သားသမီးရှိရက်သားနဲ့ နောက်အိမ်ထောင်ထပ်ပြုတဲ့ မိဘမျိုးကိုမုန်းတယ်ဆိုတဲ့ ပရိသတ်ရဲ့ဝေဖန်မှုကို ပြန်လည်ဖြေရှင်းခဲ့တဲ့ ချမ်းချမ်း

အဆိုတော် ချမ်းချမ်းကတော့ သီချင်းဆိုတဲ့နေရာမှာ ပါရမီထူးကဲသူတစ်ယောက်ဖြစ်ပြီး ဂီတလောကမှာလည်း အောင်မြင်တဲ့အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ချမ်းချမ်းဟာ လက်ရှိမှာတော့ ခင်ပွန်းသည်ရှိရာ နိုင်ငံရပ်ခြားမှာနေထိုင်နေပြီး သမီးငယ်လေးကို အနီးကပ်ပြုစုစောင့်ရှောက်ရင်း မြန်မာပြည်မှာကျန်ရစ်ခဲ့တဲ့သမီးလေးကိုလည်း အဝေးကနေ အကောင်းဆုံးပြုစုစောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ချမ်းချမ်းက သားသမီးရှိရက်သားနဲ့ နောက်အိမ်ထောင်ထပ်ပြုတဲ့ မိဘမျိုးကိုမုန်းတယ်ဆိုတဲ့ ပရိသတ်ရဲ့ဝေဖန်မှုကို အေးအေးဆေးဆေး နားလည်မှုရှိစွာနဲ့ ပြန်လည်ဖြေရှင်းခဲ့တာကို တွေ့ရပါတယ်။ ထိုပရိသတ်က “သား/သမီးရှိရဲ့သားနဲ့ အိမ်ထောင်ထပ်ပြုတဲ့ ဘယ်သူ့မဆိုမုန်းတယ်။ ကိုယ်တွေက လက်တွေ့ခံစားဖူးလို့ပြောတာ။ အိမ်ထောင်ထပ်မပြုပဲနေရင်ရော ဘာဖြစ်မှာမို့လို့ပဲမေးချင်တယ်။ အမေမို့လို့ပြန်ပြုံးပြ ပြန်စကားပြောပေမဲ့ ရင်ထဲမှာနာကျည်းချက်ကရှိတယ်။ ပြောရရင်တော့ အရှည်ကြီးပါ နောက်ဆုံးစကား သား/သမီးကိုချစ်တဲ့မိဘတိုင်းက. သား/မီး စိတ်ဒဏ်ရာရအောင်ဘယ်တော့မှမလုပ်ကြဘူး” ဆိုပြီးပြောလာတာဖြစ်ပါတယ်။

ထိုပရိသတ်ရဲ့ထောက်ပြချက်ကို ချမ်းချမ်းက ” ဒါဟာအကို့ဘဝ အကို့ ခံစားချက်ပါ။ သားသမီးမှာခံစားချက်ရှိသလို မိဘမှာလဲခံစားချက်ရှိပါတယ်။ ကိုယ့်ခံစားချက်ကိုပဲကြည့်ပီး အိမ်ထောင်မပြုပဲနေစေချင်တယ်ဆိုတော့ လက်တွေ့မှာ အခက်ခဲတွေနဲ့ တယောက်ထဲရသ်ဆိုက်နေရတာ မိန်းမသားတယောက်ရဲ့ဘဝကိုရော ဘယ်သူလာစာနာပေးလဲ? တဖက်တည်းမကြည့်ပါနဲ့ရှင့် ကျမကလဲလက်တွေ့ခံစားရသူပါ။ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။ လူတိုင်းဘဝကိုယ်စီပါ။ ကျမအခက်အခဲကိုလဲ အကိုလာမကူညီ ထမင်းမကျွေးသလိုကျမလဲအကို့အခက်အခဲခံစားချက်ကိုကူညီပေးလို့မရပါဘူး နားလည်ပေးလို့ရပါတယ်” ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။

ချမ်းချမ်းကတော့ အိမ်ထောင်ကွဲအမျိုးသမီးတစ်ယောက်အဖြစ် အချိန်အတော်ကြာ ခက်ခက်ခဲခဲရပ်တည်ခဲ့ပြီးနောက် သူမဘဝကို နွေးထွေးလုံခြုံစေတဲ့ ခင်ပွန်းဖြစ်သူနဲ့တွေ့တဲ့အခါ အိမ်ထောင်ထပ်မံပြုခဲ့ပြီး သမီးလေးတစ်ယောက်ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။

Soutce: Chan Chan’s fb

Add a Comment

Your email address will not be published.