ပိုင်တံခွန်အတွက် ဂုဏ်ပြုတေးသီချင်းတစ်ပုဒ်ကို ထိုင်းဘာသာစကားနဲ့သီဆိုပေးခဲ့တဲ့ ထိုင်းလူမျိုးအဆိုတော် Lalita Wan Wan

ပိုင်တံခွန်လို့ဆိုလိုက်တာနဲ့ အရပ်ရှည်ရှည်၊ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းပြီး တက်တူးအပြည့် အပြုံးချိုသူကြီးတစ်ယောက်ကို မြင်ယောင်မိကြမယ်ထင်ပါတယ်။ နိုင်ငံတကာမှာလည်း အောင်မြင်မှုတွေအပြည့်ရရှိနေတဲ့ ပိုင်တံခွန်ဟာ ထိုင်းနိုင်ငံမှာတော့ သူ့ကိုချစ်ကြတဲ့ပရိသတ်တွေ အခိုင်အမာရရှိထားတာဖြစ်ပါတယ်။ Fan Meeting ပြုလုပ်ရတဲ့အထိကို ထိုင်းနိုင်ငံမှာ အောင်မြင်ခဲ့တဲ့ ပိုင်တံခွန်ဟာ (၂၀၁၉) ခုနှစ်နဲ့ (၂၀၂၀) ခုနှစ်တို့မှာ ထိုင်းနိုင်ငံနဲ့ပူးပေါင်းပြီး အနုပညာအလုပ်တွေများစွာကို ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပိုင်တံခွန်တစ်ယောက် နိုင်ငံရေးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၃) နှစ်ချမှတ်ခံခဲ့ရတဲ့သတင်းဟာ ပြည်တွင်းပြည်ပမီဒီယာတွေမှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပါတယ်။ ပိုင်တံခွန်အတွက် ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြသလို ဒီတစ်ခါမှာလည်း ထိုင်းလူမျိုးအဆိုတော် Lalita Wan Wan က “ပိုင်တံခွန်”လို့ အမည်ရတဲ့ သီချင်းလေးတစ်ပုဒ်ကို ဂုဏ်ပြုသီဆိုပေးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

ပိုင်တံခွန်ကတော့ အကျဉ်းထောင်ကိုရောက်ရှိနေတာမို့ သူ့ကိုချစ်ကြတဲ့ ပြည်တွင်းပြည်ပကပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ကိုယ်တိုင်မမြင်တွေ့နိုင်ပေမယ့် ပရိသတ်တွေရဲ့မေတ္တာကို ခံစားသိရှိနိုင်မယ်ဆိုတာ သေချာပါတယ်။

Source: Proud of Myanmar’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published.