အလှဆုံးဝတ်စားပြီး တရားရုံးမှာကွာရှင်းခဲ့တဲ့ အမျိုးသမီးဟာ စစ်တပ်ဘောမတစ်ယောက်ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်ကိုဖြေရှင်းလာခဲ့တဲ့ ညီမဖြစ်သူ

မနေ့က ဒီဇင်ဘာလ (၂၈) ရက်နေ့မှာတော့ မန္တလေးမြို့က အမျိုးသမီးတစ်ယောက်ဟာ အလှဆုံးဝတ်စားပြင်ဆင်ပြီး တရားရုံးမှာကွာရှင်းလက်မှတ်ထိုးခဲ့တဲ့ ဓာတ်ပုံတွေဟာ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပျံ့နှံ့လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးဟာ သီရိသုဓမ္မသိင်္ဂီဘွဲ့ရပြီး စစ်တပ်နဲ့ ဆက်နွယ်နေသူတစ်ဦးဆိုပြီး ဝေဖန်မှုတွေများပြားလာခဲ့ပြီး အဆိုကိစ္စနဲ့ပက်သတ်ပြီး ကာယကံရှင်အမျိုးသမီးရဲ့ ညီမဖြစ်သူက အခုလိုပဲဖြေရှင်းပေးလာခဲ့ပါတယ်။

“ကျွန်မအစ်မနာမည်က မသီရိချိုပါရှင်!! သီရိသုဓမ္မသိင်္ဂီ မဟုတ်ရပါဘူး။ ဘယ်ဘွဲ့မှလဲ မယူဖူးပါဘူး ဘယ်ဘောမှလဲ မမရပါဘူး! ဒီနေ့ ဝတ်စားဆင်ယင်တာကလဲ သူဘယ်လိုနေတယ် ဝတ်တတ်တယ်ဆိုတာ မန္တလေးတစ်မြို့လုံးသိပါတယ်။ အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီလုပ်တဲ့အပေါ်မှာ လူသိများပေမယ့် ခရိုနီလဲမဟုတ် ဘယ်သူနဲ့မှလဲ ပေါင်းမစားဖူးပါဘူး။ မဟုတ်တဲ့သတင်းတွေနဲ့ ယုတ်မာပြီး အောက်တန်းမကျကြပါနဲ့နော်။ အမျိုးသမီးတစ်ယောက် ဒီလိုလက်မထောင်ပီးနေနိုင်ဖို့ဆိုတာ ကိုယ်ဆိုရင်ရောဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့တွေးကြည့်ပါ။”

“ဒီခေတ်မှာ ငွေရှိတဲ့သူတိုင်းကို ဘောမဆိုပီး ရိုက်ချိုးဖျက်စီးချင်တဲ့သူတွေရဲ့ အောက်တန်းကျတဲ့စိတ်ဓါတ်ကိုလဲ အံ့ဩမိတယ်။ ဒီအချိန်မှာ ကိုယ့်ရဲ့မဟုတ်မှန်တဲ့သတင်းကြောင့် သူတပါးအသက်အိုးအိမ်ထိခိုက်နိုင်တာကိုသိရက်နဲ့ဖွရင်တော့ အရမ်းကိုလူမဆန်တဲ့လုပ်ရပ်ပါပဲ။ တိုင်းပြည် မအေးချမ်းနေတဲ့အချိန်မှာ ကျွန်မအစ်မမှာလဲ သူ့အိမ်ထောင်နဲ့ပူဆွေးသောကရောက်ခဲ့ရတာ2နှစ်နီးပါးရှိပါပြီ။ အခုမှ သူ့ဘဝ အေးချမ်းသွားလို့ ဒီလိုစိတ်ထားနိုင်တာ ဒီအခြေအနေရောက်အောင် သူဘယ်လောက်ကြိုးစားခဲ့ရလဲ ကိုယ်တွေအသိဆုံးပါ။ နောက်ပြီး ချမ်းသာတိုင်းဘောမမဟုတ်တာကို ဘယ်လိုရှင်းပြရမယ်တော့မသိပါဘူးရှင်။ ဘောမမပဲလဲ ရိုးသားစွာရှာဖွေပြီး အောင်မြင်စွာရပ်တည်နေတဲ့ အမျိုးသမီးကောင်းတွေလဲ မြန်မာပြည်မှာ အများကြီးရှိပါတယ်လို့!! (နိုင်ငံရေးတော့ထည့်မပြောတော့ဘူးရှင့် ကျမတို့အဲ့လောက် မအဘူး)”ဆိုပြီး ဖြေရှင်းပေးလာခဲ့တာပဲဖြစ်ပါတယ်။

Source: Thida Myint ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.