မင်းမော်ကွန်း ရဲ့ကျန်းမာရေး အခြေနေကို ပြောပြလာတဲ့ ရဲဖော်ရဲဖက် တစ်ဦး

မဂ်လာပါ ပရိတ်သတ်ကြီးရေ

ပြည်သူ ချစ် မင်းသား မင်းမော်ကွန်း ရဲ့ စိတ်မကောင်းစ

ရာ ကျန်းမာရေး အခြေနေကို ပြောပြလာတဲ့ ရဲဖော်ရဲ

ဖက် တစ်ဦး

သရုပ်ဆောင် မင်းမော်ကွန်းကတော့ လက်ရှိမှလွတ်မြောက်

နယ်မြေ တစ်နေရာသို့ ရောက်ရှိနေပြီး တော်လှန်ရေး တိုက်ပွဲ

များအတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ပြည်သူတွေက

လည်း ရွှေဘုံစံတဲ့ ဘဝကို စွန့်လွှတ်ပြီး တိုက်ပွဲဝင်နေတဲ့ မင်း

မော်ကွန်းရဲ့ ရဲစွမ်းသတ္တိရှိမှုတွေကို လေးစားနေကြတာ ဖြစ်

ပါတယ်။မကြာသေးခင် နာရီပိုင်းလောက်ကလည်းတိမ်း

ရှောင် နေစဉ် စိတ်ထိ ခိုက် နာကျင်မှုတွေခံစားရတာကြောင့်

ကျန်းမာရေး အခြေအေန ဆိုးရွားခဲ့တဲ့ မင်းမော်ကွန်းရဲ့

အကြောင်း တွေကို ရဲဖော်ရဲဖက်ဖြစ်သူတစ်ဦးမှ ပြောပြလာ

ခဲ့တာ ဖြစ်ပါတယ်။မင်းမော်ကွန်းဟာ ရန်ကုန်မြို့က ဆန္ဒပြ

ပွဲတွေအပြီး ထွက်ပြေးတိမ်းရှောင်ရင်း တိုက်ပျက်ကြီးတွေ

လူမနေမီးမရှိ၊ရေမရှိတဲ့အ ဆောက်အအုံပျက်တွေမှာ ပုန်းခို

နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။ညဘက်တွေဆို သရဲကားတွေ

ထဲကလို ချောက်ချားစရာ အပြည့်နဲ့အမှောင်ညတွေကို ဖြတ်

သန်းခဲ့ရတာ ဖြစ်ပါတယ်။ခရီးကြမ်းအရှည်ကြီးကို ဖြတ်

ကျော် လာပြီးလွှတ်မြောက်နယ်မြေရောက်လာတဲ့အချိန်မှာ

တော့ မင်းမော်ကွန်းရဲ့ ကျန်းမာရေး အခြေအနေဟာ အလွန်

ဆိုးရွားနေခဲ့တာကြောင့် ညတွင်းချင်း အရေးပါ် အကူ အညီ

တောင်းခဲ့ရပြီး ဆေးတွေ ချိတ်ပေးခဲ့ရတာ ဖြစ်ပါတယ်။

တစ်ညလုံး ဆေးသွင်းပြီး မနက်မိုးလင်းတဲ့ အချိန်မှာတော့

လန်း ဆန်းမှုတစ်ချို့ကို သူ့မျက်နှာပေါ်တွင် မြင်တွေ့ရတာ

ကြောင့်စိတ်အေးသွားခဲ့ရကြောင်း ရေးသားထားတာ ဖြစ်ပါ

တယ်။အစားနည်းနည်း ဝင်သွားတာနဲ့ ခဏခဏ ပြန်အန်ပြီး

တစ်ပတ်ေလာက် ဆေးကုသမှု ခံယူပြီးမှသာ အခြေအနေ

ပြန်ကောင်းလာခဲ့တာ ဖြစ်ပါတယ်။ နေမြန်မြန် ပြန်ကောင်း

မှ အလုပ်တွေဆက်လုပ်နိုင်မှာ ဖြစ်ကြောင်း တဖွဖွ ပြောခဲ့

တယ်လို့လည်းရေးသား ထားပါတယ်။ သူ့အသက်အရွယ်

သူ့ဘဝ ဖြတ်သန်းမှုတွနဲ့ ထွက်ပြေးတိမ်း ရှောင်နေ ရတဲ့

ကာလတစ်လျှောက် နေရာအနှံ့ အပြားမှာ သူကြုံခဲ့ရတဲ့

ကြမ်းတမ်း ပင်ပန်းမှု တွေကို ကြံ့ကြံ့ခံ ကျော် လွှားနိုင်ခဲ့ တာ

ကို ပြန် ကြည့်ခြင်းအားဖြင့်စိတ်ဓာတ် အလွန်သန်မာပြီး

မြန်မာပြည်ကို အာဏာရှင်လက်ထက်ကအပြီးတိုင်

လွတ်မြောက်စေချင်တဲ့ သူ့စေတနာကိုလည်း အထင်း

သား မြင်တွေ့ရမှာ ဖြစ် ပါတယ်နော်။မင်းမော်ကွန်း တစ်

ယောက်ကွဲကွာနေရတဲ့ မိသားစုဝင်များနဲ့ချစ်ရတဲ့ ဆွေမျိုး

ပရိတ်သတ်များနဲ့ အမြန်ဆုံး ပြန် လည် ဆုံဆည်းနိုင် ပါ စေ

လို့ ဆုတောင်းပေးရင်း ဒီသ တင်းကို ဖော်ပြပေးလိုက်ရပါ

တယ်ခင်ဗျာ။

Credit – Original Writer

Be the first to comment

Leave a Reply

Your email address will not be published.


*