သေကွဲကွဲသွားခဲ့တာ (၁၀)လပြည့်ခဲ့ပြီဖြစ်တဲ့ အမြွှာညီငယ်လေး ညီညီအောင်ထက်နိုင်ကို သတိရကြောင်းပြောလာတဲ့ ကိုကိုအောင်ထက်နိုင်

နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်တစ်သိုက်ကြောင့် အသေးပေးခဲ့ရတဲ့ သူရဲကောင်း ညီညီအောင်ထက်နိုင်ကို ပရိသတ်ကြီး ဒီနေ့ဒီအချိန်ထိ အောက်မေ့သတိရနေကြဦးမယ်ထင်ပါတယ်။ ညီညီအောင်ထက်နိုင်ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာလည်း သူ့ရဲ့အမြွှာအစ်ကိုဖြစ်သူ ကိုကိုအောင်ထက်နိုင်ဟာ ကျဆုံးသွားတဲ့ညီဖြစ်သူအတွက် ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးနေသလို တော်လှန်ရေးမှာလည်း ဆက်လက်ပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့ (၂၉) ရက်နေ့မှာတော့ ညီညီအောင်ထက်နိုင် ကျဆုံးသွားတာ (၁၀) လတိတိပြည့်ခဲ့ပြီဖြစ်ပြီး ကိုကိုအောင်ထက်နိုင်ကလည်း ညီဖြစ်သူကို သတိရေကြောင်း အခုလိုပဲပြောလာပါတယ်။

“သေကွဲရော ရှင်ကွဲပါ ဖြစ်နေရတဲ့ ခံစားချက်တွေက တကယ်ခက်ခဲရတယ်….တစ်ခါတစ်လေ‌တော့လည်း ပြည့်ပြည့်ဝဝ အသက်ရှင်နေတယ်လို့မခံစားရဘူး…ဒီတိုင်း အလိုက်သင့်လေးနေ နေသလိုပဲ….အသက်ဆက်ရုံမဟုတ်ဘဲ အပြည့်အဝ အသက်ရှင်ချင်တယ်…. ကျန်နေသေးတဲ့ မိသားစုနဲ့ အမြန်ဆုံး ပြန်ဆုံချင်ပြီ…..ထွက်သွားတာ ၁၀လပြည့်ခဲ့ပြီ….” ဆိုပြီး ပြောလာခဲ့ပါတယ်။

ညီညီအောင်ထက်နိုင်ကတော့ လှည်းတန်းဆန္ဒပြပွဲကနေ ကျဆုံးသွားခဲ့တာ ဒီနေ့ဆိုရင် (၁၀) လတိတိပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။ ညီညီအောင်ထက်နိုင်တစ်ယောက်လည်း အခုဆိုရင် ကောင်းမွန်အေးချမ်းတဲ့ဘဝသစ်တစ်ခုမှာ ရှိနေပြီလို့ မျှော်လင့်ပါတယ်။

Source: Ko Ko’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.