ခိုင်သင်းကြည်ရဲ့သမီးလေး စံထိပ်ထားဦးအတွက် ကိုယ်တိုင်ချက်ပြုတ်ထားတဲ့ဟင်းလျာတွေ လက်ဆောင်ပို့ပေးခဲ့တဲ့ အိစိကွေး

တချိန်က ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ အိစိကွေးဟာ အခုဆိုရင် လူပျိုပေါက်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ အိစိကွေးဟာ အရွယ်ရောက်လာတဲ့အခါ သူ့ရဲ့အသက်အရွယ်နဲ့လိုက်ဖက်ညီတဲ့ ဇာတ်ကောင်နေရာတွေမှာ သရုပ်ဆောင်နေလျက်ရှိပြီး သီချင်းတွေကိုလည်း သီဆိုနေလျက်ရှိပြီပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အိစိကွေးကို ငယ်ငယ်တုန်းကအတိုင်းပဲ အချစ်မလျော့ပဲ အားပေးနေကြဆဲဖြစ်ပါတယ်။

လက်ရှိအနုပညာအလုပ်တွေရပ်နားထားချိန်မှာ Boo Doo Shuu Shel ဆိုပြီး ကိုယ်တိုင်ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေကိုရောင်းချပေးနေတဲ့ အိစိကွေးဟာ ခင်မင်ရင်းနှီးတဲ့ အနုပညာညီအစ်ကိုမောင်နှမတွေကို လက်ဆောင်ပို့ပေးနေတာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း အိစိကွေးဟာ သူကိုယ်တိုင်ချက်ထားတဲ့ ဟင်းလျာတွေကို သရုပ်ဆောင် အကယ်ဒမီခိုင်သင်းကြည်ရဲ့သမီးဖြစ်သူ ညီမလေးစံထိပ်ထားဦးဆီ လက်ဆောင်ပို့ပေးဖြစ်ခဲ့ကြောင်း ပြောလာပါတယ်။

အိစိကွေးကတော့ စေတနာမေတ္တာတွေအပြည့်နဲ့ ဟင်းလျာတွေကိုချက်ပြုတ်တာမို့ သူချက်တဲ့ဟင်းတွေက စားကောင်းမယ်ဆိုတာ ပြောဖို့တောင်လိုမယ်မထင်ပါဘူးနော်။ ပရိသတ်ကြီးလည်း အခွင့်အခါသင့်ရင် အိစိကွေးချက်တဲ့ဟင်းတွေ မြည်းစမ်းစားကြည့်ချင်မယ်ဆိုတာ သေချာပါတယ်။

Source: Eisi Kway’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Be the first to comment

Leave a Reply

Your email address will not be published.

*