစ်ကြောင်းမြို့ပြပြောက်ကျားတော်လှန်ရေးအဖွဲ့ကထုတ်ပြန်ထားသည်။MFP

Be the first to comment

Leave a Reply

Your email address will not be published.


*